
သွဂုတျ 17, 2018
By 🌸





~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဆတ်မြို့နယ် အူးဖူဒေ့ကျေးရွာတွင် (၈)ကြိမ်မြောက် အာခါရိုးရာမိရိုးဖလာစုပေါင်းဒန်းစီးပွဲတော်ဖွင့်ပွဲ ဘိုးဘေးဘီဘင်များကန်တော့ပွဲကျင်းပ
*****************
ရှမ်းပြည်နယ်(အရှေ့ပိုင်းဒေသ)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်အုပ်စု၊ အူးဖူဒေ့(ခ) ဦးအားဆော်ကျေးရွာ၌ ၂၀၁၈ခုနှစ် သြဂုတ်လ (၁၆)ရက်နေ့က (၈)ကြိမ်မြောက် အာခါရိုးရာ မိရိုးဖလာစုပေါင်းဒန်းစီးပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဘိုးဘေးဘီဘင်များ ကန်တော့ပွဲကိုလည်း ကျင်းပသည်။

အာခါရိုးရာမိရိုးဖလာ စုပေါင်းဒန်းစီးပွဲတော်ကို ဂုဏ်ပြုတေးသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခြင်းဖြစ်ပြီး ဘိုးဘေးတို့အား အောက်မေ့ဖွယ်ကိုလည်း ကျင်းပခြင်းဖြစ်သည်။

(၈)ကြိမ်မြောက် အာခါရိုးရာဒန်းစီးပွဲအား သြဂုတ်လ(၁၄)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်ပြီး ဒေသအသီးသီးရှိ အာခါတိုင်းရင်းသားများအပြင် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်မှ တာဝန်ရှိသူများလည်း တက်ရောက်လာကြသည်ကို တွေ့ရသည်။

အူးဖူးဒေ့(ခ)ဦးအားဆော်ကျေးရွာတွင် အာခါရိုးရာဒန်းစီးပွဲအား ၂၀၁၁ ခုနှစ်က စ၍ နှစ်စဉ် ကျင်းပပြုလုပ်လာခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ခုနှစ်တွင် (၈)ကြိမ်မြောက်ကျင်းပခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ #ဇောင်းညီ၊ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~