“ကၽြန္ေတာ္တို႔အတြက္ စိတ္မပူပါနဲ႔ အားလံုးကို လြမ္းတယ္။ ျပန္လာခ်င္ၿပီ”

“ကၽြန္ေတာ္တို႔အတြက္ စိတ္မပူပါနဲ႔ အားလံုးကို လြမ္းတယ္။ ျပန္လာခ်င္ၿပီ”
ဇူလိုင် 7, 2018
By 🌸
ဂူထဲမွာ ေရငုပ္သမားနဲ႔စေတြ႔ခ်ိန္ အဂၤလိပ္လိုေျပာခဲ့တဲ့ကေလးက သူ႔မိဘေတြဆီကို ဂူထဲကစာေရးလုိက္တာပါ။

မယ္ဆိုင္ဂူအတြင္းပိတ္မိေနတဲ့ကေလးေတြနဲ႔ မိဘေတြ ဆက္သြယ္လုိ႔ရေအာင္ ဖုန္းလုိင္းသြယ္တန္းခဲ့ၾကေပမဲ့ ေရစီးေၾကာင့္ လုိင္းႀကိဳးေတြျပတ္သြားတဲ့အခါ ေရတပ္အဖြဲ႕ရဲ႕ ေရငုပ္သမားေတြ အကူအညီနဲ႔ ကေလးေတြနဲ႔ အျပင္ကေစာင့္ေနတဲ့ မိဘေတြၾကား ဆက္သြယ္ေပးခဲ့ၾကရာမွာ ကေလးေတြက မိဘေတြဆီ ေရးလုိက္တဲ့စာေတြ ဇူလုိင္လ(၇)ရက္ေန႔က ဆိုရွယ္မီဒီယာမွာ ပ်ံ႕ႏွံ႔လာတာကို ေတြ႔ရတာပါ။

ကေလးေတြက အျပင္ကိုျမန္ျမန္ထြက္လာခ်င္ေနၿပီျဖစ္ေၾကာင္းနဲ႔ ျပန္ထြက္လာခ်ိန္မွာ သူတို႔စားခ်င္တဲ့ အစားအေသာက္ေတြအေၾကာင္း ေရးပို႔ခဲ့ၾကတာပါ။

သူတို႔ေတြ ေရးေပးလိုက္တာကေတာ့  “ကၽြန္ေတာ္တုိ႔အတြက္ စိတ္မပူပါနဲ႔။ အဆင္ေျပပါတယ္။ ကၽြန္ေတာ့္ကို ၾကက္ေၾကာ္ဆုိင္လိုက္ပို႔ေပးဖို႔ ေယာ့ဒ္ကိုေျပာေပးပါ”လို႔ တစ္ေယာက္က ေျပာထားၿပီး အျခားတစ္ေယာက္ကေတာ့ “အေဖနဲ႔အေမ၊ ေတြာင္ကိုခ်စ္တယ္။ ကၽြန္ေတာ္ျပန္ထြက္လာရင္ စားေသာက္ဆုိင္သြားၾကမယ္။ ခ်စ္တယ္”လို႔ ေရးထားပါတယ္။

“ကၽြန္ေတာ္ႏွစ္ပတ္ေလာက္ေပ်ာက္ေနလုိ႔ စိိတ္မပူပါနဲ႕ ျပန္ထြက္လာရင္ ဆုိင္ကို ဝိုိင္းကူေပးပါမယ္”လုိ႔ ကေလးတစ္ေယာက္က ေရးထားၿပီး “ကၽြန္ေတာ္ ေနေကာင္းပါတယ္။ ဒါေပမဲ့ နည္းနည္းေတာ့ ေအးတယ္။ စိတ္မပူပါနဲ႕။ ကၽြန္ေတာ့္ ေမြးေန႔လည္း မေမ့နဲ႔ေနာ္”လုိ႔ ေနာက္ထပ္ကေလးတစ္ေယာက္က ေရးပို႔ခဲ့ပါတယ္။
ဒီထဲမွာ နည္းျပကေတာ့ သူ႔ဦးေလးနဲ႔အဖြားဆီကိုမွာတာအျပင္ ကေလးေတြရဲ႕မိဘေတြဆီကို ေတာင္းပန္ေၾကာင္းေရးသားေပးခဲ့တယ္လို႔ သိရပါတယ္။

