မယ္ဆုိင္ဂူအတြင္း က်န္ရိွေနသည့္ ၅ ဦးအၿပီးေခၚထုတ္ရန္ နံနက္ ၁၀ နာရီေက်ာ္တြင္ ကယ္ဆယ္ေရးစတင္ေန

မယ္ဆုိင္ဂူအတြင္း က်န္ရိွေနသည့္ ၅ ဦးအၿပီးေခၚထုတ္ရန္ နံနက္ ၁၀ နာရီေက်ာ္တြင္ ကယ္ဆယ္ေရးစတင္ေန
ဇူလိုင် 10, 2018
By 🌸
�Update: 12:00 PM(MMTime)၊10/7/2018�
:::::::::::::::::::::::::::::::::::::::::::
မယ္ဆုိင္ဂူအတြင္း က်န္ရိွေနသည့္ ကေလး(၅)ဦးကို ဇူလိုင္လ(၁၀)ရက္ေန႔တြင္ အၿပီးေခၚထုတ္သြားမည္ျဖစ္ၿပီး တတိယေျမာက္ ကယ္ဆယ္ေရးအစီအစဥ္ကို ထုိင္းစံေတာ္ခ်ိန္ နံနက္ (၁၀)ေက်ာ္တြင္ စတင္ေနၿပီျဖစ္ေၾကာင္း သိရသည္။

“မိုးရြာထားေပမဲ့ ကယ္ဆယ္ေရးအဖြဲ႕ေတြ ဒါကိုလုပ္ႏုိင္မွာပါ။ ပထမေန႔က ကယ္ဆယ္ေရးအတြက္ (၁၁)နာရီအခ်ိန္ယူတယ္။ မေန႔က (၉)နာရီပဲၾကာတယ္။ ဒီေန႔ ပိုျမန္ျမန္လုပ္ႏုိင္မွာပါ။ အားလံုးအဆင္ေျပတယ္ဆိုရင္ေတာ့ ကေလး(၄)ေယာက္နဲ႔ နည္းျပရယ္၊ သူတို႔နဲ႔အတူေနေပးေနတဲ့ ဆရာဝန္တစ္ေယာက္၊ ေရတပ္အထူးအဖြဲ႕ေတြ အတူတူျပန္ထြက္လာၾကေတာ့မွာပါ”ဟု ကယ္ဆယ္ေရးကို ၾကီးၾကပ္ေနသည့္ ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးေဟာင္း နာရြန္ဆတ္အိုစထာနာကြန္းက ဇူလုိင္လ(၁၀)ရက္ေန႔ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားလုိက္သည္။။

ဇူလိုင္လ(၈)ရက္ေန႔ႏွင့္ ဇူလိုင္လ(၉)ရက္ေန႔မ်ားတြင္ (၄)ဦးစီကို ကယ္ထုတ္လာႏုိင္ခဲ့ၿပီျဖစ္ၿပီး ဇူလုိင္လ(၉)ရက္ေန႔က ကယ္ဆယ္ေရးေဆာင္ရြက္ခ်ိန္ (၉)နာရီၾကာခဲ့ရာ ပထမေန႔ကထက္ ႏွစ္နာရီ ပိုျမန္ခဲ့ေၾကာင္း သိရသည္။

ယခင္ေန႔က ကယ္ဆယ္ေရးလုပ္ေဆာင္သူမ်ားက ဆက္လက္လုပ္ေဆာင္ေနျခင္းျဖစ္သျဖင့္ ဂူအတြင္း လမ္းေၾကာင္းအေျခအေနကို ေကာင္းစြာသိေနၿပီျဖစ္၍ ယေန႔ကယ္ဆယ္ေရးတြင္ ပိုမိုျမန္ဆန္စြာ လုပ္ေဆာင္ႏုိင္မည္ဟု ခန္႔မွန္းထားၾကၿပီး က်န္ရိွသူ(၅)ဦးလံုးအား ယေန႔ေခၚထုတ္မည္ျဖစ္ေၾကာင္း သိရသည္။

