ဓာတ္စာ၊ ျဖည့္စြက္စာမ်ား၏ ေၾကာ္ျငာမ်ားကို FDA တင္ျပၿပီးမွ အသံုးျပဳရမည္

ဓာတ္စာ၊ ျဖည့္စြက္စာမ်ား၏ ေၾကာ္ျငာမ်ားကို FDA တင္ျပၿပီးမွ အသံုးျပဳရမည္
သြဂုတ် 19, 2018
By 🌸
ဓာတ္စာ၊ ျဖည့္စြက္စာမ်ား၏ေၾကာ္ျငာမ်ားကို အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA)မွ စိစစ္ခြင့္ျပဳခ်က္တင္ျပရယူၿပီး ခြင့္ျပဳထားသည့္ ေၾကာ္ျငာကိုသာ အသုံးျပဳရန္ႏွင့္ လိုက္နာျခင္းမရွိပါက တည္ဆဲဥပေဒမ်ားအရ အေရးယူမည္ျဖစ္ေၾကာင္း FDA က အသိေပးေၾကညာထားသည္။

လက္ကမ္းစာေစာင္၊ လူမႈကြန္ရက္အမ်ိဳးမ်ိဳးအပါအဝင္ နည္းလမ္းမ်ိဳးစံုျဖင့္ အသံုးျပဳသည့္ေၾကျငာမ်ားကို FDA ကိုတင္ျပၿပီး စိစစ္ခြင့္ျပဳခ်က္လိုအပ္ျခင္းျဖစ္ၿပီး အဆိုပါကုန္ပစၥည္းမ်ား တင္သြင္းခြင့္အတြက္ သြင္းကုန္လိုင္စင္ ေလွ်ာက္ထားရန္ FDA က စိစစ္ထုတ္ေပးသည့္ ေထာက္ခံခ်က္ (Import Recommendation) သည္ သြင္းကုန္လိုင္စင္ေလွ်ာက္ထားနိုင္ရန္အတြက္သာ ထုတ္ေပးျခင္းျဖစ္၍ အဆိုပါ ကုန္ပစၥည္းမ်ားအတြက္ ထုတ္ေပးထားသကဲ့သို႔ ထင္ေယာင္ထင္မွား အသံုးျပဳခြင့္မရိွေၾကာင္းကိုလည္း တားျမစ္ထားသည္။

“သြင္းကုန္လုိင္စင္ေလွ်ာက္ထားဖို႔အတြက္ကို ေထာက္ခံပါတယ္ဆိုတာ ေထာက္ခံခ်က္ (Import Recommendation) ေပးလုိက္တာက သူတုိ႔ကို (ကုန္ပစၥည္းတင္သြင္းသူ) register လုပ္ထားတဲ့အေနနဲ႔သာ ေပးထားတာျဖစ္ၿပီး သြင္းကုန္က်န္းမာေရးေထာက္ခံခ်က္ (Import Health Certificate) ကသာလွ်င္ အစားအေသာက္အရည္အေသြးအတြက္ ေထာက္ခံတာျဖစ္ပါတယ္”ဟု ရွမ္းျပည္နယ္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန၊ အစားအေသာက္ဌာနခြဲ ဒုႀကီးၾကပ္ေရးမွဴး ဦးစည္သူစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္ပမွ အစားအေသာက္၊ျဖည့္စြက္စာစသည္တို႔ကို တင္သြင္းခြင့္ သြင္းကုန္လုိင္စင္ေလွ်ာက္ထားရာတြင္ FDA က စစ္ေဆးၿပီးထုတ္ေပးလိုက္သည့္ ေထာက္ခံခ်က္ (IR)မွာ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၌ သြင္းကုန္လုိင္စင္ ေလွ်ာက္ထားျခင္းအတြက္သာျဖစ္ၿပီး တင္သြင္းလာသည့္ပစၥည္းမ်ားကို တင္သြင္းသည့္အႀကိမ္တုိင္း ထပ္မံအစစ္ေဆးခံကာ FDA ေထာက္ခံခ်က္ရယူရန္လိုအပ္ေၾကာင္း သိရသည္။