“မိဘအားလံုးခင္ဗ်ာ ကေလးေတြ ေနေကာင္းၾကပါတယ္။ ကၽြန္ေတာ္ အေကာင္းဆံုး ေစာင့္ေရွာက္မယ္လုိ႔ ကတိေပးပါတယ္။ ကၽြန္ေတာ့္ကို အားေပးႏွစ္သိမ့္ၾကတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္။ ကေလးမိဘေတြကိုလည္း ေတာင္းပန္ခ်င္ပါတယ္”လို႔ ကေလးမိဘေတြဆီကို ေရးေပးခဲ့သလို သူ႔မိသားစုအတြက္ ေရးေပးလုိက္တာကေတာ့” ကၽြန္ေတာ္ ေနေကာင္းပါတယ္။ သိပ္ၿပီး စိတ္မပူၾကပါနဲ႕။ ကိုယ့္ကိုကိုယ္လည္း ဂရုစိုက္ၾကပါ။ ဦးေလးေရ အဘြားကို ဝက္သားေၾကာ္စပ္စပ္ေလး ခ်က္ခုိင္းေပးေနာ္။ ျပန္လာရင္ စားခ်င္တယ္။ အားလံုးကို ခ်စ္ပါတယ္”လို႔ ေရးသားခဲ့ပါတယ္။

အသက္ (၁၁)ႏွစ္ကေန (၁၆)အရြယ္ၾကားရိွတဲ့ ေဘာလံုးအသင္းက ကေလး(၁၂)ေယာက္နဲ႔ အသက္(၂၅)ႏွစ္အရြယ္ နည္းျပတုိ႔ကို အျပင္ကေစာင့္ဆုိင္းေနသူေတြဆီကို ေရငုပ္သမားေတြက စာနဲ႔ဆက္သြယ္ေပးခဲ့ၾကတဲ့အျပင္ ဗီဒီယိုရိုက္လာၿပီးေတာ့လည္း မိဘေတြကို ျပန္ျပခဲ့တယ္လို႔ သိရပါတယ္။

ဇြန္လ (၂၃)ရက္ေန႔ကတည္းက ဂူအတြင္းပိတ္မိေနတဲ့ကေလးေတြကို ကယ္ထုတ္ဖို႔ (၁၅)ရက္ေျမာက္ေန႔အျဖစ္ ႀကိဳးစားေနၾကဆဲျဖစ္ၿပီး အားလံုးအဆင္သင့္ျဖစ္မယ္ဆုိရင္ေတာ့ ဒီရက္ပိုင္းမွာပဲ ကယ္ထုတ္သြားမယ္လုိ႔ ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ဇူလိုင္လ(၇)ရက္ေန႔မွာ ေျပာထားပါတယ္။