ဇူလုိင္လ(၈)ရက္ေန႔ညကတည္းက မယ္ဆိုင္ဂူပတ္ဝန္းက်င္တြင္ မိုးရြာသြန္းေနခဲ့ျခင္းျဖစ္သည္။

သတင္း - Tachileik News Agency
ဓါတ္ပံု - PR Chaingrai

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူအတွင်း ကျန်ရှိနေသည့် ၅ ဦးအပြီးခေါ်ထုတ်ရန် နံနက် ၁၀ နာရီကျော်တွင် ကယ်ဆယ်ရေးစတင်နေ
�Update: 12:00 PM(MMTime)၊10/7/2018�
:::::::::::::::::::::::::::::::::::::::::::
မယ်ဆိုင်ဂူအတွင်း ကျန်ရှိနေသည့် ကလေး(၅)ဦးကို ဇူလိုင်လ(၁၀)ရက်နေ့တွင် အပြီးခေါ်ထုတ်သွားမည်ဖြစ်ပြီး တတိယမြောက် ကယ်ဆယ်ရေးအစီအစဉ်ကို ထိုင်းစံတော်ချိန် နံနက် (၁၀)ကျော်တွင် စတင်နေပြီဖြစ်ကြောင်း သိရသည်။

“မိုးရွာထားပေမဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ဒါကိုလုပ်နိုင်မှာပါ။ ပထမနေ့က ကယ်ဆယ်ရေးအတွက် (၁၁)နာရီအချိန်ယူတယ်။ မနေ့က (၉)နာရီပဲကြာတယ်။ ဒီနေ့ ပိုမြန်မြန်လုပ်နိုင်မှာပါ။ အားလုံးအဆင်ပြေတယ်ဆိုရင်တော့ ကလေး(၄)ယောက်နဲ့ နည်းပြရယ်၊ သူတို့နဲ့အတူနေပေးနေတဲ့ ဆရာဝန်တစ်ယောက်၊ ရေတပ်အထူးအဖွဲ့တွေ အတူတူပြန်ထွက်လာကြတော့မှာပါ”ဟု ကယ်ဆယ်ရေးကို ကြီးကြပ်နေသည့် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးဟောင်း နာရွန်ဆတ်အိုစထာနာကွန်းက ဇူလိုင်လ(၁၀)ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။။

ဇူလိုင်လ(၈)ရက်နေ့နှင့် ဇူလိုင်လ(၉)ရက်နေ့များတွင် (၄)ဦးစီကို ကယ်ထုတ်လာနိုင်ခဲ့ပြီဖြစ်ပြီး ဇူလိုင်လ(၉)ရက်နေ့က ကယ်ဆယ်ရေးဆောင်ရွက်ချိန် (၉)နာရီကြာခဲ့ရာ ပထမနေ့ကထက် နှစ်နာရီ ပိုမြန်ခဲ့ကြောင်း သိရသည်။

ယခင်နေ့က ကယ်ဆယ်ရေးလုပ်ဆောင်သူများက ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သဖြင့် ဂူအတွင်း လမ်းကြောင်းအခြေအနေကို ကောင်းစွာသိနေပြီဖြစ်၍ ယနေ့ကယ်ဆယ်ရေးတွင် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်မည်ဟု ခန့်မှန်းထားကြပြီး ကျန်ရှိသူ(၅)ဦးလုံးအား ယနေ့ခေါ်ထုတ်မည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ(၈)ရက်နေ့ညကတည်းက မယ်ဆိုင်ဂူပတ်ဝန်းကျင်တွင် မိုးရွာသွန်းနေခဲ့ခြင်းဖြစ်သည်။

သတင်း - Tachileik News Agency
ဓါတ်ပုံ - PR Chaingrai

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~