လာအိုနိုင်ငံ ရွှေတြိဂံဒေသတွင် မြန်မာလုပ်သား (၆၀၀)နီးပါး ရှောင်တခင်စစ်ဆေးမှုအတွင်း ဖမ်းဆီးခံထားရ
လာအိုနိုင်ငံ ရွှေတြိဂံဒေသတွင် မြန်မာလုပ်သား (၆၀၀)နီးပါး ရှောင်တခင်စစ်ဆေးမှုအတွင်း ဖမ်းဆီးခံထားရ
သွဂုတျ 28, 2018
By Tachileik News Agency
မြန်မာနိုင်ငံနှင့်နယ်စပ် လာအိုနိုင်ငံ ရွှေတြိဂံဒေသအတွင်း အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား (၆၀၀)နီးပါးမှာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၈)ရက်နေ့ နံနက်အစောပိုင်းက လာအိုနိုင်ငံရဲတပ်ဖွဲ့၏ ရှောင်တခင် စစ်ဆေးမှုအတွင်း ဖမ်းဆီးခံထားရသဖြင့် လာအိုနိုင်ငံတွင်း အများဆုံးဖမ်းဆီးမှုဖြစ်ကြောင်း သိရသည်။
ယခင်ကလည်း လာအိုနိုင်ငံ ရွှေတြိဂံဒေသအတွင်း တရားမဝင် နေထိုင်၊ အလုပ် လုပ်ကိုင်သူများကို ဖမ်းဆီးမှု ရှိသော်လည်း ယခုတစ်ကြိမ်လောက် အများအပြား ဖမ်းဆီးခံရမှုမရှိကြောင်း သိရသည်။
လာအိုနိုင်ငံ ရွှေတြိဂံဒေသတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် အတွင်းရှိ မဲခေါင်မြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပြည်တွင်းဆိပ်ကမ်း (ဝမ်ပုံ)မှနေ၍ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို သုံးလနေထိုင်အလုပ်လုပ်ကိုင်ခွင့်ကဒ်နှင့် အလုပ်ရှင်၏ ထောက်ခံချက်ဖြင့် ခြောက်လနေထိုင် အလုပ်လုပ်ခွင့်ကဒ်ကို လာအိုတာဝန်ရှိသူများက ခွင့်ပြုပေးနေရာမှ လွန်ခဲ့သည့် လေးလမှစ၍ အလုပ်ရှင် ထောက်ခံချက်ရှိသူများကိုသာ ခြောက်လ နေထိုင်ခွင့်ကဒ် တစ်မျိုးသာ ထုတ်ပေးတော့ကြောင်း သိရသည်။
ဝမ်ပုံဆိပ်ကမ်းမှနေ၍ လာအိုနိုင်ငံ လုံတိုင်းထားပြည်နယ် ကီလိုမီတာ(၃၀)ခန့်အထိ (၆)ညအိပ် (၇)ရက်ခွင့်ပြုထားသည့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ဝင်ရောက်သွားသည့် မြန်မာနိုင်ငံသားများသည် နေထိုင် အလုပ် လုပ်ကိုင်ခွင့် လက်မှတ်အတွက် ထောက်ခံပေးမည့် အလုပ်ရှင် မရှိသူများမှာ တရားမဝင် လုပ်သားများ ဖြစ်နေကြကြောင်း သိရသည်။
လာအိုနိုင်ငံ ရွှေတြိဂံဒေသရှိ ကာစီနိုတွင် ဝိတ်တာ၊ ဖဲဝေသူ၊ ပန်းရံ၊ စားသောက်ဆိုင် အကူစသည့် လုပ်ငန်းများ၌ မြန်မာလုပ်သား ခန့်မှန်းခြေ (၅၀,၀၀၀)နီးပါး လုပ်ကိုင်နေကြပြီး လုပ်ခလစာ မြန်မာငွေကျပ်(၂)သိန်းခွဲမှ (၅)သိန်းဝန်းကျင်ရရှိကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာနိုင်ငံနှင့်နယ်စပ် လာအိုနိုင်ငံ ရွှတြေိဂံဒေသအတွင်း အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား (၆၀၀)နီးပါးမှာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၈)ရက်နေ့ နံနက်အစောပိုင်းက လာအိုနိုင်ငံရဲတပ်ဖွဲ့၏ ရှောင်တခင် စစ်ဆေးမှုအတွင်း ဖမ်းဆီးခံထားရသဖြင့် လာအိုနိုင်ငံတွင်း အများဆုံးဖမ်းဆီးမှုဖြစ်ကြောင်း သိရသည်။
