ဓါတ်တိုင်ပေါ်တက်၍ စက်ပစ္စည်းတပ်ဆင်သူ အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံးမှု ကျိုင်းတုံတွင် ဖြစ်ပွား

ဓါတ်တိုင်ပေါ်တက်၍ စက်ပစ္စည်းတပ်ဆင်သူ အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံးမှု ကျိုင်းတုံတွင် ဖြစ်ပွား
သွဂုတျ 12, 2018
By Tachileik News Agency



ပြုတ်ကျသေဆုံးသူ ကိုဂျူး အပါအဝင် အလုပ်သမားများသည် သြဂုတ်လ(၁၁)ရက်နေ့ နံနက်(၈)နာရီ အချိန်တွင် လုံးပတ်(၈)လက်မခန့်နှင့် အမြင့် (၂၄)ပေခန့်ရှိသည့် ဓါတ်တိုင်များ၌ DB Box  များ တပ်ဆင်ရန် ဓါတ်တိုင် တစ်တိုင်လျှင် တစ်ဦးနှုန်းဖြင့် အလုပ် လုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်သမားများမှာ ဓါတ်တိုင်တက် သံဖိနပ်များ အသုံးပြုထားသော်လည်း လုံခြုံရေးကြိုး တပ်ဆင်ခြင်း မရှိကြောင်း သိရပြီး ပြုတ်ကျသွားသူ ကိုဂျူး၏ ဓါတ်တိုင်တက်သံဖိနပ်အား စစ်ဆေးရာ ဖိနပ်၏ ခြေဖမိုးပတ်သည့် သားရေကြိုးပြတ်နေသည်ကို တွေ့ရကြောင်း သိရသည်။

ပြုတ်ကျရသည့် အကြောင်းရင်းကို သိရှိရန် အလောင်းအား ပြည်သူ့ဆေးရုံတွင် စစ်ဆေးနေပြီး ကျိုင်းတုံမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၃၅/၂၀၁၈)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ဓါတ်ပုံ - ရဲတပ်ဖွဲ့



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ယန်းလောကျေးရွာအုပ်စု၊ ဝေါ်ခုတ်မြို့သစ်ရပ်ကွက်ရှိ ဓာတ်တိုင်များတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၁)ရက်နေ့က DB Box တပ်နေသည့် အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံးသွားသဖြင့် ပြုတ်ကျရသည့် အကြောင်းရင်းကို စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ အလုပ်သမားပြုတ်ကျခဲ့သည့် နေရာသို့ ကျိုင်းတုံမြို့မစခန်းမှူး ဒုရဲမှူး သန်းထွန်းအောင်၊ တာဝန်မှူး ဒုရဲအုပ်အောင်ဆန်းဝင်း၊ ယန်းလောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ဦး၊ ဝေါ်ခုတ်ကွက်သစ်ရာ အိမ်မှူး ဦးသန်းလှိုင်၊ မြို့နယ်လျှပ်စစ်ရုံး လက်ထောက်အင်ဂျင်နီယာ ဦးအာကာထက်ပိုင်ဆွေတို့ ပါဝင်သည့်အဖွဲ့က သွားရောက်စစ်ဆေးရာ လျှပ်စစ်မီးကြိုးများတွင် ဓာတ်အားလွှတ်ထားခြင်းမရှိကြောင်းနှင့် ထရန်စဖော်မာတွင်လည်း မိန်းဖြုတ်ထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ပြုတ်ကျသေဆုံးသူ ကိုဂျူး အပါအဝင် အလုပ်သမားများသည် သြဂုတ်လ(၁၁)ရက်နေ့ နံနက်(၈)နာရီ အချိန်တွင် လုံးပတ်(၈)လက်မခန့်နှင့် အမြင့် (၂၄)ပေခန့်ရှိသည့် ဓာတ်တိုင်များ၌ DB Box များ တပ်ဆင်ရန် ဓာတ်တိုင် တစ်တိုင်လျှင် တစ်ဦးနှုန်းဖြင့် အလုပ် လုပ်နကြခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်သမားများမှာ ဓာတ်တိုင်တက် သံဖိနပ်များ အသုံးပြုထားသော်လည်း လုံခြုံရေးကြိုး တပ်ဆင်ခြင်း မရှိကြောင်း သိရပြီး ပြုတ်ကျသွားသူ ကိုဂျူး၏ ဓာတ်တိုင်တက်သံဖိနပ်အား စစ်ဆေးရာ ဖိနပ်၏ ခြေဖမိုးပတ်သည့် သားရကြေိုးပြတ်နေသည်ကို တွေ့ရကြောင်း သိရသည်။

ပြုတ်ကျရသည့် အကြောင်းရင်းကို သိရှိရန် အလောင်းအား ပြည်သူ့ဆေးရုံတွင် စစ်ဆေးနပြေီး ကျိုင်းတုံမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၃၅/၂၀၁၈)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~