ေက်ာက္ေခ်ာ - ရဲရြာလမ္းပိုင္းတြင္ လူငယ္ႏွစ္ဦး ေသဆံုးသြားသည့္ ယာဥ္တုိက္မႈမွ ထြက္ေျပးေမာ္ေတာ္ယာဥ္ တစ္ရက္အၾကာတြင္ ဖမ္းဆီးရမိ

ေက်ာက္ေခ်ာ - ရဲရြာလမ္းပိုင္းတြင္ လူငယ္ႏွစ္ဦး ေသဆံုးသြားသည့္ ယာဥ္တုိက္မႈမွ ထြက္ေျပးေမာ္ေတာ္ယာဥ္ တစ္ရက္အၾကာတြင္ ဖမ္းဆီးရမိ
ဇူလိုင် 24, 2018
By 🌸
မႏၱေလးတုိင္းေဒသႀကီး၊ ျပင္ဦးလြင္ခရိုင္၊ ေက်ာက္ေခ်ာ - ရဲရြာလမ္းပိုင္းတြင္ လူငယ္(၂)ဦးစီးနင္းလာသည့္ ဆုိင္ကယ္ကို တိုက္မိထြက္ေျပးသြားသည့္ ေမာ္ေတာ္ယာဥ္ကို တစ္ရက္အၾကာတြင္ မႏၱေလးၿမိဳ႕၌ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၂၂)ရက္ေန႔ ညေနက ေက်ာက္ေခ်ာ - ရဲရြာလမ္းပိုင္းတြင္ ဆိုင္ကယ္စီးနင္းလာသည့္ အသက္(၁၈)ႏွစ္ႏွင့္ (၁၉)ႏွစ္အရြယ္ လူငယ္(၂)ဦး ေသဆံုးသြားသည့္ ယာဥ္တုိက္မႈမွ ထြက္ေျပးေနသည့္ ေမာ္ေတာ္ယာဥ္အား ျပင္ဦးလြင္ခရိုင္ရဲတပ္ဖြဲ႕မွဴးဦးေဆာင္သည့္တပ္ဖြဲ႕က လမ္းတေလွ်ာက္ရိွ CCTV မွတ္တမ္းမ်ားႏွင့္ ပတ္ဝန္းက်င္သတင္းမ်ားအရ စံုစမ္းရွာေဖြခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းသုိ႔စစ္ေဆးရာတြင္ (၇)မိုင္အပန္းေျဖစခန္းသို႔ ဇူလုိင္လ (၂၂)ရက္ေန႔ ညေနပိုင္းက ပစၥည္းလာခ်ေပးသည့္ ကရိန္းယာဥ္မွာ ယာဥ္တုိက္မႈျဖစ္ပြားခ်ိန္အတြင္း အဆိုပါအနီးဝန္းက်င္ရိွ စစ္ေဆးေရးဂိတ္မွ ျဖတ္သြားသည္ကို ေတြ႔ရသျဖင့္ ဆက္လက္စစ္ေဆးရာ မႏၱေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရိွ  ကရိန္းအငွားယာဥ္လုပ္ငန္းမွျဖစ္ေၾကာင္း အတည္ျပဳႏုိင္ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

အဆိုပါ ကရိန္းအငွားယာဥ္အား ေမာင္းႏွင္သူ အသက္(၂၀)အရြယ္ မိုးမင္းသူက ဇူလုိင္လ(၂၂)ရက္ေန႔တြင္ မႏၱေလးစက္မႈဇုန္မွ (၇)မုိင္အပန္းေျဖစခန္းသို႔ ကုန္ပစၥည္းမ်ားပို႔ၿပီးအျပန္တြင္ အခင္းျဖစ္ေနရာအေရာက္၌ ဆိုင္ကယ္ကိုတုိက္မိကာ ဆိုင္ကယ္စီးနင္းလာသူ (၂)ဦးေသဆံုးသြားသျဖင့္ ယာဥ္ကိုေမာင္းႏွင္ထြက္ေျပးလာျခင္းျဖစ္သည္ဟု ထြက္ဆိုေၾကာင္း သိရသည္။

