လာအိုႏုိင္ငံတြင္ ထိန္းသိမ္းခံရသည့္ တရားမဝင္ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားအနက္ (၄၀)ဦး ၀မ္ပံုဆိပ္ကမ္းမွ တဆင့္ ေနရပ္ျပန္

လာအိုႏုိင္ငံတြင္ ထိန္းသိမ္းခံရသည့္ တရားမဝင္ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားအနက္ (၄၀)ဦး ၀မ္ပံုဆိပ္ကမ္းမွ တဆင့္ ေနရပ္ျပန္
သြဂုတ် 29, 2018
By Tachileik News Agency

ျမန္မာႏိုင္ငံႏွင့္နယ္စပ္ လာအိုႏုိင္ငံ ေရႊႀတိဂံေဒသတြင္ ထိန္းသိမ္းခံရသည့္ တရားမဝင္ျမန္မာေရႊ႕ေျပာင္း လုပ္သား(၄၀)ဦး ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းဖုန္း(က) ေက်းရြာအုပ္စုရိွ ဝမ္ပံုဆိပ္ကမ္းမွေန၍ ႏွစ္ရက္တာအတြင္း ျပန္လည္ ဝင္ေရာက္လာေၾကာင္း သိရသည္။

“မေန႔က အဖမ္းခံရတဲ့အထဲက ဒဏ္ေငြေဆာင္ၿပီး ျပန္လြတ္လာတဲ့ အမ်ိဳးသား (၄)ေယာက္ ျပန္ဝင္လာတယ္။ အဖမ္းေတာ့မခံရဘူး။ အဖမ္းအဆီးရိွလို႔ဆိုၿပီး ျပန္လာတာက (၁၆)ေယာက္ရိွတယ္။ အမ်ိဳးသား(၁၂)ေယာက္နဲ႔ အမ်ိဳးသမီး(၄)ေယာက္ပါတယ္။ ဒီေန႔ ျပန္လာတာက စုစုေပါင္း (၃၆)ေယာက္။ အမ်ိဳးသား(၃၃)ေယာက္နဲ႔ အမ်ိဳးသမီး(၃)ေယာက္ပါတယ္”ဟု လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနမွ ဝမ္ပံုဆိပ္ကမ္း အဖြဲ႕ငယ္ေခါင္းေဆာင္ လဝကမွဴး ဦးသန္းႏုိင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လာအိုႏုိင္ငံ ေရႊႀတိဂံေဒသတြင္း ျမန္မာလုပ္သားမ်ားေနထုိင္ရာေနရာတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂၈)ရက္ေန႔ နံနက္(၃)နာရီဝန္းက်င္က လာအိုရဲတပ္ဖြဲ႕ကဝင္ေရာက္ဖမ္းဆီးရာ ျမန္မာလုပ္သား (၆၀၀)နီးပါး ထိန္းသိမ္းခံရၿပီး ယင္းတုိ႔အနက္ တရားမဝင္ေနထိုင္သူမ်ားကို တစ္ဦးလွ်င္ ဘတ္(၃၀၀၀) ဒဏ္ေၾကး ေပးေဆာင္ေစၿပီး ျပန္လႊတ္ေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ဖမ္းၿပီးစစ္ေဆးတာေတာ့ ေကာင္းေကာင္းမြန္မြန္ပါပဲ။ တစ္ရက္ကို ထမင္း(၂)ထုပ္ေကၽြးတယ္။ အသားေတြ ဘာေတြလည္း ပါပါတယ္။ ရိုက္တာေတြ ဘာေတြေတာ့ မရိွပါဘူး။ ကဒ္မရိွတဲ့သူေတြ ဖမ္းတာေပါ့ေနာ္။ ပိုက္ဆံရိွတဲ့ သူေတြကေတာ့ မေန႔ကပဲ ဘတ္(၃၀၀၀)ေပးၿပီး ေရြးသြားၾကတယ္။ ကၽြန္ေတာ္တုိ႔လို ပိုက္ဆံမေပးႏုိင္တဲ့သူေတြကေတာ့ တစ္ေန႔နဲ႔ တစ္ည အခ်ဳပ္ထဲအိပ္ခဲ့ရတာေပါ့။ ကၽြန္ေတာ္တုိ႔ ပစၥည္းေတြကေတာ့ ရဲေတြက သိမ္းလိုက္တယ္။ တစ္ခ်ိဳ႕ဆို ဓါတ္ပံုမရိုက္ရဆိုတဲ့ေနရာမွာရိုက္လို႔ ဖုန္းေတြပါ အသိမ္းခံရတယ္။ တစ္ခ်ိဳ႕ေတြကေတာ့ ဖုန္းျပန္ရတယ္”ဟု လာအိုတြင္ ဖမ္းဆီးခံရၿပီး ျပန္လာသည့္ ကိုလမင္းကိုကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