ညနေပိုင်း အချိန်ထိ ဖမ်းဆီးခံထားရသူများကို ဆူးထောင်အတွင်းထားရှိပြီး တစ်ဦးလျှင် ဘတ်(၃,ဝဝဝ) ပေးဆောင်ပါက ပြန်လွှတ်ပေးနေသည်ဟု သြဂုတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံဘက်ခြမ်း ဝမ်ပုံဆိပ်ကမ်းတွင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် လာရောက် လုပ်ဆောင်သည့် လာအိုရောက် မြန်မာရွှေ့ပြောင်းလုပ်သား အချို့ထံမှ သိရသည်။
“သူက ရှောင်တခင် ဝင်စစ်တာမှာ အရင်ရောက်ဖူးတဲ့သူတွေက ရွာအဟောင်းမှာနေတာ။ သူတို့ကကျတော့ သိတော့ မပြေးကြဘူး။ ကိုယ့်အိမ်ကိုယ် နကြေတယ်။ နောက်မှ နေတဲ့သူတွေနေတဲ့ ရွာအသစ်ရှိတယ်။ အဲဒီက လူတွေကတော့ မသိတော့ ပြေးကြတာပေါ့။ လယ်ကွင်းတွေဘက် ထွက်ပြေးကြတော့ အဲဒီပြေးတဲ့ သူတွေကို ဖမ်းတာ။ အိမ်တွေကို ဝင်မရှာကြဘူး။ အဲဒီအဖမ်းခံရတဲ့သူတွေကို ထမင်းလည်း မကျွေးဘူး။ ထမင်းပို့တဲ့သူတွေပြောတာကတော့ လူတော်တော်များတယ် ပြောတယ်၊ လူဦးရေ (၆၀၀)လောက်ရှိတယ်။ တောင်ခြေမှာ ချုပ်ထားတာ”ဟု လာအိုနိုင်ငံ ရွှတြေိဂံဒေသ ရခိုင်ရွာတွင် ဆယ်နှစ်ခန့် အလုပ် လုပ်ကိုင်နေသည့် ကိုဝင်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယခင်ကလည်း လာအိုနိုင်ငံ ရွှတြေိဂံဒေသအတွင်း တရားမဝင် နေထိုင်၊ အလုပ် လုပ်ကိုင်သူများကို ဖမ်းဆီးမှု ရှိသော်လည်း ယခုတစ်ကြိမ်လောက် အများအပြား ဖမ်းဆီးခံရမှုမရှိကြောင်း သိရသည်။
လာအိုနိုင်ငံ ရွှတြေိဂံဒေသတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် အတွင်းရှိ မဲခေါင်မြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပြည်တွင်းဆိပ်ကမ်း (ဝမ်ပုံ)မှနေ၍ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို သုံးလနေထိုင်အလုပ်လုပ်ကိုင်ခွင့်ကဒ်နှင့် အလုပ်ရှင်၏ ထောက်ခံချက်ဖြင့် ခြောက်လနေထိုင် အလုပ်လုပ်ခွင့်ကဒ်ကို လာအိုတာဝန်ရှိသူများက ခွင့်ပြုပေးနေရာမှ လွန်ခဲ့သည့် လေးလမှစ၍ အလုပ်ရှင် ထောက်ခံချက်ရှိသူများကိုသာ ခြောက်လ နေထိုင်ခွင့်ကဒ် တစ်မျိုးသာ ထုတ်ပေးတော့ကြောင်း သိရသည်။
"ကျွန်တော်တို့ မြန်မာနိုင်ငံကနေ ဟိုဘက်ကို အလုပ် သွားလုပ်တာတွေရှိတယ်။ ကျွန်တော်တို့ ထုတ်ပေးတာကတော့ အလုပ် လုပ်ခွင့် လက်မှတ်တော့ မဟုတ်ဘူး။ သူတို့က ဒီဘက်ကနေ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် လုပ်သွားတယ်။ ဟိုဘက်မှာ အလုပ်ရှင်နဲ့ ချိတ်ဆက်ပြီးတော့ နေခွင့်၊ အလုပ် လုပ်ခွင့် စာရွက်တို့ကို အခကြေးငွေနဲ့ပေးပြီး လုပ်ပြီးတော့ အလုပ် လုပ်ကြတယ်။ အဲဒီလို အလုပ် လုပ်ရာမှာ ဒီဘက်ကို ဈေးဝယ်ဖို့တို့ ဘာတို့ ပြန်လာကြတာတွေလည်း ရှိတယ်။ ဒီလိုပြန်လာရာမှာ မိုင်းမောဆိပ်ကမ်း( ဘန်းမွန်း)ပေါ့ အဲဒီဆိပ်ကမ်း လူဝင်မှုကြီးကြပ်ရေးကနေ မြန်မာလုပ်သားတွေရဲ့ နေထိုင်ခွင့်စာအုပ်တို့၊ အလုပ်လုပ်ခွင့်စာအုပ်တို့ကို သိမ်းထားတယ်။ သူတို့ပြန်ဝင်ရင် ပြန်မပေးတဲ့အတွက် ဟိုဘက်မှာ တစ်ခါ စာအုပ်ပြန်လုပ်ရတယ်။ ဒါတွဖြေစ်လာတော့ ကျွန်တော့်ဟိုဘက်က သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ သွားတွေ့ပြီး စေ့စပ် ဆွေးနွေးတင်ပြပါဆိုလို့ သွားညှိနှိုင်းခဲ့ရဖူးတယ်။ အဓိကကတော့ ကျွန်တော်တို့ဆီကနေ အလုပ်လုပ်ခွင့်ဗီဇာနဲ့ သွားအလုပ်လုပ်ကြတာမဟုတ်တော့ အဆမတန် ငွေကြေးတောင်းတာတွေတော့ ရှိနေတဲ့ အတွက် ဒီမြပြေင် အခြေအနေတွေကို လေ့လာပြီး (၄)ကြိမ်လောက် အဆင့် ဆင့် သက်ဆိုင်ရာကို တင်ပြထားတာရှိပါတယ်” ဟု လာအိုနိုင်ငံတွင် မြန်မာလုပ်သားများအရေး သွားရောက်ဆွေးနွေးခဲ့ဖူးသည့် ယခင် တာချီလိတ်ခရိုင် လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းက ပြောသည်။
ဝမ်ပုံဆိပ်ကမ်းမှနေ၍ လာအိုနိုင်ငံ လုံတိုင်းထားပြည်နယ် ကီလိုမီတာ(၃၀)ခန့်အထိ (၆)ညအိပ် (၇)ရက်ခွင့်ပြုထားသည့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ဝင်ရောက်သွားသည့် မြန်မာနိုင်ငံသားများသည် နေထို်င် အလုပ် လုပ်ကိုင်ခွင့် လက်မှတ်အတွက် ထောက်ခံပေးမည့် အလုပ်ရှင် မရှိသူများမှာ တရားမဝင် လုပ်သားများ ဖြစ်နကြေကြောင်း သိရသည်။
“အရင်ကလည်း ကျွန်တော်တို့ မြန်မာတွေ နေတဲ့ဘက်ကို မြန်မာသံအမတ်ကြီးရော တာဝန်ရှိတဲ့ သူတွေလည်း လာပါတယ်။ သူတို့ ဘုန်းကြီးကျောင်းမှာ အစည်းအဝေး ခေါ်တယ်။ အဲဒီတုန်းကတည်းက ကျွန်တော်တို့က တင်ပြတယ်။ နေထို်င်ခွင့် သက်တမ်းကုန်တိုင်း အလုပ်ရှင်ရဲ့အာမခံတောင်းတာကို မလုပ်ဖို့တောင်းပေမဲ့ မရဘူး။ မြန်မာသံအမတ်ကတော့ ဗီဇာလုပ်ဖို့ တိုက်တွန်းပေမဲ့ ဒီဘက်လမ်းကြောင်းက ဗီဇာနဲ့တရားဝင် ဝင်လို့မရဘူး။ ထိုင်းကလှည့်ဝင်ရတယ်။ အခုက ဘယ်လောက်ဆိုးလဲဆိုတော့ ကျွန်းဈေးမှာ ဗီဇာမရှိရင် ဈေးမရောင်းရတော့ဘူး။ မကြာသေးဘူး။ လေးလလောက်ရှိသေးတာ အဲဒီလိုဖြစ်နေတာ”ဟု လာအိုတွင် အလုပ်လုပ်နေသည့် ကိုဝင်းစိုးက ပြောသည်။
လာအိုနိုင်ငံ ရွှတြေိဂံဒေသရှိ ကာစီနိုတွင် ဝိတ်တာ၊ ဖဲဝေသူ၊ ပန်းရံ၊ စားသောက်ဆိုင် အကူစသည့် လုပ်ငန်းများ၌ မြန်မာလုပ်သား ခန့်မှန်းခြေ (၅၀,ဝဝဝ)နီးပါး လုပ်ကိုင်နကြပြေီး လုပ်ခလစာ မြန်မာငွေကျပ်(၂)သိန်းခွဲမှ (၅)သိန်းဝန်းကျင်ရရှိကြောင်း သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~