မယ္ဆိုင္ဂူတြင္းမွ ကေလးမ်ား အျပင္ထြက္ႏုိင္ရန္ ေရငုပ္ေလ့က်င့္ျခင္းမ်ား ျပင္ဆင္ေန

မယ္ဆိုင္ဂူတြင္းမွ ကေလးမ်ား အျပင္ထြက္ႏုိင္ရန္ ေရငုပ္ေလ့က်င့္ျခင္းမ်ား ျပင္ဆင္ေန
ဇူလိုင် 4, 2018
By 🌸
ထုိင္း - ျမန္မာနယ္စပ္ ထုိင္းနိုင္ငံ မယ္ဆုိင္ဂူအတြင္း (၁၂)ရက္ေျမာက္ရိွေနၿပီျဖစ္သည့္ ကေလး(၁၂)ဦးႏွင့္ နည္းျပတုိ႔ ထြက္လာႏုိင္မည့္ အခ်ိန္အား အတိအက်မေျပာႏုိင္ေသးေသာ္လည္း ၎တို႔အား ဆရာဝန္၊သူနာျပဳမ်ားပါဝင္သည့္အဖြဲ႕ျဖင့္ အနီးကပ္က်န္းမာေရးေစာင့္ေရွာက္မႈမ်ား၊ အျပင္ထြက္ႏုိင္ရန္ လိုအပ္သည့္ေလ့က်င့္မႈမ်ား ျပဳလုုပ္ေပးေနသည့္အျပင္ မိဘမ်ားႏွင့္ ဖုန္းဆက္သြယ္မႈရရန္လည္း ေဆာင္ရြက္ေပးထားေၾကာင္း သိရသည္။

မယ္ဆုိင္ဂူအတြင္း ကေလးမ်ားပိတ္မိေနသည့္ (၁၂)ရက္ေျမာက္ေန႔ ဇူလုိင္လ (၄)ရက္ေန႔ နံနက္ပိုင္းက သတင္းစာရွင္းလင္းပြဲတြင္ ကေလးမ်ားထြက္လာႏိုင္မည့္အခ်ိန္ကို မီဒီယာမ်ားက ေမးျမန္းခဲ့ျခင္းအား ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ တာဝန္ရိွသူမ်ားက အတိအက်မေျပာႏုိင္ေၾကာင္းေျပာခဲ့ၿပီး ကေလးမ်ားအား အဟာရျဖည့္ေကၽြးေမြးမႈႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈအေျခအေနမ်ားကို ရွင္းလင္းေျပာၾကားသြားျခင္း ျဖစ္သည္။

ကေလးမ်ားကို ေတြ႔ရသည့္ေနရာမွ ဂူေပါက္ဝအကြာအေဝးမွာ (၅)ကီလိုမီတာဝန္းက်င္ရိွၿပီး လမ္းတေလွ်ာက္ က်ဥ္းေျမာင္းသည့္ ဂူအတြင္းလမ္းေၾကာင္းရိွ ေရစီးသန္သည့္ေနရာမ်ား၊ ရႊံ႕ေရမ်ားအတြင္းမွ ေရငုပ္ထြက္ရမည္ျဖစ္ရာ ေရငုပ္ဝတ္စံုအသံုးျပဳရန္ အေတြ႔အႀကံဳမရိွသည့္ ကေလးမ်ားအတြက္ အႏၱရာယ္ကင္းကင္း ထြက္လာႏုိင္ရန္ ဂူအတြင္းမွ ေရစုပ္ထုတ္ျခင္း၊ ဂူနံရံေဖါက္၍ ေရထုတ္ျခင္းတို႔ကို အင္တုိက္အားတုိက္ ေဆာင္ရြက္ေနျခင္းအျပင္ ကေလးမ်ားအား လိုအပ္သည့္ေလ့က်င့္မႈမ်ားလည္း လုပ္ေဆာင္ေနၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

