က်ဳိင္းတံုၿမိဳ႕တြင္ မိုးသည္းထန္စြာ ရြာသြန္းၿပီး ေရလႊမ္းမႈေၾကာင့္ စည္ပင္၏ ေရေပးေ၀ေရး (၃)ရက္ခန္႔ ျဖတ္ေတာက္ထားမည္

က်ဳိင္းတံုၿမိဳ႕တြင္ မိုးသည္းထန္စြာ ရြာသြန္းၿပီး ေရလႊမ္းမႈေၾကာင့္ စည္ပင္၏ ေရေပးေ၀ေရး (၃)ရက္ခန္႔ ျဖတ္ေတာက္ထားမည္
သြဂုတ် 13, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁၁)ရက္ေန႔က မုိးသည္းထန္ၿပီး ေရလႊမ္းမိုးမႈေၾကာင့္ ၿမိဳ႕ေရေပးေဝေရး၏ ေရကန္၊ ေရပိုက္မ်ား ျပန္လည္ျပဳျပင္ရမည္ျဖစ္သျဖင့္ ၿမိဳ႕ေရေပးေဝေရးကို ၾသဂုတ္လ(၁၃)ရက္ေန႔မွစ၍ (၃)ရက္ခန္႔ ျဖတ္ေတာက္ထားမည္ျဖစ္ေၾကာင္း သိရသည္။

“တစ္ၿမိဳ႕လံုး ျဖတ္ထားရမွာပါ။ အၾကမ္းဖ်ဥ္းအားျဖင့္ေတာ့ (၃)ရက္လို႔ေတာ့ ခန္႔မွန္းထားတယ္။ ျမန္ခ်င္လည္း ျမန္သြားမွာပါ။ မိုးလည္းမရြာဘူး၊ ထပ္လည္း မဝင္ဘူးဆိုရင္ေတာ့ (၃)ရက္ေလာက္ ၾကာမယ္ေပါ့။ မိုးေတြ ထပ္ရြာလုိ႔ ထပ္ဝင္ရင္ေတာ့ ထပ္ၾကာဦးမယ္”ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရိွ ဦးမ်ိဳးျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေရလႊမ္းမိုးမႈေၾကာင့္ က်ိဳင္းတံုၿမိဳ႕ (၈)မိုင္ေရေပးေရးစခန္း တံတားျဖဴေခ်ာင္းမွ ယာယီေရသြယ္ယူထားေသာ ေရပိုက္မ်ား က်ိဳးက်ပ်က္စီးျခင္း၊ Intake ကန္၊ ေရသြယ္ေျမာင္း၊ အနည္ထိုင္ကန္၊ အႀကိဳ ေရစစ္ကန္မ်ားအတြင္းသို႔ သဲ၊ႏုန္းမ်ား ၀င္ေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပ်က္စီးသြားသည့္ ေရပိုက္လိုင္းမ်ား ျပန္လည္သြယ္တန္းျခင္း၊ ေရယူေျမာင္း၊ အနည္ထိုင္ကန္ႏွင့္ အႀကိဳေရစစ္ကန္အတြင္းရွိ သဲ၊ႏုန္းမ်ား ျပန္လည္ဆယ္ယူျခင္း၊ ေရကန္မ်ားေဆးေၾကာျခင္းလုပ္ငန္းမ်ားကို ၾသဂုတ္လ(၁၃)ရက္ေန႔တြင္ ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၁)ရက်နေ့က မိုးသည်းထန်ပြီး ရေလွှမ်းမိုးမှုကြောင့် မြို့ရေပေးဝေရေး၏ ရေကန်၊ ရေပိုက်များ ပြန်လည်ပြုပြင်ရမည်ဖြစ်သဖြင့် မြို့ရေပေးဝေရေးကို သြဂုတ်လ(၁၃)ရက်နေ့မှစ၍ (၃)ရက်ခန့် ဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။

“တစ်မြို့လုံး ဖြတ်ထားရမှာပါ။ အကြမ်းဖျဉ်းအားဖြင့်တော့ (၃)ရက်လို့တော့ ခန့်မှန်းထားတယ်။ မြန်ချင်လည်း မြန်သွားမှာပါ။ မိုးလည်းမရွာဘူး၊ ထပ်လည်း မဝင်ဘူးဆိုရင်တော့ (၃)ရက်လောက် ကြာမယ်ပေါ့။ မိုးတွေ ထပ်ရွာလို့ ထပ်ဝင်ရင်တော့ ထပ်ကြာဦးမယ်”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုကြောင့် ကျိုင်းတုံမြို့ (၈)မိုင်ရေပေးရေးစခန်း တံတားဖြူချောင်းမှ ယာယီရေသွယ်ယူထားသော ရေပိုက်များ ကျိုးကျပျက်စီးခြင်း၊ Intake ကန်၊ ရေသွယ်မြောင်း၊ အနည်ထိုင်ကန်၊ အကြို ရေစစ်ကန်များအတွင်းသို့ သဲ၊နုန်းများ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျက်စီးသွားသည့် ရေပိုက်လိုင်းများ ပြန်လည်သွယ်တန်းခြင်း၊ ရေယူမြောင်း၊ အနည်ထိုင်ကန်နှင့် အကြိုရေစစ်ကန်အတွင်းရှိ သဲ၊နုန်းများ ပြန်လည်ဆယ်ယူခြင်း၊ ရေကန်များဆေးကြောခြင်းလုပ်ငန်းများကို သြဂုတ်လ(၁၃)ရက်နေ့တွင် ဆောင်ရွက်နပြေီဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~