ဘက်တီးရီးယားပိုးတွေ့သည့် Dumex Mamil Gold အမှတ်တံဆိပ် Infant Formula Step 1 နို့မှုန့်များ မကွေးဈေးကွက်တွင် မတွေ့ရ
ဘက်တီးရီးယားပိုးတွေ့သည့် Dumex Mamil Gold အမှတ်တံဆိပ် Infant Formula Step 1 နို့မှုန့်များ မကွေးဈေးကွက်တွင် မတွေ့ရ
သွဂုတျ 31, 2018
By Tachileik News Agency
Cronobacter Sakazakii ဘက်တီးရီးယားပိုး တွေ့သဖြင့် စင်္ကာပူနိုင်ငံတွင် ဈေးကွက်မှ ပြန်သိမ်းနေသည့် Dumex Mamil Gold အမှတ်တံဆိပ် Infant Formula Step 1 နို့မှုန့်များ မကွေးမြို့ပေါ်ဈေးကွက်တွင် ရောင်းချနေခြင်း မရှိကြောင်း ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့တွင် သက်ဆိုင်ရာ ဌာနများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးပြီးနောက် ထုတ်ပြန်လိုက်သည်။
ပြည်သူများအနေဖြင့်လည်း အဆိုပါနို့မှုန့်များ ဈေးကွက်အတွင်းတွေ့ရှိပါက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ နေပြည်တော် ဖုန်း- ၀၆၇၃-၄၀၃၀၅၀ နှင့် ၀၆၇၃- ၄၀၃၆၀၉ တို့သို့ လည်းကောင်း၊ မကွေးတိုင်းအတွင်း တွေ့ရှိပါက FDA မကွေးတိုင်းတာဝန်ခံ ဒေါက်တာပြည့်ထူး ဖုန်း- ၀၉၉၇၈၈၇၇၁၁၁ သို့ လည်းကောင်း ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်း သိရသည်။
သတင်း/ဓါတ်ပုံ - ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
Cronobacter Sakazakii ဘက်တီးရီးယားပိုး တွေ့သဖြင့် စင်္ကာပူနိုင်ငံတွင် ဈေးကွက်မှ ပြန်သိမ်းနေသည့် Dumex Mamil Gold အမှတ်တံဆိပ် Infant Formula Step 1 နို့မှုန့်များ မကွေးမြို့ပေါ်ဈေးကွက်တွင် ရောင်းချနခြေင်း မရှိကြောင်း ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့တွင် သက်ဆိုင်ရာ ဌာနများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးပြီးနောက် ထုတ်ပြန်လိုက်သည်။
၂၀၁၉ ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် Dumex Mamil Gold အမှတ်တံဆိပ် Infant Formula Step 1 (850 g) အမျိုးအစား Batch No- 09117R1 နို့မှုန့်များတွင် ဘက်တီးရီးယားပိုးပါဝင်သည်ကို တွေ့ရသဖြင့် စင်္ကာပူတွင် ဈေးကွက်မှ ပြန်သိမ်းခိုင်းခြင်းဖြစ်သည်။
"နပြေည်တော် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့ ဈေးကွက်ထဲမှာ Dumex Mamil Gold အမှတ်တံဆိပ် Infant Formula Step 1 ထုပ်ပိုးအရွယ်အစား (850 g) အမျိုးအစား Batch No- 09117R1 (Expired Date- 11 September 2019) နို့မှုန့်တွေမှာ အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးတွေ့လို့ ကျွန်တော်တို့ဆီက ဈေးကွက်တွေမှာတင်ပြီးတော့ ရောင်းချနေတာ တွေ့ရှိရင် ပြန်သိမ်းနိုင်အောင်လို့ လိုက်လံစစ်ဆေးနေတာပါ။ ခုချိန်ထိတော့ ဈေးကွက်တွေမှာ မတွေ့ ရှိသေးပါဘူး"ဟု မကွေးတိုင်းဒေသကြီး FDA တာဝန်ခံ ဒေါက်တာပြည့်ထူးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းအတွင်းရှိ ဈေးဆိုင်များသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း FDA မှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူများအနဖြေင့်လည်း အဆိုပါနို့မှုန့်များ ဈေးကွက်အတွင်းတွေ့ရှိပါက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ နပြေည်တော် ဖုန်း- ဝ၆၇၃-၄၀၃၀၅၀ နှင့် ဝ၆၇၃- ၄၀၃၆၀၉ တို့သို့ လည်းကောင်း၊ မကွေးတိုင်းအတွင်း တွေ့ရှိပါက FDA မကွေးတိုင်းတာဝန်ခံ ဒေါက်တာပြည့်ထူး ဖုန်း- ဝ၉၉၇၈၈၇၇၁၁၁ သို့ လည်းကောင်း ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~