ကနဦးတြင္ ကေလးမ်ား အႏၱရာယ္ကင္းစြာ ေခၚထုတ္ႏုိင္ေရးအတြက္ နည္းလမ္းမ်ား စဥ္းစားရာတြင္ ကေလးမ်ားအား ေရငုပ္သင္ေပးရန္ သုိ႔မဟုတ္ ေရက်သြားမည့္အခ်ိန္ထိ ဂူအတြင္း (၄)လစာ ရိကၡာအျပည့္အစံုျဖင့္ ေစာင့္ဆိုင္းရန္ႏွင့္ အကယ္၍ ဂူအတြင္းမွေစာင့္ဆုိင္းပါက ေရတပ္မွဆရာဝန္မ်ားကလည္း ကေလးမ်ားႏွင့္အတူေနထိုင္ေပးရန္ နည္းလမ္းႏွစ္မ်ိဳးကို ေရတပ္က တင္ျပခဲ့ၾကရာ မိုးရြာမလာမီ ကေလးမ်ားအား အျမန္ဆံုးေခၚထုတ္ရန္ ျပည္ထဲေရးန္ႀကီးက တြန္းအားေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ဂူအတြင္းပိတ္မိေနသူမ်ားကို  အႏၱရာယ္ကင္းစြာ ေခၚထုတ္ႏုိင္ေရးကို ဦးစားေပးလုပ္ေဆာင္ေနၿပီး ကေလးမ်ားႏွင့္ ကိုက္ညီမည့္ ေရငုပ္ဝတ္စံုမ်ားကိုလည္း ဇူလုိင္လ(၃)ရက္ေန႔ည ထုိုင္းစံေတာ္ခ်ိန္ (၈)နာရီက မယ္ဂူအတြင္း သယ္ေဆာင္သြားၿပီျဖစ္ေၾကာင္း သိရသည္။

မယ္ဆုိင္ဂူအတြင္း ဇြန္လ (၂၃)ရက္ေန႔ကတည္းက ပိတ္မိေနသူ (၁၃)ဦးကို ထုိင္းႏုိင္ငံမွ ေတာ္ဝင္ေရတပ္၊ ေလတပ္အပါအဝင္ တပ္ဖြဲ႕အသီးသီးမွ အင္အားမ်ား၊ ရဲတပ္ဖြဲ႕၊ သစ္ေတာႏွင့္ သက္ဆုိင္ရာဌာနအသီးသီး၊ ကယ္ဆယ္ေရးအဖြဲ႕မ်ားျဖင့္  ႏုိင္ငံေပါင္း (၁၁)ႏိုင္ငံကပါ  ပူးေပါင္းရွာေဖြခဲ့ၿပီးေနာက္ ဇူလိုင္လ(၂)ရက္ေန႔ညပိုင္းတြင္ ျပန္လည္ေတြ႔ရိွခဲ့ျခင္း ျဖစ္သည္။

အဆိုပါကယ္ဆယ္ေရးလုပ္ငန္းကို ႏုိင္ငံေတာ္အဆင့္ကယ္ဆယ္ေရးသတ္မွတ္ ေဆာင္ရြက္ေနသည့္အျပင္ လာေရာက္ကူညီေနသည့္ ႏုိင္ငံတကာမွ ကယ္ဆယ္ေရးသမားမ်ားကိုလည္း ဘုရင့္ဧည့္သည္ေတာ္မ်ားအျဖစ္ သတ္မွတ္လိုက္သည္။

အဆိုပါထမ့္လြမ္ဂူသည္ ပံုမွန္အားျဖင့္ စက္တင္ဘာလ သို႔မဟုတ္ ေအာက္တိုဘာလအထိ ေရႀကီးေလ့ရိွၿပီး ေရအနက္မွာ အခ်ိဳ႕ေနရာတြင္ (၁၅)ေပအထိရိွတတ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူတွင်းမှ ကလေးများ အပြင်ထွက်နိုင်ရန် ရေငုပ်လေ့ကျင့်ခြင်းများ ပြင်ဆင်နေ
*******************************
ထိုင်း - မြန်မာနယ်စပ် ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်း (၁၂)ရက်မြောက်ရှိနေပြီဖြစ်သည့် ကလေး(၁၂)ဦးနှင့် နည်းပြတို့ ထွက်လာနိုင်မည့် အချိန်အား အတိအကျမပြောနိုင်သေးသော်လည်း ၎င်းတို့အား ဆရာဝန်၊သူနာပြုများပါဝင်သည့်အဖွဲ့ဖြင့် အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုများ၊ အပြင်ထွက်နိုင်ရန် လိုအပ်သည့်လေ့ကျင့်မှုများ ပြုလုပ်ပေးနေသည့်အပြင် မိဘများနှင့် ဖုန်းဆက်သွယ်မှုရရန်လည်း ဆောင်ရွက်ပေးထားကြောင်း သိရသည်။

မယ်ဆိုင်ဂူအတွင်း ကလေးများပိတ်မိနေသည့် (၁၂)ရက်မြောက်နေ့ ဇူလိုင်လ (၄)ရက်နေ့ နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲတွင် ကလေးများထွက်လာနိုင်မည့်အချိန်ကို မီဒီယာများက မေးမြန်းခဲ့ခြင်းအား ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အတိအကျမပြောနိုင်ကြောင်းပြောခဲ့ပြီး ကလေးများအား အဟာရဖြည့်ကျွေးမွေးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများကို ရှင်းလင်းပြောကြားသွားခြင်း ဖြစ်သည်။

