မယ္ဆုိင္ဂူမွ ကယ္ထုတ္လာသည့္ ကေလးမ်ားအား ထုိင္းအာဏာပိုင္မ်ားမွ ၾကည့္ရႈေစာင့္ေရွာက္ေနဆဲျဖစ္၍ မီဒီယာမ်ား အင္တာဗ်ဴး မျပဳလုပ္ရန္ တားျမစ္ထား

မယ္ဆုိင္ဂူမွ ကယ္ထုတ္လာသည့္ ကေလးမ်ားအား ထုိင္းအာဏာပိုင္မ်ားမွ ၾကည့္ရႈေစာင့္ေရွာက္ေနဆဲျဖစ္၍ မီဒီယာမ်ား အင္တာဗ်ဴး မျပဳလုပ္ရန္ တားျမစ္ထား
ဇူလိုင် 21, 2018
By Tachileik News Agency

ထုိင္းႏုိင္ငံ၊ မယ္ဆိုင္ၿမိဳ႕ ထမ့္လြမ္ဂူအတြင္းမွ ကယ္ထုတ္လာသည့္  ေတာဝက္ေဘာလံုးအသင္းမွ ကေလးမ်ားအား ကေလးသူငယ္ကာကြယ္ေစာင့္ေရွာက္ေရး ဥပေဒအရ ကေလးသူငယ္အခြင့္အေရးမ်ား ရရိွ ခံစားႏုိင္ေရး အတြက္ မယ္ဆုိင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ လူမႈဖြံ႕ၿဖိဳးေရးႏွင့္ လံုၿခံဳေရးဌာနမွ အႀကီးကဲတုိ႔ ေတြ႕ဆံုေဆြးေႏြးခဲ့ေၾကာင္း ခ်င္းရိုင္းခရိုင္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဆုမ္ဘြန္းစီရာဝတ္က ၂၀၁၈ ခုႏွစ္ ဇူလုိင္လ(၂၀)ရက္ေန႔တြင္ ထုတ္ေဖၚေျပာၾကားလုိက္သည္။

ေတာဝက္ေဘာလံုးအသင္းမွ ကေလးငယ္မ်ားကို ေဆးရံုမွ ဆင္းခြင့္ျပဳလုိက္ၿပီျဖစ္ေသာ္လည္း ၎တုိ႔၏ စိတ္ပိုင္းဆုိင္ရာ တည္ၿငိမ္မႈ ရရိွေသးသည့္ အေနအထားတြင္ မရိွေသးသျဖင့္ အခ်ိန္ယူရန္ လိုအပ္ ေနေသာ္လည္း ႏုိင္ငံတကာမီဒီယာဌာနအခ်ိဳ႕က အိမ္တိုင္ရာေရာက္ အင္တာဗ်ဴးလုပ္ေဆာင္ေနျခင္းမ်ားကို ေတြ႔ရသျဖင့္ ယင္းကဲ့သို႔ ေဆြးေႏြးေနရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အစည္းအေဝးသို႔ ကေလးမ်ား၏ အုပ္ထိိန္းသူမ်ားလည္း တက္ေရာက္ၾကၿပီး ကေလးမ်ားအား ထပ္မံ၍ အင္တာဗ်ဴးခြင့္ မျပဳရန္ သေဘာတူခဲ့ၾကေၾကာင္း သိရသည္။

ကေလးသူငယ္ အခြင့္အေရးကို ထိခိုက္ေစမည္ကို အာဏာပိုင္မ်ားက စိုးရိမ္ျခင္းျဖစ္ေၾကာင္း ခရိုင္ဒုတိယအုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။

ကေလးမ်ားမွာ ကၽြမ္းက်င္ ပညာရွင္မ်ားအဖြဲ႕ျဖင့္ ၾကည့္ရႈေစာင့္ေရွာက္ေနရဆဲ အေနအထားတြင္ ရိွေနဆဲျဖစ္ေၾကာင္း သိရသည္။

ကေလးသူငယ္ ကာကြယ္ေစာင့္ေရွာက္ေရး ဥပေဒအရ ကေလးသူငယ္မ်ား သို႔မဟုတ္ အုပ္ထိန္းသူမ်ားကို မီဒီယာမ်ား သို႔မဟုတ္ အျခားနည္းပညာဆုိင္ရာ အခ်က္အလက္ တင္ျပျခင္းမ်ားမွ စိတ္ပိုင္းဆုိင္ရာ ထိခိုက္ေစျခင္း၊ အေႏွာင့္အယွက္ျဖစ္ေစျခင္း၊ အက်ိဳးစီးပြားအလုိ႔ငွာ အသံုးခ်ျခင္း၊ အျခားဥပေဒမဲ့ လုပ္ရပ္မ်ားလုပ္ျခင္း စသည္တို႔မွ ျပင္းျပင္းထန္ထန္ တားျမစ္ထားျခင္းျဖစ္ၿပီး ဥပေဒကို ခ်ိဳးေဖါက္ပါက အျမင့္ဆံုးျပစ္ဒဏ္အျဖစ္ ဘတ္ (၆)ေသာင္း သို႔မဟုတ္ ေထာင္(၆)လ သို႔မဟုတ္ ျပစ္ဒဏ္ ႏွစ္ရပ္လံုးက်ခံရႏုိင္ေၾကာင္း သိရသည္။

