တာခ်ီလိတ္တြင္ ယာဥ္တိုက္မႈျဖစ္ၿပီး ကားေမာင္း၍ ထြက္ေျပးသူ ထိုင္းႏိုင္ငံသားအား ဖမ္းဆီးကာ အေရးယူထား

တာခ်ီလိတ္တြင္ ယာဥ္တိုက္မႈျဖစ္ၿပီး ကားေမာင္း၍ ထြက္ေျပးသူ ထိုင္းႏိုင္ငံသားအား ဖမ္းဆီးကာ အေရးယူထား
ဇူလိုင် 26, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ဆိုင္ကယ္ ႏွင့္ ကားတိုက္မိၿပီး ကားျဖင့္ ေမာင္းကာ ထြက္ေျပးသြားသည့္ ထိုင္းႏိုင္ငံသား (၁)ဦးကို ရဲတပ္ဖြဲ႔က လိုက္လံ ဖမ္းဆီးရာမွ ဖမ္းဆီးရမိၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

 ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၂၆)ရက္ေန႔ နံနက္(၁၀)နာရီ ၀န္းက်င္အခ်ိန္က ပုန္းထြန္ရပ္ကြက္ (၁)လမ္းထိပ္၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမတြင္  ယာဥ္တုိက္မႈျဖစ္ပြားေနေၾကာင္းကို ဆိုင္ကယ္တကၠစီ အစည္းအရံုးက ယာဥ္ထိန္းတပ္ဖြဲ႕အား အေၾကာင္းၾကားေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရၿပီး အခင္းျဖစ္ေနရာအား ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးရာ ေမာ္ေတာ္ဆုိင္ကယ္ေမာင္းႏွင္သူမွာ ဒဏ္ရာရရိွေနေၾကာင္း ေတြ႔ရသျဖင့္ တာခ်ီလိတ္ေဆးရံုသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

ယာဥ္တုိက္မႈ ျဖစ္စဥ္အား စံုစမ္းစစ္ေဆးရာ ပုန္းထြန္ရပ္ကြက္ဘက္မွ ထြက္လာကာ ဗုိလ္ခ်ဳပ္လမ္းေပၚ ခ်ိဳးေကြ႕ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္က အမွတ္(၁) ခ်စ္ၾကည္ေရးတံတား အဝိုင္းပတ္မွ ပုန္းထြန္ရပ္ကြက္ဘက္သို႔ ေမာင္းႏွင္လာသည့္ ဆုိင္ကယ္အား မ်က္ႏွာခ်င္းဆုိင္ ဝင္ေရာက္ တုိက္မိျခင္းျဖစ္ၿပီး ေမာ္ေတာ္ယာဥ္ကို မရပ္တန္႔ဘဲ ဆက္လက္ေမာင္းႏွင္ ထြက္ေျပးျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္တုိက္မႈျဖစ္ပြားသည့္ယာဥ္မွ ထုိင္းႏုိင္ငံသား နန္ထဖုန္(ခ) ေကာ့(ပ္)သည္ တရားမဝင္ ဝင္ေရာက္လာသူ ျဖစ္ေၾကာင္း ကနဦး သိရၿပီး လဝက မွ ဆက္လက္ စစ္ေဆးေနဆဲျဖစ္ေၾကာင္း သိရသည္။

ယာဥ္တုိက္မႈမွ ထြက္ေျပးသူအား လုိက္လံ ဖမ္းဆီးႏိုင္ခဲ့ၿပီး ယာဥ္ေမာင္းျဖစ္သူ ထုိင္းႏုိင္ငံသား နန္ထဖုန္(ခ) ေကာ့(ပ္)အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၂၈/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၇ ျဖင့္အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ဆိုင်ကယ် နှင့် ကားတိုက်မိပြီး ကားဖြင့် မောင်းကာ ထွက်ပြေးသွားသည့် ထိုင်းနိုင်ငံသား (၁)ဦးကို ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးရာမှ ဖမ်းဆီးရမိပြီးနောက် တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့ နံနက်(၁၀)နာရီ ဝန်းကျင်အချိန်က ပုန်းထွန်ရပ်ကွက် (၁)လမ်းထိပ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမတွင် ယာဉ်တိုက်မှုဖြစ်ပွားနေကြောင်းကို ဆိုင်ကယ်တက္ကစီ အစည်းအရုံးက ယာဉ်ထိန်းတပ်ဖွဲ့အား အကြောင်းကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အခင်းဖြစ်နေရာအား ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ မော်တော်ဆိုင်ကယ်မောင်းနှင်သူမှာ ဒဏ်ရာရရှိနေကြောင်း တွေ့ရသဖြင့် တာချီလိတ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်အား စုံစမ်းစစ်ဆေးရာ ပုန်းထွန်ရပ်ကွက်ဘက်မှ ထွက်လာကာ ဗိုလ်ချုပ်လမ်းပေါ် ချိုးကွေ့မောင်းနှင်လာသည့် မော်တော်ယာဉ်က အမှတ်(၁) ချစ်ကြည်ရေးတံတား အဝိုင်းပတ်မှ ပုန်းထွန်ရပ်ကွက်ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်အား မျက်နှာချင်းဆိုင် ဝင်ရောက် တိုက်မိခြင်းဖြစ်ပြီး မော်တော်ယာဉ်ကို မရပ်တန့်ဘဲ ဆက်လက်မောင်းနှင် ထွက်ပြေးခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားသည့်ယာဉ်မှ ထိုင်းနိုင်ငံသား နန်ထဖုန်(ခ) ကော့(ပ်)သည် တရားမဝင် ဝင်ရောက်လာသူ ဖြစ်ကြောင်း ကနဦး သိရပြီး လဝက မှ ဆက်လက် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုမှ ထွက်ပြေးသူအား လိုက်လံ ဖမ်းဆီးနိုင်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ထိုင်းနိုင်ငံသား နန်ထဖုန်(ခ) ကော့(ပ်)အား တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၂၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~