တာခ်ီလိတ္တြင္ ေလာင္းကစားအျဖစ္ ခ်ဲထီ ေလာင္းကစားျပဳလုပ္သူ ထိုင္းႏိုင္ငံသား (၃)ဦးကို ဖမ္းဆီး အေရးယူ

တာခ်ီလိတ္တြင္ ေလာင္းကစားအျဖစ္ ခ်ဲထီ ေလာင္းကစားျပဳလုပ္သူ ထိုင္းႏိုင္ငံသား (၃)ဦးကို ဖမ္းဆီး အေရးယူ
ဇူလိုင် 21, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ေလာင္းကစား ဖမ္းဆီးမႈအျဖစ္ (၂)လံုး၊ (၃)လံုး ခ်ဲထီ ေလာင္းကစားျခင္းအား ဖမ္းဆီးျခင္းကို ဇူလုိင္လ (၂၀)ရက္ေန႔က ေဆာင္ရြက္ရာ (၂)လံုး၊(၃)လံုးခ်ဲထီေရာင္းခ်သည့္ ထိုင္းႏုိင္ငံသား (၃)ဦးကို သတင္းအရ ဖမ္းဆီးရမိၿပီး အခန္းငွားေပးထားသူ ျမန္မာႏိုင္ငံသားကိုပါ အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

ဇူလိုင္လ (၂၀)ရက္ေန႔ ေန႔လယ္ (၂)နာရီ (၂၅)မိနစ္အခ်ိန္ခန္႔တြင္ ရွမ္းျပည္နယ္ မႈ/ကူမွ တပ္ဖြဲ႔၀င္မ်ား ခရိုင္/ၿမိဳ႕နယ္ ႏွင့္ ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔မ်ားသည္ သက္ေသမ်ားႏွင့္အတူ ဆန္ဆိုင္း(က)ရပ္ကြက္၊ ကံ့ေကာ္လမ္းသြယ္ရိွ ဆိုင္ခန္းတစ္ခုတြင္ (၂)လံုး၊ (၃)လံုး ေရာင္းခ်ေနသည့္ ထုိင္းႏုိင္ငံသား (၃)ဦးကို သတင္းအရ ဝင္ေရာက္ ရွာေဖြရာမွ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ထုိင္းနုိင္ငံသားမ်ားသည္ တာခ်ီလိတ္တြင္ တရားဝင္ ဝင္ေရာက္ေနထုိင္သူမ်ား ျဖစ္ေသာ္လည္း ဗီဇာစည္းကမ္းခ်ိဳးေဖါက္မႈျဖင့္ လဝကအက္ ဥပေဒပုဒ္မ ၄ (၁) က်ဴး/၁၃(၁)အရ လည္းေကာင္း၊ ဆုိင္ခန္းငွားရမ္းသူကို ယင္းဥပေဒပုဒ္မ ၁၃(၅)အရ လည္းေကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

အဆိုပါ ထိုင္းႏိုင္ငံသား (၃)ဦးသည္ ထုိင္းႏုိင္ငံ ဖူးခက္ခရိုင္၊ က်၀ါဖတ္ထလြန္ခရိုင္ ႏွင့္ နံေခါစ၀မ္ခရိုင္ အတြင္း၌ ေနထိုင္သူမ်ားျဖစ္ေၾကာင္း ႏွင့္ ယာယီနယ္စပ္ျဖတ္သန္းလက္မွတ္မ်ားျဖင့္ ၀င္ေရာက္လာသူမ်ားျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လောင်းကစား ဖမ်းဆီးမှုအဖြစ် (၂)လုံး၊ (၃)လုံး ချဲထီ လောင်းကစားခြင်းအား ဖမ်းဆီးခြင်းကို ဇူလိုင်လ (၂၀)ရက်နေ့က ဆောင်ရွက်ရာ (၂)လုံး၊(၃)လုံးချဲထီရောင်းချသည့် ထိုင်းနိုင်ငံသား (၃)ဦးကို သတင်းအရ ဖမ်းဆီးရမိပြီး အခန်းငှါးပေးထားသူ မြန်မာနိုင်ငံသားကိုပါ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ဇူလိုင်လ (၂၀)ရက်နေ့ နေ့လယ် (၂)နာရီ (၂၅)မိနစ်အချိန်ခန့်တွင် ရှမ်းပြည်နယ် မှု/ကူမှ တပ်ဖွဲ့ဝင်များ ခရိုင်/မြို့နယ် နှင့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့များသည် သက်သေများနှင့်အတူ ဆန်ဆိုင်း(က)ရပ်ကွက်၊ ကံ့ကော်လမ်းသွယ်ရှိ ဆိုင်ခန်းတစ်ခုတွင် (၂)လုံး၊ (၃)လုံး ရောင်းချနေသည့် ထိုင်းနိုင်ငံသား (၃)ဦးကို သတင်းအရ ဝင်ရောက် ရှာဖွေရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားများသည် တာချီလိတ်တွင် တရားဝင် ဝင်ရောက်နေထိုင်သူများ ဖြစ်သော်လည်း ဗီဇာစည်းကမ်းချိုးဖောက်မှုဖြင့် လဝကအက် ဥပဒေပုဒ်မ ၄ (၁) ကျူး/၁၃(၁)အရ လည်းကောင်း၊ ဆိုင်ခန်းငှါးရမ်းသူကို ယင်းဥပဒေပုဒ်မ ၁၃(၅)အရ လည်းကောင်း တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသား (၃)ဦးသည် ထိုင်းနိုင်ငံ ဖူးခက်ခရိုင်၊ ကျဝါဖတ်ထလွန်ခရိုင် နှင့် နံခေါစဝမ်ခရိုင် အတွင်း၌ နေထိုင်သူများဖြစ်ကြောင်း နှင့် ယာယီနယ်စပ်ဖြတ်သန်းလက်မှတ်များဖြင့် ဝင်ရောက်လာသူများဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~