မယ္ဆုိင္ၿမိဳ႕မွ တာဝန္ရိွသူမ်ားႏွင့္ ကေလးသူငယ္အခြင့္အေရးကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႕မ်ားက ေတာဝက္အသင္းမွ ကေလးမ်ားအေပၚ အဆိုပါ ကိစၥရပ္မ်ား ျဖစ္ပြားျခင္းရိွ မရိွကို ေစာင့္ၾကည့္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေတာဝက္အသင္းမွ ကေလး(၁၂)ေယာက္ႏွင့္ နည္းျပတုိ႔ကို မယ္ဆုိင္ဂူတြင္းမွ (၁၈)ရက္ၾကာ ကယ္ဆယ္မႈ အၿပီးတြင္ ခ်င္းရိုင္းေဆးရံု အထူးၾကပ္မတ္ေဆာင္တြင္ ကုသေပးေနရာမွ ဇူလုိင္လ (၁၈)ရက္ေန႔က ေဆးရံုမွ ဆင္းခြင့္ေပးလုိက္ျခင္းျဖစ္သည္။

ကေလးမ်ား ေဆးရံုမွဆင္းၿပီးေနာက္ ႏုိင္ငံတကာသတင္းဌာနအခ်ိဳ႕က ကေလးမ်ားႏွင့္ အင္တာဗ်ဴးမ်ားကို တင္ျပလာရာ ထုိင္းႏုိင္ငံမွ အာဏာပိုင္မ်ားက ကေလးသူငယ္အခြင့္အေရး ထိခိုက္ေစသည္ဟုဆိုကာ ယင္းကိစၥရပ္မ်ားအေပၚ စိုးရိမ္လာျခင္းျဖစ္သည္။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ ထမ့်လွမ်ဂူအတွင်းမှ ကယ်ထုတ်လာသည့် တောဝက်ဘောလုံးအသင်းမှ ကလေးများအား ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ကလေးသူငယ်အခွင့်အရေးများ ရရှိ ခံစားနိုင်ရေး အတွက် မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူမှုဖွံ့ဖြိုးရေးနှင့် လုံခြုံရေးဌာနမှ အကြီးကဲတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ချင်းရိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဆုမ်ဘွန်းစီရာဝတ်က ၂၀၁၈ ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

တောဝက်ဘောလုံးအသင်းမှ ကလေးငယ်များကို ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်သော်လည်း၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု ရရှိသေးသည့် အနေအထားတွင် မရှိသေးသဖြင့် အချိန်ယူရန် လိုအပ် နေသော်လည်း နိုင်ငံတကာမီဒီယာဌာနအချို့က အိမ်တိုင်ရာရောက် အင်တာဗျူးလုပ်ဆောင်နခြေင်းများကို တွေ့ရသဖြင့် ယင်းကဲ့သို့ ဆွေးနွေးနေရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ကလေးများ၏ အုပ်ထိန်းသူများလည်း တက်ရောက်ကြပြီး ကလေးများအား ထပ်မံ၍ အင်တာဗျူးခွင့် မပြုရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ကလေးသူငယ် အခွင့်အရေးကို ထိခိုက်စေမည်ကို အာဏာပိုင်များက စိုးရိမ်ခြင်းဖြစ်ကြောင်း ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူးက ပြောသည်။

ကလေးများမှာ ကျွမ်းကျင် ပညာရှင်များအဖွဲ့ဖြင့် ကြည့်ရှုစောင့်ရှောက်နေရဆဲ အနေအထားတွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ကလေးသူငယ်များ သို့မဟုတ် အုပ်ထိန်းသူများကို မီဒီယာများ သို့မဟုတ် အခြားနည်းပညာဆိုင်ရာ အချက်အလက် တင်ပြခြင်းများမှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စခြေင်း၊ အနှောင့်အယှက်ဖြစ်စခြေင်း၊ အကျိုးစီးပွားအလို့ငှါ အသုံးချခြင်း၊ အခြားဥပဒေမဲ့ လုပ်ရပ်များလုပ်ခြင်း စသည်တို့မှ ပြင်းပြင်းထန်ထန် တားမြစ်ထားခြင်းဖြစ်ပြီး ဥပဒေကို ချိုးဖောက်ပါက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ဘတ် (၆)သောင်း သို့မဟုတ် ထောင်(၆)လ သို့မဟုတ် ပြစ်ဒဏ် နှစ်ရပ်လုံးကျခံရနိုင်ကြောင်း သိရသည်။

မယ်ဆိုင်မြို့မှ တာဝန်ရှိသူများနှင့် ကလေးသူငယ်အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့များက တောဝက်အသင်းမှ ကလေးများအပေါ် အဆိုပါ ကိစ္စရပ်များ ဖြစ်ပွားခြင်းရှိ မရှိကို စောင့်ကြည့် သွားမည်ဖြစ်ကြောင်း သိရသည်။

တောဝက်အသင်းမှ ကလေး(၁၂)ယောက်နှင့် နည်းပြတို့ကို မယ်ဆိုင်ဂူတွင်းမှ (၁၈)ရက်ကြာ ကယ်ဆယ်မှု အပြီးတွင် ချင်းရိုင်းဆေးရုံ အထူးကြပ်မတ်ဆောင်တွင် ကုသပေးနေရာမှ ဇူလိုင်လ (၁၈)ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ပေးလိုက်ခြင်းဖြစ်သည်။

ကလေးများ ဆေးရုံမှဆင်းပြီးနောက် နိုင်ငံတကာသတင်းဌာနအချို့က ကလေးများနှင့် အင်တာဗျူးများကို တင်ပြလာရာ ထိုင်းနိုင်ငံမှ အာဏာပိုင်များက ကလေးသူငယ်အခွင့်အရေး ထိခိုက်စေသည်ဟုဆိုကာ ယင်းကိစ္စရပ်များအပေါ် စိုးရိမ်လာခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~