ထိုင္းျပည္ဝင္ခြင့္ဗီဇာအတုျဖင့္ ဝင္ေရာက္သည့္ ျမန္မာလုပ္သားမ်ားေတြ႔ပါက အေရးမယူဘဲ ျမန္မာသို႔ လႊဲေျပာင္းေပးရန္ မယ္ဆုိင္ႏွင့္ တာခ်ီလိတ္ လဝကဌာနခ်င္း ညိႇႏိႈင္းသေဘာတူထား

ထိုင္းျပည္ဝင္ခြင့္ဗီဇာအတုျဖင့္ ဝင္ေရာက္သည့္ ျမန္မာလုပ္သားမ်ားေတြ႔ပါက အေရးမယူဘဲ ျမန္မာသို႔ လႊဲေျပာင္းေပးရန္ မယ္ဆုိင္ႏွင့္ တာခ်ီလိတ္ လဝကဌာနခ်င္း ညိႇႏိႈင္းသေဘာတူထား
သြဂုတ် 13, 2018
By Tachileik News Agency

ထုိင္းႏုိင္ငံသို႔ ျပည္ဝင္ခြင့္ဗီဇာအတုျဖင့္ ဝင္ေရာက္လာသည့္ ျမန္မာလုပ္သားမ်ားအား တာခ်ီလိတ္ - မယ္ဆုိင္ နယ္စပ္ဂိတ္တြင္ စစ္ေဆးေတြ႔ရိွပါက ဖမ္းဆီးအေရးယူျခင္း မျပဳဘဲ ျမန္မာႏုိင္ငံသို႔ ျပန္လည္ လႊဲေျပာင္းေပးရန္ ႏွစ္ႏုိင္ငံ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနခ်င္း ညိႇႏိႈင္းသေဘာတူထားေၾကာင္း သိရသည္။

“ပတ္စ္ပို႔ အတုနဲ႔ ဖမ္းမိတယ္ဆိုတဲ့ သတင္းေၾကာင့္ ဟိုဘက္ကမ္း(မယ္ဆုိင္)က ခရိုင္လဝကနဲ႔ ညိႇႏိႈင္းထားပါတယ္။ သူတုိ႔ဆီကို ဝင္လာတဲ့သူေတြက အလုပ္လုပ္တဲ့သူေတြ၊ မသိနားမလည္တဲ့ သူေတြျဖစ္တယ္။ ပြဲစားက ပိုက္ဆံယူၿပီးလုပ္တာ။ ဒီအလုပ္သမားေတြမွာ ပိုက္ဆံလည္းကုန္တယ္၊ ဖမ္းၿပီးအေရးယူခံရမယ္ဆုိရင္လည္း သူ႔ဘဝ တအားနစ္နာတယ္။ သူတုိ႔က အတုလုပ္တာမဟုတ္ပါဘူး။ ဒီလိုမ်ိဳးေတြ႔ရင္ ကၽြန္ေတာ္တုိ႔ကို ျပန္လႊဲေပးပါ။ အေရးမယူပါနဲ႔ဆုိၿပီးေတာ့ ညိႇႏိႈင္းေတာ့ အဆင္ေျပတယ္။ သေဘာတူၾကပါတယ္။ ဒီလုိအတုလုပ္တာမွာ ျမန္မာႏုိင္ငံသားေတြ ပါရင္လည္း ျမန္မာဘက္ကလည္း ကူညီဖမ္းဆီးေပးပါမယ္လို႔လည္း သေဘာတူထားပါတယ္”ဟု အလုပ္သမားလူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန ခရုိင္ဦးစီးဌာနမွဴး ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထုိင္းႏုိင္ငံတြင္ အလုပ္ လုပ္ကိုင္ရန္သြားေရာက္မည့္ ျမန္မာလုပ္သားအခ်ိဳ႕သည္ ပြဲစားမ်ားမွတစ္ဆင့္ ဗီဇာေလွ်ာက္ထားၾကျခင္းျဖစ္ရာ အခ်ိဳ႕ေသာပြဲစားမ်ားက ဗီဇာအတုမ်ားျပဳလုပ္ေပးျခင္းျဖစ္သျဖင့္ ျမန္မာလုပ္သားအခ်ိဳ႕မွာ ထုိင္းႏုိင္ငံတြင္း ဗီဇာအတုကိုင္ေဆာင္မႈျဖင့္ ဖမ္းဆီးခံရကာ ေထာင္ဒဏ္ အျပစ္ေပးခံရမႈမ်ား ရိွေနျခင္းျဖစ္ေၾကာင္း သိရသည္။