Tachileik News Agency
Photo:ThainavySEAL

~~~~~~~~⊰❂ unicode ~~~~~~~~
“ကျွန်တော်တို့အတွက် စိတ်မပူပါနဲ့ အားလုံးကို လွမ်းတယ်။ ပြန်လာချင်ပြီ”
************
ဂူထဲမှာ ရေငုပ်သမားနဲ့စတွေ့ချိန် အင်္ဂလိပ်လိုပြောခဲ့တဲ့ကလေးက သူ့မိဘတွေဆီကို ဂူထဲကစာရေးလိုက်တာပါ။

မယ်ဆိုင်ဂူအတွင်းပိတ်မိနေတဲ့ကလေးတွေနဲ့ မိဘတွေ ဆက်သွယ်လို့ရအောင် ဖုန်းလိုင်းသွယ်တန်းခဲ့ကြပေမဲ့ ရေစီးကြောင့် လိုင်းကြိုးတွေပြတ်သွားတဲ့အခါ ရေတပ်အဖွဲ့ရဲ့ ရေငုပ်သမားတွေ အကူအညီနဲ့ ကလေးတွေနဲ့ အပြင်ကစောင့်နေတဲ့ မိဘတွေကြား ဆက်သွယ်ပေးခဲ့ကြရာမှာ ကလေးတွေက မိဘတွေဆီ ရေးလိုက်တဲ့စာတွေ ဇူလိုင်လ(၇)ရက်နေ့က ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လာတာကို တွေ့ရတာပါ။

ကလေးတွေက အပြင်ကိုမြန်မြန်ထွက်လာချင်နေပြီဖြစ်ကြောင်းနဲ့ ပြန်ထွက်လာချိန်မှာ သူတို့စားချင်တဲ့ အစားအသောက်တွေအကြောင်း ရေးပို့ခဲ့ကြတာပါ။

သူတို့တွေ ရေးပေးလိုက်တာကတော့  “ကျွန်တော်တို့အတွက် စိတ်မပူပါနဲ့။ အဆင်ပြေပါတယ်။ ကျွန်တော့်ကို ကြက်ကြော်ဆိုင်လိုက်ပို့ပေးဖို့ ယော့ဒ်ကိုပြောပေးပါ”လို့ တစ်ယောက်က ပြောထားပြီး အခြားတစ်ယောက်ကတော့ “အဖေနဲ့အမေ၊ တွောင်ကိုချစ်တယ်။ ကျွန်တော်ပြန်ထွက်လာရင် စားသောက်ဆိုင်သွားကြမယ်။ ချစ်တယ်”လို့ ရေးထားပါတယ်။

“ကျွန်တော်နှစ်ပတ်လောက်ပျောက်နေလို့ စိတ်မပူပါနဲ့ ပြန်ထွက်လာရင် ဆိုင်ကို ဝိုင်းကူပေးပါမယ်”လို့ ကလေးတစ်ယောက်က ရေးထားပြီး “ကျွန်တော် နေကောင်းပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ အေးတယ်။ စိတ်မပူပါနဲ့။ ကျွန်တော့် မွေးနေ့လည်း မမေ့နဲ့နော်”လို့ နောက်ထပ်ကလေးတစ်ယောက်က ရေးပို့ခဲ့ပါတယ်။
ဒီထဲမှာ နည်းပြကတော့ သူ့ဦးလေးနဲ့အဖွားဆီကိုမှာတာအပြင် ကလေးတွေရဲ့မိဘတွေဆီကို တောင်းပန်ကြောင်းရေးသားပေးခဲ့တယ်လို့ သိရပါတယ်။

“မိဘအားလုံးခင်ဗျာ ကလေးတွေ နေကောင်းကြပါတယ်။ ကျွန်တော် အကောင်းဆုံး စောင့်ရှောက်မယ်လို့ ကတိပေးပါတယ်။ ကျွန်တော့်ကို အားပေးနှစ်သိမ့်ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကလေးမိဘတွေကိုလည်း တောင်းပန်ချင်ပါတယ်”လို့ ကလေးမိဘတွေဆီကို ရေးပေးခဲ့သလို သူ့မိသားစုအတွက် ရေးပေးလိုက်တာကတော့” ကျွန်တော် နေကောင်းပါတယ်။ သိပ်ပြီး စိတ်မပူကြပါနဲ့။ ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ကြပါ။ ဦးလေးရေ အဘွားကို ဝက်သားကြော်စပ်စပ်လေး ချက်ခိုင်းပေးနော်။ ပြန်လာရင် စားချင်တယ်။ အားလုံးကို ချစ်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

အသက် (၁၁)နှစ်ကနေ (၁၆)အရွယ်ကြားရှိတဲ့ ဘောလုံးအသင်းက ကလေး(၁၂)ယောက်နဲ့ အသက်(၂၅)နှစ်အရွယ် နည်းပြတို့ကို အပြင်ကစောင့်ဆိုင်းနေသူတွေဆီကို ရေငုပ်သမားတွေက စာနဲ့ဆက်သွယ်ပေးခဲ့ကြတဲ့အပြင် ဗီဒီယိုရိုက်လာပြီးတော့လည်း မိဘတွေကို ပြန်ပြခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ (၂၃)ရက်နေ့ကတည်းက ဂူအတွင်းပိတ်မိနေတဲ့ကလေးတွေကို ကယ်ထုတ်ဖို့ (၁၅)ရက်မြောက်နေ့အဖြစ် ကြိုးစားနေကြဆဲဖြစ်ပြီး အားလုံးအဆင်သင့်ဖြစ်မယ်ဆိုရင်တော့ ဒီရက်ပိုင်းမှာပဲ ကယ်ထုတ်သွားမယ်လို့ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ဇူလိုင်လ(၇)ရက်နေ့မှာ ပြောထားပါတယ်။

Tachileik News Agency
Photo:ThainavySEAL

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~