တနင်္သာရီတွင် မိုးဆက်တိုက်ရွာ၍ တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်နစ်မြုပ်နေအိမ်များမှ မိသားစုများကို ရွှေ့ပြောင်း ပေးထားရ

တနင်္သာရီတွင် မိုးဆက်တိုက်ရွာ၍ တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်နစ်မြုပ်နေအိမ်များမှ မိသားစုများကို ရွှေ့ပြောင်း ပေးထားရ
ဇူလိုငျ 21, 2018
By Tachileik News Agency

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး တနင်္သာရီမြစ်ရေမြင့်တက်မှုကြောင့် ချောင်းဘေးရှိ ရပ်ကွက်များတွင် ရေဝင်နစ်မြုပ်သည့် နေအိမ်များမှ မိသားစုများအား ဇူလိုင် (၁၉) ရက်နှင့် (၂၀)ရက်နေ့များတွင် ရေလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။


ရေဘေးကူညီကယ်ဆယ်ရေးတွင် အသုံးပြုနိုင်ရန်အတွက် ဖိုက်ဘာလှေ (၁၀) စင်းကို မြိတ်မြို့ရှိ နယ်မြေခံစစ်မြေပြင်အင်ဂျင်နီယာတပ်က ဇူလိုင်လ(၂၀)ရက်နေ့တွင် ရေကြီးသည့်နေရာများသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး တနင်္သာရီမြစ်ရမြေင့်တက်မှုကြောင့် ချောင်းဘေးရှိ ရပ်ကွက်များတွင် ရေဝင်နစ်မြုပ်သည့် နေအိမ်များမှ မိသားစုများအား ဇူလိုင် (၁၉) ရက်နှင့် (၂၀)ရက်နေ့များတွင် ရေလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။

ရေဝင်နစ်မြုပ်အိမ်များမှ မိသားစုများကို ရွှေ့ပြောင်းပေးရန် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ကူညီပေးခဲ့ကြပြီး (၂) ရက်တာကာလအတွင်း အိမ်ခြေ (၇၇) လုံးမှလူဦးရေ (၄၄၆) ဦးကို ရေဘေးလွတ်ရာ တနင်္သာရီမြို့ရိပ်သာ ဘုန်းတော်ကြီးကျောင်း၊ ချောင်းကြီးဘုန်းတော်ကြီး ကျောင်းနှင့် ရေလွတ်ရာရှိ နီးစပ်ရာနေအိမ်များသို့ ကူညီပြောင်းရွှေ့ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

ရေဘေးကူညီကယ်ဆယ်ရေးတွင် အသုံးပြုနိုင်ရန်အတွက် ဖိုက်ဘာလှေ (၁၀) စင်းကို မြိတ်မြို့ရှိ နယ်မြေခံစစ်မြပြေင်အင်ဂျင်နီယာတပ်က ဇူလိုင်လ(၂၀)ရက်နေ့တွင် ရကြေီးသည့်နေရာများသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

မြိတ်-ကော့သောင်း ပြည်ထောင်စုကားလမ်းမကြီးတွင်လည်း ဇူလိုင်လ (၁၉)ရက်နေ့က လမ်းရေကျော်မှုများဖြစ်ပွားခဲ့ရာ ခရီးသွားများဖြတ်သန်းသွားလာရန် အခက်အခဲဖြစ်နေသဖြင့် နယ်မြေခံတပ်မတော်သားများက ကူညီပေးထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~