ယာဥ္တုိက္မႈျဖစ္ပြားသည့္ ကရိန္းယာဥ္အား သိမ္းဆည္းထားၿပီး မိုးမင္းသူကို ဖမ္းဆီးထားေၾကာင္း သိရသည္။

အဆိုပါယာဥ္တုိက္မႈကို ျပင္စာရဲကင္းစခန္းတြင္ ယာဥ္(ပ) ၃၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄ - က/၂၀၂ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနျခင္းျဖစ္သည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်ချော - ရဲရွာလမ်းပိုင်းတွင် လူငယ်နှစ်ဦး သေဆုံးသွားသည့် ယာဉ်တိုက်မှုမှ ထွက်ပြေးမော်တော်ယာဉ် တစ်ရက်အကြာတွင် ဖမ်းဆီးရမိ
************
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ချော - ရဲရွာလမ်းပိုင်းတွင် လူငယ်(၂)ဦးစီးနင်းလာသည့် ဆိုင်ကယ်ကို တိုက်မိထွက်ပြေးသွားသည့် မော်တော်ယာဉ်ကို တစ်ရက်အကြာတွင် မန္တလေးမြို့၌ ဖမ်းဆီးရမိထားကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့ ညနေက ကျောက်ချော - ရဲရွာလမ်းပိုင်းတွင် ဆိုင်ကယ်စီးနင်းလာသည့် အသက်(၁၈)နှစ်နှင့် (၁၉)နှစ်အရွယ် လူငယ်(၂)ဦး သေဆုံးသွားသည့် ယာဉ်တိုက်မှုမှ ထွက်ပြေးနေသည့် မော်တော်ယာဉ်အား ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်သည့်တပ်ဖွဲ့က လမ်းတလျှောက်ရှိ CCTV မှတ်တမ်းများနှင့် ပတ်ဝန်းကျင်သတင်းများအရ စုံစမ်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့စစ်ဆေးရာတွင် (၇)မိုင်အပန်းဖြေစခန်းသို့ ဇူလိုင်လ (၂၂)ရက်နေ့ ညနေပိုင်းက ပစ္စည်းလာချပေးသည့် ကရိန်းယာဉ်မှာ ယာဉ်တိုက်မှုဖြစ်ပွားချိန်အတွင်း အဆိုပါအနီးဝန်းကျင်ရှိ စစ်ဆေးရေးဂိတ်မှ ဖြတ်သွားသည်ကို တွေ့ရသဖြင့် ဆက်လက်စစ်ဆေးရာ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ  ကရိန်းအငှားယာဉ်လုပ်ငန်းမှဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ကရိန်းအငှားယာဉ်အား မောင်းနှင်သူ အသက်(၂၀)အရွယ် မိုးမင်းသူက ဇူလိုင်လ(၂၂)ရက်နေ့တွင် မန္တလေးစက်မှုဇုန်မှ (၇)မိုင်အပန်းဖြေစခန်းသို့ ကုန်ပစ္စည်းများပို့ပြီးအပြန်တွင် အခင်းဖြစ်နေရာအရောက်၌ ဆိုင်ကယ်ကိုတိုက်မိကာ ဆိုင်ကယ်စီးနင်းလာသူ (၂)ဦးသေဆုံးသွားသဖြင့် ယာဉ်ကိုမောင်းနှင်ထွက်ပြေးလာခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားသည့် ကရိန်းယာဉ်အား သိမ်းဆည်းထားပြီး မိုးမင်းသူကို ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကို ပြင်စာရဲကင်းစခန်းတွင် ယာဉ်(ပ) ၃၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ - က/၂၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်နေခြင်းဖြစ်သည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~