ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၂၅)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၂၅)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း
သြဂုတ် 21, 2018
By Tachileik News Agency

ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းဆီး ခံထားရသည့္ ျမန္မာႏုိင္ငံသား (၂၅)ဦးကို ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၁)ရက္ေန႔ ေန႔လည္(၂)နာရီ ၀န္းက်င္အခ်ိန္က လာေရာက္ လႊဲေျပာင္းေပးေၾကာင္း သိရသည္။

ယေန႔လႊႊဲေျပာင္းလာသည့္ အမ်ိဳးသား(၂၀)ဦးႏွင့္ အမ်ိဳးသမီး(၄)ဦး အပါအ၀င္ ကေလးငယ္(၁)ဦးတို႔ကို ထုိင္းႏုိင္ငံမွ လဝကအရာရိွ Sirichai Nimnual ဦးစီးအဖြဲ႕က လာေရာက္လႊဲေျပာင္းေပးရာ ျမန္မာႏုိင္ငံဘက္မွ တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္၊ အလုပ္သမားလူ၀င္မွဳ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဆုိင္ရာဌာန ဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရး ေကာ္မတီ (CNCMC )ေကာ္မတီ၀င္မ်ားက စိစစ္လက္ခံႀကိဳဆိုၾကေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၁)ရက္ေန႔မွ ဇူလုိင္လ (၃၁)ရက္ေန႔အထိ ထုိင္းႏုိင္ငံဘက္မွ တာခ်ီလိတ္ဘက္သို႔ လႊဲေျပာင္းလာသူဦးေရမွာ အမ်ိဳးသား (၄၃၇) ဦးႏွင့္ အမ်ိဳးသမီး (၂၀၄)ဦး၊ ကေလး (၂၂)ဦး စုစုေပါင္း (၆၆၃)ဦးရိွခဲ့ၿပီး ၾသဂုတ္လအတြင္း (၁၀)ရက္ေန႔အထိ လႊဲေျပာင္းသူဦးေရမွာ အမ်ိဳးသား(၆၄)ဦး၊ အမ်ိဳးသမီး (၂၃)ဦးႏွင့္ ကေလး(၂)ဦးရိွၿပီျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - CNCMC


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီး ခံထားရသည့် မြန်မာနိုင်ငံသား (၂၅)ဦးကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၁)ရက်နေ့ နေ့လည်(၂)နာရီ ဝန်းကျင်အချိန်က လာရောက် လွှဲပြောင်းပေးကြောင်း သိရသည်။

ယနေ့လွှဲပြောင်းလာသည့် အမျိုးသား(၂၀)ဦးနှင့် အမျိုးသမီး(၄)ဦး အပါအဝင် ကလေးငယ်(၁)ဦးတို့ကို ထိုင်းနိုင်ငံမှ လဝကအရာရှိ Sirichai Nimnual ဦးစီးအဖွဲ့က လာရောက်လွှဲပြောင်းပေးရာ မြန်မာနိုင်ငံဘက်မှ တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန ဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC )ကော်မတီဝင်များက စိစစ်လက်ခံကြိုဆိုကြကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ဇူလိုင်လ (၃၁)ရက်နေ့အထိ ထိုင်းနိုင်ငံဘက်မှ တာချီလိတ်ဘက်သို့ လွှဲပြောင်းလာသူဦးရေမှာ အမျိုးသား (၄၃၇) ဦးနှင့် အမျိုးသမီး (၂၀၄)ဦး၊ ကလေး (၂၂)ဦး စုစုပေါင်း (၆၆၃)ဦးရှိခဲ့ပြီး သြဂုတ်လအတွင်း (၁၀)ရက်နေ့အထိ လွှဲပြောင်းသူဦးရေမှာ အမျိုးသား(၆၄)ဦး၊ အမျိုးသမီး (၂၃)ဦးနှင့် ကလေး(၂)ဦးရှိပြီဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~