လာအိုႏုိင္ငံ ေရႊႀတိဂံေဒသတြင္ အလုပ္လုပ္ကိုင္သည့္ ျမန္မာလုပ္သားမ်ားသည္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရိွ မဲေခါင္ျမစ္ေၾကာင္း အျပည္ျပည္ဆုိင္ရာ ျပည္တြင္းဆိပ္ကမ္း (ဝမ္ပံု)မွေန၍ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ျဖင့္ သြားေရာက္ၾကၿပီး လာအိုႏုိင္ငံတြင္း အလုပ္ရွင္၏ ေထာက္ခံခ်က္ျဖင့္ သံုးလေနထိုင္ အလုပ္ လုပ္ကိုင္ခြင့္ကဒ္ကို ဘတ္(၁၅၀၀)ႏွင့္ ေျခာက္လေနထိုင္ အလုပ္လုပ္ခြင့္ကဒ္ ဘတ္(၃၀၀၀)ျဖင့္ လာအိုတာဝန္ရိွသူမ်ားက ခြင့္ျပဳေပးေနရာမွ လြန္ခဲ့သည့္ ေလးလမွစ၍ ေျခာက္လ ေနထိုင္ခြင့္ကဒ္တစ္မ်ိဳးသာ ထုတ္ေပးေတာ့ေၾကာင္း သိရသည္။

“အလုပ္ လုပ္ခ်င္တယ္ဆိုရင္ေတာ့ ကဒ္လုပ္ၿပီးေတာ့ ျပန္လာလုပ္ေပါ့။ ဒါေပမဲ့ ကၽြန္ေတာ္ေတာ့ မသြားခ်င္ေတာ့ဘူး။ အလုပ္က သြားတုိင္း လည္းမရဘူး။ ခဏေနအံုး၊ ႏွစ္ရက္ေနဦးနဲ႔ အလုပ္ လုိက္ေလွ်ာက္ရတယ္။ ဟိုမွာလည္း အလုပ္မလုပ္ရတဲ့သူေတြ အမ်ားႀကီးရိွတယ္။ ဒီလိုလူေတြပဲ။  ကၽြန္ေတာ္ဆို ဟိုဘက္သြားတဲ့ ႏွစ္လနီးပါးမွာ (၁၀)ရက္ေလာက္ အလုပ္လုပ္ခဲ့ရတာ။ ဝက္ခံုမွာ အလုပ္ လုပ္တာ။ တစ္လ ဘတ္(၁၀,၀၀၀)ေပးမယ္ဆိုၿပီးေတာ့ လုပ္တာ။ ဝက္ခံုက ပိတ္သြားတယ္။ အလုပ္ မရိွေတာ့ဘူး”ဟု လာအိုတြင္ ဖမ္းဆီးခံရၿပီးေနာက္ ျပန္လာသည့္ ကိုသံဒိုးက ေျပာသည္။

ဝမ္ပံုဆိပ္ကမ္းသို႔ ၾသဂုတ္လ(၂၈)ရက္ေန႔က ျပန္ေရာက္လာသည့္ ေနရပ္ျပန္ ျမန္မာလုပ္သားစုစုေပါင္း (၂၀)ဦးႏွင့္ ၾသဂုတ္လ(၂၉)ရက္ေန႔တြင္ ျပန္ေရာက္လာသည့္ ျမန္မာလုပ္သားစုစုေပါင္း (၃၆)ဦးတို႔ကို လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာန ဝမ္ပံုဆိပ္ကမ္းအဖြဲ႕ငယ္ေခါင္းေဆာင္ လဝကမွဴး ဦးသိန္းႏုိင္ႏွင့္အဖြဲ႕၊ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁)တာခ်ီလိတ္မွ တပ္ဖဲြ႕စိတ္မွဴး ရဲမွဴး ရင္ရင္ေအးႏွင့္အဖြဲ႕၊ ဝမ္ပံုဆိပ္ကမ္းလံုၿခံဳေရးရဲတပ္ဖြဲ႕တုိ႔မွ စိစစ္လက္ခံၿပီး ျမန္မာလုပ္သားမ်ား ေနရပ္ျပန္ႏုိင္ေရး အတြက္ သက္ဆုိင္ရာဌာနမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေပးထားေၾကာင္း သိရသည္။

“သူတုိ႔အားလံုးကို ကားနဲ႔ တာခ်ီလိတ္ထိေခၚလာေပးထားတယ္။ ေနရပ္ျပန္ဖို႔လည္း စီစဥ္ေပးထားပါတယ္”ဟု လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁)တာခ်ီလိတ္မွ တပ္ဖဲြ႕စိတ္မွဴး ရဲမွဴး ရင္ရင္ေအးက ေျပာသည္။

