တာခ်ီလိတ္တြင္ စိတ္ၾကြေဆးျပား (၇၈)သိန္းေက်ာ္ ဖမ္းဆီးရမိသည့္ ျဖစ္စဥ္မွ ပစ္ခတ္ဖမ္းဆီးရမိသည့္ တရားခံႏွင့္ ပတ္သက္၍ အမႈဖြင့္ ေဆာင္ရြက္ထားရွိ

တာခ်ီလိတ္တြင္ စိတ္ၾကြေဆးျပား (၇၈)သိန္းေက်ာ္ ဖမ္းဆီးရမိသည့္ ျဖစ္စဥ္မွ ပစ္ခတ္ဖမ္းဆီးရမိသည့္ တရားခံႏွင့္ ပတ္သက္၍ အမႈဖြင့္ ေဆာင္ရြက္ထားရွိ
သြဂုတ် 11, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ေမာ္ေတာ္ယာဥ္(၂)စီးႏွင့္
စိတ္ၾကြေဆးျပား (၇၈)သိန္းေက်ာ္ ဖမ္းဆီးရမိသည့္ ျဖစ္စဥ္မွ ပစ္ခတ္ဖမ္းဆီးရမိထားသည့္ တရားခံ(၁)ဦးႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးမႈမ်ား ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပား (၇,၈၂၀,၀၀၀)ျပားမ်ား ဖမ္းဆီးရမိမႈႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၆၈/၂၀၁၈၊ မူး/စိတ္ ၁၉(က)/၂၀(က)ျဖင့္ လည္းေကာင္း၊ မယ(ပ) ၆၉/၂၀၁၈၊ မူး/စိတ္ ၁၉(က)/၂၀(က)ျဖင့္လည္းေကာင္း အမႈဖြင့္ စစ္ေဆးေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ မုိင္းဟဲေက်းရြာအုပ္စု၊ ယန္းေခါင္ေက်းရြာအနီး လြယ္စီတံု - မုိင္းဟဲလမ္းေပၚတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၀)ရက္ေန႔  ည(၉)နာရီ (၂၀) မိနစ္ခန္႔၌ စန္းလုရြာဘက္မွ တာခ်ီလိတ္ဘက္သို႔ စိတ္ၾကြေဆးျပား (၇၈.၂)သိန္း သယ္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္(၂)စီးအား ရဲတပ္ဖြဲ႕က စစ္ေဆးရန္တားဆီးစဥ္ စန္းလုရြာဘက္သို႔ ျပန္လွည့္ေမာင္းႏွင္ထြက္ေျပးကာ ရဲတပ္ဖြဲ႕အား စတင္ပစ္ခတ္သျဖင့္ ရဲတပ္ဖြဲ႕က ျပန္လည္ပစ္ခတ္ဖမ္းဆီးခဲ့ရာ ကားေပၚမွအမ်ိဳးသားတစ္ဦး ေနာက္ေစ့ ေဖါက္ဝင္ဒဏ္ရာျဖင့္ ျပဳတ္က်က်န္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆုိပါ ထြက္ေျပးလြတ္ေျမာက္သြားေသာ ေမာ္ေတာ္ယာဥ္(၂)စီးအား နယ္ေျမခံတပ္မေတာ္၊ ရဲတပ္ဖြဲ႕ႏွင့္ စန္းလုျပည္သူ႔စစ္အဖြဲ႕တို႔က လုိက္လံဖမ္းဆီးရာ ထြက္ေျပးသြားၿပီး မိနစ္(၄၀)အၾကာတြင္ စန္းလု(ေအာက္)ေက်းရြာအနီးတြင္ ေမာ္ေတာ္ယာဥ္(၁)စီး၊ ေနာက္ထပ္ (၃)နာရီ (၂၃)မိနစ္တြင္ ေနာက္ထပ္ ေမာ္ေတာ္ယာဥ္(၁)စီးတုိ႔အား စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိေသာ္လည္း ေမာ္ေတာ္ယာဥ္တြင္ လုိက္ပါလာသူမ်ားမွာ ထြက္ေျပးလြတ္ေျမာက္သြားၾကျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် မော်တော်ယာဉ်(၂)စီးနှင့်
စိတ်ကြွဆေးပြား (၇၈)သိန်းကျော် ဖမ်းဆီးရမိသည့် ဖြစ်စဉ်မှ ပစ်ခတ်ဖမ်းဆီးရမိထားသည့် တရားခံ(၁)ဦးနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

စိတ်ကြွဆေးပြား (၇,၈၂၀,ဝဝဝ)ပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၆၈/၂၀၁၈၊ မူး/စိတ် ၁၉(က)/၂၀(က)ဖြင့် လည်းကောင်း၊ မယ(ပ) ၆၉/၂၀၁၈၊ မူး/စိတ် ၁၉(က)/၂၀(က)ဖြင့်လည်းကောင်း အမှုဖွင့် စစ်ဆေးဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၊ မိုင်းဟဲကျေးရွာအုပ်စု၊ ယန်းခေါင်ကျေးရွာအနီး လွယ်စီတုံ - မိုင်းဟဲလမ်းပေါ်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့ ည(၉)နာရီ (၂၀) မိနစ်ခန့်၌ စန်းလုရွာဘက်မှ တာချီလိတ်ဘက်သို့ စိတ်ကြွဆေးပြား (၇၈.၂)သိန်း သယ်ဆောင်လာသည့် မော်တော်ယာဉ်(၂)စီးအား ရဲတပ်ဖွဲ့က စစ်ဆေးရန်တားဆီးစဉ် စန်းလုရွာဘက်သို့ ပြန်လှည့်မောင်းနှင်ထွက်ပြေးကာ ရဲတပ်ဖွဲ့အား စတင်ပစ်ခတ်သဖြင့် ရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ကားပေါ်မှအမျိုးသားတစ်ဦး နောက်စေ့ ဖောက်ဝင်ဒဏ်ရာဖြင့် ပြုတ်ကျကျန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသော မော်တော်ယာဉ်(၂)စီးအား နယ်မြေခံတပ်မတော်၊ ရဲတပ်ဖွဲ့နှင့် စန်းလုပြည်သူ့စစ်အဖွဲ့တို့က လိုက်လံဖမ်းဆီးရာ ထွက်ပြေးသွားပြီး မိနစ်(၄၀)အကြာတွင် စန်းလု(အောက်)ကျေးရွာအနီးတွင် မော်တော်ယာဉ်(၁)စီး၊ နောက်ထပ် (၃)နာရီ (၂၃)မိနစ်တွင် နောက်ထပ် မော်တော်ယာဉ်(၁)စီးတို့အား စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသော်လည်း မော်တော်ယာဉ်တွင် လိုက်ပါလာသူများမှာ ထွက်ပြေးလွတ်မြောက်သွားကြခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~