က်ဳိင္းတံုၿမိဳ႕ ေညာင္ညိဳရြာလမ္းေပၚတြင္ ဓါးကိုင္ကာ ေအာ္ဆဲေနသည့္ အမ်ဳိးသားတစ္ဦးအား လက္နက္မႈျဖင့္ အမႈဖြင့္ အေရးယူထား

က်ဳိင္းတံုၿမိဳ႕ ေညာင္ညိဳရြာလမ္းေပၚတြင္ ဓါးကိုင္ကာ ေအာ္ဆဲေနသည့္ အမ်ဳိးသားတစ္ဦးအား လက္နက္မႈျဖင့္ အမႈဖြင့္ အေရးယူထား
သြဂုတ် 21, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၊ မုိင္းဇင္းေက်းရြာအုပ္စု၊ ေညာင္ညိဳရြာတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂၁)ရက္ေန႔ နံနက္ (၇)နာရီခြဲဝန္းက်င္က အရက္မူးၿပီး ဓါးကိုင္ရမ္းကားေနသူတစ္ဦးကို လက္နက္ပုဒ္မ ၁၉(င)ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ေညာင္ညိဳရြာလမ္းေပၚတြင္  ဓါးရွည္တစ္လက္ကိုင္ကာ အရက္ေသစာ ေသာက္စား မူးယစ္း ေအာ္ဆဲကာ ဆူပူရမ္းကားေနသည့္ အသက္(၅၂)ႏွစ္အရြယ္ အားစို႔ဆိုသူအား က်ိဳင္းတံုၿမိဳ႕မရဲတပ္ဖြဲ႕႔ႏွင့္သက္ေသမ်ား ပါဝင္သည့္ အဖြဲ႕က နယ္ေျမ လွည့္ကင္း ေဆာင္ရြက္စဥ္ ေတြ႔ရသျဖင့္ ထိန္းသိမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အားစို႔အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၃၂၂/၂၀၁၈၊ လက္နက္ပုဒ္မ ၁၉(င)အရ အမႈဖြင့္ထားေၾကာင္း သိရသည္။

လက္နက္ပုဒ္မ ၁၉(င)မွာ အျမင့္ဆံုးျပစ္ဒဏ္ (၃)ႏွစ္ႏွင့္ ေငြဒဏ္အထိ ျပစ္ဒဏ္ခ်မွတ္ႏုိင္ေၾကာင္း သိရၿပီး က်ိဳင္းတံုၿမိဳ႕တြင္ အရက္မူးၿပီး လက္နက္ကိုင္ရမ္းကားမႈေၾကာင့္ လက္နက္ပုဒ္မျဖင့္ အမႈဖြင့္ခံရမႈ မၾကာခဏ ျဖစ္ပြားေလ့ရိွသည္ကို ေတြ႔ရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ညောင်ညိုရွာတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၁)ရက်နေ့ နံနက် (၇)နာရီခွဲဝန်းကျင်က အရက်မူးပြီး ဓားကိုင်ရမ်းကားနေသူတစ်ဦးကို လက်နက်ပုဒ်မ ၁၉(င)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ညောင်ညိုရွာလမ်းပေါ်တွင် ဓားရှည်တစ်လက်ကိုင်ကာ အရက်သေစာ သောက်စား မူးယစ်း အော်ဆဲကာ ဆူပူရမ်းကားနေသည့် အသက်(၅၂)နှစ်အရွယ် အားစို့ဆိုသူအား ကျိုင်းတုံမြို့မရဲတပ်ဖွဲ့နှင့်သက်သေများ ပါဝင်သည့် အဖွဲ့က နယ်မြေ လှည့်ကင်း ဆောင်ရွက်စဉ် တွေ့ရသဖြင့် ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အားစို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၃၂၂/၂၀၁၈၊ လက်နက်ပုဒ်မ ၁၉(င)အရ အမှုဖွင့်ထားကြောင်း သိရသည်။

လက်နက်ပုဒ်မ ၁၉(င)မှာ အမြင့်ဆုံးပြစ်ဒဏ် (၃)နှစ်နှင့် ငွေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း သိရပြီး ကျိုင်းတုံမြို့တွင် အရက်မူးပြီး လက်နက်ကိုင်ရမ်းကားမှုကြောင့် လက်နက်ပုဒ်မဖြင့် အမှုဖွင့်ခံရမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်ကို တွေ့ရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~