ျမန္မာႏုိင္ငံႏွင့္ နယ္စပ္ ေရႊႀတိဂံေဒသတြင္း လာအိုႏုိင္ငံတြင္ ကာစီႏို၊ စားေသာက္ဆုိင္၊ ေစ်းဆုိင္ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား၌ အနိမ့္ဆံုးလစာ တစ္လလွ်င္ က်ပ္(၂)သိန္းဝန္းက်င္မွ အျမင့္ဆံုး က်ပ္(၅)သိန္းဝန္းက်င္ျဖင့္ ျမန္မာလုပ္သားမ်ား ဝင္ေရာက္လုပ္ကိုင္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ဝမ္ပံုဆိပ္ကမ္းမွေန၍ လာအိုႏုိင္ငံသို႔ (၆)ညအိပ္ (၇)ရက္ခြင့္ျပဳသည့္ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ျဖင့္ သြားေရာက္သည့္ ျမန္မာႏုိင္ငံသားဦးေရမွာ တစ္လလွ်င္ (၆၀၀) ေက်ာ္ရိွေနေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~


မြန်မာနိုင်ငံနှင့်နယ်စပ် လာအိုနိုင်ငံ ရွှတြေိဂံဒေသတွင် ထိန်းသိမ်းခံရသည့် တရားမဝင်မြန်မာရွှေ့ပြောင်း လုပ်သား(၄၀)ဦး ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စုရှိ ဝမ်ပုံဆိပ်ကမ်းမှနေ၍ နှစ်ရက်တာအတွင်း ပြန်လည် ဝင်ရောက်လာကြောင်း သိရသည်။

“မနေ့က အဖမ်းခံရတဲ့အထဲက ဒဏ်ငွေဆောင်ပြီး ပြန်လွတ်လာတဲ့ အမျိုးသား (၄)ယောက် ပြန်ဝင်လာတယ်။ အဖမ်းတော့မခံရဘူး။ အဖမ်းအဆီးရှိလို့ဆိုပြီး ပြန်လာတာက (၁၆)ယောက်ရှိတယ်။ အမျိုးသား(၁၂)ယောက်နဲ့ အမျိုးသမီး(၄)ယောက်ပါတယ်။ ဒီနေ့ ပြန်လာတာက စုစုပေါင်း (၃၆)ယောက်။ အမျိုးသား(၃၃)ယောက်နဲ့ အမျိုးသမီး(၃)ယောက်ပါတယ်”ဟု လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဝမ်ပုံဆိပ်ကမ်း အဖွဲ့ငယ်ခေါင်းဆောင် လဝကမှူး ဦးသန်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လာအိုနိုင်ငံ ရွှတြေိဂံဒေသတွင်း မြန်မာလုပ်သားများနေထိုင်ရာနေရာတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၈)ရက်နေ့ နံနက်(၃)နာရီဝန်းကျင်က လာအိုရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးရာ မြန်မာလုပ်သား (၆၀၀)နီးပါး ထိန်းသိမ်းခံရပြီး ယင်းတို့အနက် တရားမဝင်နေထိုင်သူများကို တစ်ဦးလျှင် ဘတ်(၃၀၀၀) ဒဏ်ကြေး ပေးဆောင်စပြေီး ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဖမ်းပြီးစစ်ဆေးတာတော့ ကောင်းကောင်းမွန်မွန်ပါပဲ။ တစ်ရက်ကို ထမင်း(၂)ထုပ်ကျွေးတယ်။ အသားတွေ ဘာတွေလည်း ပါပါတယ်။ ရိုက်တာတွေ ဘာတွေတော့ မရှိပါဘူး။ ကဒ်မရှိတဲ့သူတွေ ဖမ်းတာပေါ့နော်။ ပိုက်ဆံရှိတဲ့ သူတွေကတော့ မနေ့ကပဲ ဘတ်(၃၀၀၀)ပေးပြီး ရွေးသွားကြတယ်။ ကျွန်တော်တို့လို ပိုက်ဆံမပေးနိုင်တဲ့သူတွေကတော့ တစ်နေ့နဲ့ တစ်ည အချုပ်ထဲအိပ်ခဲ့ရတာပေါ့။ ကျွန်တော်တို့ ပစ္စည်းတွေကတော့ ရဲတွေက သိမ်းလိုက်တယ်။ တစ်ချို့ဆို ဓာတ်ပုံမရိုက်ရဆိုတဲ့နေရာမှာရိုက်လို့ ဖုန်းတွေပါ အသိမ်းခံရတယ်။ တစ်ချို့တွေကတော့ ဖုန်းပြန်ရတယ်”ဟု လာအိုတွင် ဖမ်းဆီးခံရပြီး ပြန်လာသည့် ကိုလမင်းကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