“ကုန္ပစၥည္းတစ္ခုကို ျမန္မာျပည္တြင္း တင္သြင္းေတာ့မယ္ဆိုရင္ ကနဦးအေနနဲ႔ စီးပြားကူးသန္းကေန သြင္းကုန္လုိင္စင္ေလွ်ာက္ရတယ္။ အဲဒီလိုေလွ်ာက္ဖို႔အတြက္ကို သူတုိ႔တင္သြင္းတဲ့အစားအေသာက္က ေဘးအႏၱရာယ္ကင္းရွင္းတယ္ဆိုတာ ေထာက္ခံခ်က္ေပးလုိက္တာ။ အဲဒီေထာက္ခံခ်က္ရၿပီးသြားရင္ ဥပမာ ယိုးဒယားကေန ဂ်ယ္လီနဲ႔ အခ်ိဳရည္တင္သြင္းမယ္ဆိုပါစို႔။ သြင္းကုန္လိုင္စင္ေလွ်ာက္ထားျခင္းအတြက္ ေထာက္ခံခ်က္(IR) ကို အရင္ေလွ်ာက္ရတယ္။ တင္သြင္းခြင့္လုိင္စင္ကို IR နဲ႔တြဲတင္ရတယ္။ ၿပီးသြားရင္ တင္သြင္းလာတဲ့ကုန္ပစၥည္းေတြအတြက္ သြင္းကုန္က်န္းမာေရးေထာက္ခံခ်က္ (Import Health Certificate -IHC) ဆိုတာ ထပ္ယူရတယ္။ သြင္းကုန္က်န္းမာေရးေထာက္ခံခ်က္က သူတုိ႔အေနနဲ႔ တင္သြင္းရတဲ့ပစၥည္းကို ကားတစ္စီးစာ သယ္လာတယ္ဆို အဲဒီတစ္စီးစာကိုပဲ IHC ေပးတာ။ ေနာက္တစ္ခါတင္သြင္းခ်င္ရင္ ေနာက္ထပ္ ထပ္ေလွ်ာက္ရတယ္။ ေလွ်ာက္ထားခ်ိန္ ပ်မ္းမွ်တစ္လၾကာပါတယ္”ဟု ရွမ္းျပည္နယ္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန၊ အစားအေသာက္ဌာနခြဲ ဒုႀကီးၾကပ္ေရးမွဴး ဦးစည္သူစိုးက ေျပာသည္။

တင္သြင္းခြင့္ေထာက္ခံခ်က္(IR) ထုတ္ေပးျခင္းသည္ ရည္ၫႊန္းကုန္ပစၥည္း၏ ေဘးအႏၲရာယ္ကင္းရွင္းမႈႏွင့္ အာနိသင္ထိေရာက္မႈကို အလုံးစုံ အာမခံေပးျခင္းမဟုတ္သျဖင့္ ယင္းသို႔ ထင္မွတ္ေစေသာ ေရးသားခ်က္၊ ေဖာ္ျပခ်က္မ်ားႏွင့္ ျဖည့္စြက္စာ၊ျဖည့္စြက္အဟာရမ်ားသည္ က်န္းမာေရးအေထာက္အကူျပဳ အစားအေသာက္မ်ားသာ ျဖစ္သည့္အတြက္ ေရာဂါအေျခအေနတစ္စုံတစ္ရာကို ကုသ၊ ေပ်ာက္ကင္း၊ သက္သာေစနိုင္သည္ဟု ၫႊန္းဆိုေဖာ္ျပ ေၾကာ္ျငာေရာင္းခ်ျခင္းမ်ားကိုလည္း FDA က တားျမစ္လုိက္သည္။
Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
ဓာတ်စာ၊ ဖြည့်စွက်စာများ၏ ကြော်ငြာများကို FDA တင်ပြပြီးမှ အသုံးပြုရမည်
*************
ဓာတ်စာ၊ ဖြည့်စွက်စာများ၏ကြော်ငြာများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စိစစ်ခွင့်ပြုချက်တင်ပြရယူပြီး ခွင့်ပြုထားသည့် ကြော်ငြာကိုသာ အသုံးပြုရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူမည်ဖြစ်ကြောင်း FDA က အသိပေးကြေညာထားသည်။

လက်ကမ်းစာစောင်၊ လူမှုကွန်ရက်အမျိုးမျိုးအပါအဝင် နည်းလမ်းမျိုးစုံဖြင့် အသုံးပြုသည့်ကြေငြာများကို FDA ကိုတင်ပြပြီး စိစစ်ခွင့်ပြုချက်လိုအပ်ခြင်းဖြစ်ပြီး အဆိုပါကုန်ပစ္စည်းများ တင်သွင်းခွင့်အတွက် သွင်းကုန်လိုင်စင် လျှောက်ထားရန် FDA က စိစစ်ထုတ်ပေးသည့် ထောက်ခံချက် (Import Recommendation) သည် သွင်းကုန်လိုင်စင်လျှောက်ထားနိုင်ရန်အတွက်သာ ထုတ်ပေးခြင်းဖြစ်၍ အဆိုပါ ကုန်ပစ္စည်းများအတွက် ထုတ်ပေးထားသကဲ့သို့ ထင်ယောင်ထင်မှား အသုံးပြုခွင့်မရှိကြောင်းကိုလည်း တားမြစ်ထားသည်။