နယ္စပ္ဂိတ္မ်ားမွ တစ္ဆင့္ ဗီဇာျဖင့္ ဝင္ေရာက္မည့္ ျမန္မာႏုိင္ငံသားမ်ားအား ထုိင္းနုိင္ငံ လူဝင္မႈႀကီးၾကပ္ေရးမွ ဗီဇာမွန္ကန္မႈ ရိွ/မရိွ စစ္ေဆးၿပီး ဗီဇာအတုျဖစ္ေနပါက ျမန္မာႏုိင္ငံသို႔ ျပန္လႊတ္ေပးေရး ညိႇႏိႈင္းေဆာင္ရြက္ေပးရန္ ျမန္မာသံရံုး ဗန္ေကာက္ၿမိဳ႕က အေၾကာင္းၾကားလာသျဖင့္ ယင္းကဲ့သို႔ ႏွစ္ႏုိင္ငံ ဌာနအခ်င္းခ်င္း ညိႇႏိႈင္းမႈမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကိစၥႏွင့္ပတ္သက္၍ ႏုိင္ငံျခားေရးဝန္ႀကီးဌာနအေနျဖင့္ ရန္ကုန္ၿမိဳ႕ရိွ ထုိင္းသံရံုးႏွင့္ ဆက္သြယ္ ညိႇႏိႈင္းသြားမည္ျဖစ္ေၾကာင္း သိရၿပီး ထုိင္းသံရံုးတြင္ ဗီဇာေလွ်ာက္ထားသူမ်ားအား ဗီဇာအတု ျပဳလုပ္ေပးသည္ဟု သံသယရိွသူကိုလည္း စစ္ေဆးရန္ႏွင့္ ထိုင္းျပည္ဝင္ဗီဇာအတုျပဳလုပ္၍ အလုပ္သမား ေစလႊတ္ေနသည့္ ေအဂ်င္စီမ်ားကိုလည္း အေရးယူႏုိင္ရန္ စိစစ္မႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံအတြင္း ဗီဇာအတု ကိုင္ေဆာင္သည့္ ျမန္မာႏုိင္ငံသား(၃)ဦးကို ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ(၁၉)ရက္ေန႔က ဖမ္းဆီးရမိရာ ၎တို႔သည္ ဗီဇာပြဲစားအား တစ္ဦးလွ်င္ ဘတ္(၈၅၀၀)ေပး၍ လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~


ထိုင်းနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာအတုဖြင့် ဝင်ရောက်လာသည့် မြန်မာလုပ်သားများအား တာချီလိတ် - မယ်ဆိုင် နယ်စပ်ဂိတ်တွင် စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးအရေးယူခြင်း မပြုဘဲ မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးရန် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနချင်း ညှိနှိုင်းသဘောတူထားကြောင်း သိရသည်။

“ပတ်စ်ပို့ အတုနဲ့ ဖမ်းမိတယ်ဆိုတဲ့ သတင်းကြောင့် ဟိုဘက်ကမ်း(မယ်ဆိုင်)က ခရိုင်လဝကနဲ့ ညှိနှိုင်းထားပါတယ်။ သူတို့ဆီကို ဝင်လာတဲ့သူတွေက အလုပ်လုပ်တဲ့သူတွေ၊ မသိနားမလည်တဲ့ သူတွဖြေစ်တယ်။ ပွဲစားက ပိုက်ဆံယူပြီးလုပ်တာ။ ဒီအလုပ်သမားတွေမှာ ပိုက်ဆံလည်းကုန်တယ်၊ ဖမ်းပြီးအရေးယူခံရမယ်ဆိုရင်လည်း သူ့ဘဝ တအားနစ်နာတယ်။ သူတို့က အတုလုပ်တာမဟုတ်ပါဘူး။ ဒီလိုမျိုးတွေ့ရင် ကျွန်တော်တို့ကို ပြန်လွှဲပေးပါ။ အရေးမယူပါနဲ့ဆိုပြီးတော့ ညှိနှိုင်းတော့ အဆင်ပြေတယ်။ သဘောတူကြပါတယ်။ ဒီလိုအတုလုပ်တာမှာ မြန်မာနိုင်ငံသားတွေ ပါရင်လည်း မြန်မာဘက်ကလည်း ကူညီဖမ်းဆီးပေးပါမယ်လို့လည်း သဘောတူထားပါတယ်”ဟု အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်ရန်သွားရောက်မည့် မြန်မာလုပ်သားအချို့သည် ပွဲစားများမှတစ်ဆင့် ဗီဇာလျှောက်ထားကြခြင်းဖြစ်ရာ အချို့သောပွဲစားများက ဗီဇာအတုများပြုလုပ်ပေးခြင်းဖြစ်သဖြင့် မြန်မာလုပ်သားအချို့မှာ ထိုင်းနိုင်ငံတွင်း ဗီဇာအတုကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံရကာ ထောင်ဒဏ် အပြစ်ပေးခံရမှုများ ရှိနခြေင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်ဂိတ်များမှ တစ်ဆင့် ဗီဇာဖြင့် ဝင်ရောက်မည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးမှ ဗီဇာမှန်ကန်မှု ရှိ/မရှိ စစ်ဆေးပြီး ဗီဇာအတုဖြစ်နေပါက မြန်မာနိုင်ငံသို့ ပြန်လွှတ်ပေးရေး ညှိနှိုင်းဆောင်ရွက်ပေးရန် မြန်မာသံရုံး ဗန်ကောက်မြို့က အကြောင်းကြားလာသဖြင့် ယင်းကဲ့သို့ နှစ်နိုင်ငံ ဌာနအချင်းချင်း ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနအနဖြေင့် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးနှင့် ဆက်သွယ် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရပြီး ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားသူများအား ဗီဇာအတု ပြုလုပ်ပေးသည်ဟု သံသယရှိသူကိုလည်း စစ်ဆေးရန်နှင့် ထိုင်းပြည်ဝင်ဗီဇာအတုပြုလုပ်၍ အလုပ်သမား စေလွှတ်နေသည့် အေဂျင်စီများကိုလည်း အရေးယူနိုင်ရန် စိစစ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ဗီဇာအတု ကိုင်ဆောင်သည့် မြန်မာနိုင်ငံသား(၃)ဦးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့က ဖမ်းဆီးရမိရာ၎င်းတို့သည် ဗီဇာပွဲစားအား တစ်ဦးလျှင် ဘတ်(၈၅၀၀)ပေး၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~