လာအိုနိုင်ငံ ရွှတြေိဂံဒေသတွင် အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သားများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ မဲခေါင်မြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပြည်တွင်းဆိပ်ကမ်း (ဝမ်ပုံ)မှနေ၍ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် သွားရောက်ကြပြီး လာအိုနိုင်ငံတွင်း အလုပ်ရှင်၏ ထောက်ခံချက်ဖြင့် သုံးလနေထိုင် အလုပ် လုပ်ကိုင်ခွင့်ကဒ်ကို ဘတ်(၁၅၀၀)နှင့် ခြောက်လနေထိုင် အလုပ်လုပ်ခွင့်ကဒ် ဘတ်(၃၀၀၀)ဖြင့် လာအိုတာဝန်ရှိသူများက ခွင့်ပြုပေးနေရာမှ လွန်ခဲ့သည့် လေးလမှစ၍ ခြောက်လ နေထိုင်ခွင့်ကဒ်တစ်မျိုးသာ ထုတ်ပေးတော့ကြောင်း သိရသည်။

“အလုပ် လုပ်ချင်တယ်ဆိုရင်တော့ ကဒ်လုပ်ပြီးတော့ ပြန်လာလုပ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တော့ မသွားချင်တော့ဘူး။ အလုပ်က သွားတိုင်း လည်းမရဘူး။ ခဏနေအုံး၊ နှစ်ရက်နေဦးနဲ့ အလုပ် လိုက်လျှောက်ရတယ်။ ဟိုမှာလည်း အလုပ်မလုပ်ရတဲ့သူတွေ အများကြီးရှိတယ်။ ဒီလိုလူတွေပဲ။ ကျွန်တော်ဆို ဟိုဘက်သွားတဲ့ နှစ်လနီးပါးမှာ (၁၀)ရက်လောက် အလုပ်လုပ်ခဲ့ရတာ။ ဝက်ခုံမှာ အလုပ် လုပ်တာ။ တစ်လ ဘတ်(၁၀,ဝဝဝ)ပေးမယ်ဆိုပြီးတော့ လုပ်တာ။ ဝက်ခုံက ပိတ်သွားတယ်။ အလုပ် မရှိတော့ဘူး”ဟု လာအိုတွင် ဖမ်းဆီးခံရပြီးနောက် ပြန်လာသည့် ကိုသံဒိုးက ပြောသည်။

ဝမ်ပုံဆိပ်ကမ်းသို့ သြဂုတ်လ(၂၈)ရက်နေ့က ပြန်ရောက်လာသည့် နေရပ်ပြန် မြန်မာလုပ်သားစုစုပေါင်း (၂၀)ဦးနှင့် သြဂုတ်လ(၂၉)ရက်နေ့တွင် ပြန်ရောက်လာသည့် မြန်မာလုပ်သားစုစုပေါင်း (၃၆)ဦးတို့ကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဝမ်ပုံဆိပ်ကမ်းအဖွဲ့ငယ်ခေါင်းဆောင် လဝကမှူး ဦးသိန်းနိုင်နှင့်အဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူး ရင်ရင်အေးနှင့်အဖွဲ့၊ ဝမ်ပုံဆိပ်ကမ်းလုံခြုံရေးရဲတပ်ဖွဲ့တို့မှ စိစစ်လက်ခံပြီး မြန်မာလုပ်သားများ နေရပ်ပြန်နိုင်ရေး အတွက် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

“သူတို့အားလုံးကို ကားနဲ့ တာချီလိတ်ထိခေါ်လာပေးထားတယ်။ နေရပ်ပြန်ဖို့လည်း စီစဉ်ပေးထားပါတယ်”ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူး ရင်ရင်အေးက ပြောသည်။

မြန်မာနိုင်ငံနှင့် နယ်စပ် ရွှတြေိဂံဒေသတွင်း လာအိုနိုင်ငံတွင် ကာစီနို၊ စားသောက်ဆိုင်၊ ဈေးဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ၌ အနိမ့်ဆုံးလစာ တစ်လလျှင် ကျပ်(၂)သိန်းဝန်းကျင်မှ အမြင့်ဆုံး ကျပ်(၅)သိန်းဝန်းကျင်ဖြင့် မြန်မာလုပ်သားများ ဝင်ရောက်လုပ်ကိုင်နကြခြေင်းဖြစ်ကြောင်း သိရသည်။

ဝမ်ပုံဆိပ်ကမ်းမှနေ၍ လာအိုနိုင်ငံသို့ (၆)ညအိပ် (၇)ရက်ခွင့်ပြုသည့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် သွားရောက်သည့် မြန်မာနိုင်ငံသားဦးရေမှာ တစ်လလျှင် (၆၀၀) ကျော်ရှိနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~