“သွင်းကုန်လိုင်စင်လျှောက်ထားဖို့အတွက်ကို ထောက်ခံပါတယ်ဆိုတာ ထောက်ခံချက် (Import Recommendation) ပေးလိုက်တာက သူတို့ကို (ကုန်ပစ္စည်းတင်သွင်းသူ) register လုပ်ထားတဲ့အနေနဲ့သာ ပေးထားတာဖြစ်ပြီး သွင်းကုန်ကျန်းမာရေးထောက်ခံချက် (Import Health Certificate) ကသာလျှင် အစားအသောက်အရည်အသွေးအတွက် ထောက်ခံတာဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစားအသောက်ဌာနခွဲ ဒုကြီးကြပ်ရေးမှူး ဦးစည်သူစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်ပမှ အစားအသောက်၊ဖြည့်စွက်စာစသည်တို့ကို တင်သွင်းခွင့် သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် FDA က စစ်ဆေးပြီးထုတ်ပေးလိုက်သည့် ထောက်ခံချက် (IR)မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ သွင်းကုန်လိုင်စင် လျှောက်ထားခြင်းအတွက်သာဖြစ်ပြီး တင်သွင်းလာသည့်ပစ္စည်းများကို တင်သွင်းသည့်အကြိမ်တိုင်း ထပ်မံအစစ်ဆေးခံကာ FDA ထောက်ခံချက်ရယူရန်လိုအပ်ကြောင်း သိရသည်။
“ကုန်ပစ္စည်းတစ်ခုကို မြန်မာပြည်တွင်း တင်သွင်းတော့မယ်ဆိုရင် ကနဦးအနေနဲ့ စီးပွားကူးသန်းကနေ သွင်းကုန်လိုင်စင်လျှောက်ရတယ်။ အဲဒီလိုလျှောက်ဖို့အတွက်ကို သူတို့တင်သွင်းတဲ့အစားအသောက်က ဘေးအန္တရာယ်ကင်းရှင်းတယ်ဆိုတာ ထောက်ခံချက်ပေးလိုက်တာ။ အဲဒီထောက်ခံချက်ရပြီးသွားရင် ဥပမာ ယိုးဒယားကနေ ဂျယ်လီနဲ့ အချိုရည်တင်သွင်းမယ်ဆိုပါစို့။ သွင်းကုန်လိုင်စင်လျှောက်ထားခြင်းအတွက် ထောက်ခံချက်(IR) ကို အရင်လျှောက်ရတယ်။ တင်သွင်းခွင့်လိုင်စင်ကို IR နဲ့တွဲတင်ရတယ်။ ပြီးသွားရင် တင်သွင်းလာတဲ့ကုန်ပစ္စည်းတွေအတွက် သွင်းကုန်ကျန်းမာရေးထောက်ခံချက် (Import Health Certificate -IHC) ဆိုတာ ထပ်ယူရတယ်။ သွင်းကုန်ကျန်းမာရေးထောက်ခံချက်က သူတို့အနေနဲ့ တင်သွင်းရတဲ့ပစ္စည်းကို ကားတစ်စီးစာ သယ်လာတယ်ဆို အဲဒီတစ်စီးစာကိုပဲ IHC ပေးတာ။ နောက်တစ်ခါတင်သွင်းချင်ရင် နောက်ထပ် ထပ်လျှောက်ရတယ်။ လျှောက်ထားချိန် ပျမ်းမျှတစ်လကြာပါတယ်”ဟု ရှမ်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစားအသောက်ဌာနခွဲ ဒုကြီးကြပ်ရေးမှူး ဦးစည်သူစိုးက ပြောသည်။

တင်သွင်းခွင့်ထောက်ခံချက်(IR) ထုတ်ပေးခြင်းသည် ရည်ညွှန်းကုန်ပစ္စည်း၏ ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် အာနိသင်ထိရောက်မှုကို အလုံးစုံ အာမခံပေးခြင်းမဟုတ်သဖြင့် ယင်းသို့ ထင်မှတ်စေသော ရေးသားချက်၊ ဖော်ပြချက်များနှင့် ဖြည့်စွက်စာ၊ဖြည့်စွက်အဟာရများသည် ကျန်းမာရေးအထောက်အကူပြု အစားအသောက်များသာ ဖြစ်သည့်အတွက် ရောဂါအခြေအနေတစ်စုံတစ်ရာကို ကုသ၊ ပျောက်ကင်း၊ သက်သာစေနိုင်သည်ဟု ညွှန်းဆိုဖော်ပြ ကြော်ငြာရောင်းချခြင်းများကိုလည်း FDA က တားမြစ်လိုက်သည်။
Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~