ကလေးများကို တွေ့ရသည့်နေရာမှ ဂူပေါက်ဝအကွာအဝေးမှာ (၅)ကီလိုမီတာဝန်းကျင်ရှိပြီး လမ်းတလျှောက် ကျဉ်းမြောင်းသည့် ဂူအတွင်းလမ်းကြောင်းရှိ ရေစီးသန်သည့်နေရာများ၊ ရွှံ့ရေများအတွင်းမှ ရေငုပ်ထွက်ရမည်ဖြစ်ရာ ရေငုပ်ဝတ်စုံအသုံးပြုရန် အတွေ့အကြုံမရှိသည့် ကလေးများအတွက် အန္တရာယ်ကင်းကင်း ထွက်လာနိုင်ရန် ဂူအတွင်းမှ ရေစုပ်ထုတ်ခြင်း၊ ဂူနံရံဖေါက်၍ ရေထုတ်ခြင်းတို့ကို အင်တိုက်အားတိုက် ဆောင်ရွက်နေခြင်းအပြင် ကလေးများအား လိုအပ်သည့်လေ့ကျင့်မှုများလည်း လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

ကနဦးတွင် ကလေးများ အန္တရာယ်ကင်းစွာ ခေါ်ထုတ်နိုင်ရေးအတွက် နည်းလမ်းများ စဉ်းစားရာတွင် ကလေးများအား ရေငုပ်သင်ပေးရန် သို့မဟုတ် ရေကျသွားမည့်အချိန်ထိ ဂူအတွင်း (၄)လစာ ရိက္ခာအပြည့်အစုံဖြင့် စောင့်ဆိုင်းရန်နှင့် အကယ်၍ ဂူအတွင်းမှစောင့်ဆိုင်းပါက ရေတပ်မှဆရာဝန်များကလည်း ကလေးများနှင့်အတူနေထိုင်ပေးရန် နည်းလမ်းနှစ်မျိုးကို ရေတပ်က တင်ပြခဲ့ကြရာ မိုးရွာမလာမီ ကလေးများအား အမြန်ဆုံးခေါ်ထုတ်ရန် ပြည်ထဲရေးန်ကြီးက တွန်းအားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဂူအတွင်းပိတ်မိနေသူများကို  အန္တရာယ်ကင်းစွာ ခေါ်ထုတ်နိုင်ရေးကို ဦးစားပေးလုပ်ဆောင်နေပြီး ကလေးများနှင့် ကိုက်ညီမည့် ရေငုပ်ဝတ်စုံများကိုလည်း ဇူလိုင်လ(၃)ရက်နေ့ည ထိုင်းစံတော်ချိန် (၈)နာရီက မယ်ဂူအတွင်း သယ်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်ဂူအတွင်း ဇွန်လ (၂၃)ရက်နေ့ကတည်းက ပိတ်မိနေသူ (၁၃)ဦးကို ထိုင်းနိုင်ငံမှ တော်ဝင်ရေတပ်၊ လေတပ်အပါအဝင် တပ်ဖွဲ့အသီးသီးမှ အင်အားများ၊ ရဲတပ်ဖွဲ့၊ သစ်တောနှင့် သက်ဆိုင်ရာဌာနအသီးသီး၊ ကယ်ဆယ်ရေးအဖွဲ့များဖြင့်  နိုင်ငံပေါင်း (၁၁)နိုင်ငံကပါ  ပူးပေါင်းရှာဖွေခဲ့ပြီးနောက် ဇူလိုင်လ(၂)ရက်နေ့ညပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါကယ်ဆယ်ရေးလုပ်ငန်းကို နိုင်ငံတော်အဆင့်ကယ်ဆယ်ရေးသတ်မှတ် ဆောင်ရွက်နေသည့်အပြင် လာရောက်ကူညီနေသည့် နိုင်ငံတကာမှ ကယ်ဆယ်ရေးသမားများကိုလည်း ဘုရင့်ဧည့်သည်တော်များအဖြစ် သတ်မှတ်လိုက်သည်။

အဆိုပါထမ့်လွမ်ဂူသည် ပုံမှန်အားဖြင့် စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလအထိ ရေကြီးလေ့ရှိပြီး ရေအနက်မှာ အချို့နေရာတွင် (၁၅)ပေအထိရှိတတ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~