ေတာ၀က္ေဘာလံုးအသင္းမွ ဗုဒၶဘာသာ၀င္ လူငယ္(၁၂)ဦး သကၤန္း၀တ္ရန္ လြယ္တံုးေတာင္ ဓာတ္ေတာ္ေစတီညီေနာင္သို႔ ေရာက္ရွိကာ ႀကိဳေရးအဖြဲ႔မ်ားက စီတန္းႀကိဳဆို

ေတာ၀က္ေဘာလံုးအသင္းမွ ဗုဒၶဘာသာ၀င္ လူငယ္(၁၂)ဦး သကၤန္း၀တ္ရန္ လြယ္တံုးေတာင္ ဓာတ္ေတာ္ေစတီညီေနာင္သို႔ ေရာက္ရွိကာ ႀကိဳေရးအဖြဲ႔မ်ားက စီတန္းႀကိဳဆို
ဇူလိုင် 25, 2018
By Tachileik News Agency

သကၤန္းဝတ္မည့္ ေတာဝက္ေဘာလံုးအသင္းမွ (၁၂)ဦးသည္ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၂၅)ရက္ေန႔တြင္ ရွင္ျပဳမဂၤလာ အခမ္းအနားက်င္းပမည့္ မယ္ဆုိင္ၿမိဳ႕ လိြဳင္တံုးေတာင္ရိွ ဓာတ္ေတာ္ေစတီညီေနာင္သို႔ ေရာက္ရိွလာရာ ႀကိဳဆိုေနၾကျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕ နဂါးႏွစ္ေကာင္ ပရိယတၱိစာသင္တုိက္၏ ဦးစီးပဓာန နာယက ဆရာေတာ္၊ ႏုိင္ငံေတာ္ ၾသဝါဒစရိယ၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက၊ အဂၢမဟာပ႑ိတ၊ ဂုဏ္ထူးေဆာင္ ပါရဂူဘြဲ႕ရ နဂါးႏွစ္ေကာင္ဆရာေတာ္ ဘဒၵႏၱဓမၼသီရိလည္း ယေန႔တြင္ ၾကြေရာက္လာသည္ကို ေတြ႔ရသည္။

ေတာဝက္ေဘာလံုးအသင္းမွ (၁၂)ဦးသည္ ဇူလိုင္လ(၂၄)ရက္ေန႔က မယ္ဆုိင္ၿမိဳ႕ ဒိြဳင္ေဝါင္းဘုန္းေတာ္ႀကီး ေက်ာင္းရိွ ဓာတ္ေတာ္ေစတီတြင္ ထုိင္းဗုဒၶဘာသာထံုးစံအရ ဝတ္ျဖဴစင္ၾကယ္ဝတ္ဆင္ျခင္း၊ ဆံခ်ျခင္းတုိ႔ကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

မယ္ဆုိင္ဂူအတြင္းမွ ကယ္ဆယ္ခဲ့ရသည့္ ေတာဝက္ေဘာလံုးအသင္းမွ ကေလး(၁၂)ဦးႏွင့္ နည္းျပတို႔ အနက္ ဗုဒၶဘာသာဝင္ ကေလး(၁၁)ဦးႏွင့္ နည္းျပတို႔က ကယ္ဆယ္ေရးအတြင္း ေသဆံုးခဲ့ရသည့္ ဆာမန္ခူနန္ အပါအဝင္ ကယ္ဆယ္ေရးတြင္ပါဝင္သူမ်ားအတြက္ ေကာင္းမႈကုသိုလ္ရေစရန္ သကၤန္းဝတ္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကေလး(၁၂)ဦးက မယ္ဆုိင္ၿမိဳ႕ လြယ္ေဝါင္းဘုန္းေတာ္ႀကီးေက်ာင္းတြင္ သကၤန္းဝတ္ၾကမည္ျဖစ္ၿပီး  ကယ္ဆယ္ေရးအတြင္း ေသဆံုးခဲ့သည့္ ေရတပ္အဖြဲ႕ဝင္ေဟာင္း ဆာမန္ခူနန္အား ရည္စူး၍ စစ္သား(၉)ဦးကလည္း အဆုိပါ ဘုန္းႀကီးေက်ာင္းတြင္ သကၤန္းဝတ္ခဲ့ၾကျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ကိုေဇာင္း


~~~~~~~~⊰❂ unicode ~~~~~~~~

သင်္ကန်းဝတ်မည့် တောဝက်ဘောလုံးအသင်းမှ (၁၂)ဦးသည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်နေ့တွင် ရှင်ပြုမင်္ဂလာ အခမ်းအနားကျင်းပမည့် မယ်ဆိုင်မြို့ လွိုင်တုံးတောင်ရှိ ဓာတ်တော်စေတီညီနောင်သို့ ရောက်ရှိလာရာ ကြိုဆိုနကြခြေင်းဖြစ်သည်။

တာချီလိတ်မြို့ နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယက ဆရာတော်၊ နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ နဂါးနှစ်ကောင်ဆရာတော် ဘဒ္ဒန္တဓမ္မသီရိလည်း ယနေ့တွင် ကြွရောက်လာသည်ကို တွေ့ရသည်။

တောဝက်ဘောလုံးအသင်းမှ (၁၂)ဦးသည် ဇူလိုင်လ(၂၄)ရက်နေ့က မယ်ဆိုင်မြို့ ဒွိုင်ဝေါင်းဘုန်းတော်ကြီး ကျောင်းရှိ ဓာတ်တော်စေတီတွင် ထိုင်းဗုဒ္ဓဘာသာထုံးစံအရ ဝတ်ဖြူစင်ကြယ်ဝတ်ဆင်ခြင်း၊ ဆံချခြင်းတို့ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မယ်ဆိုင်ဂူအတွင်းမှ ကယ်ဆယ်ခဲ့ရသည့် တောဝက်ဘောလုံးအသင်းမှ ကလေး(၁၂)ဦးနှင့် နည်းပြတို့ အနက် ဗုဒ္ဓဘာသာဝင် ကလေး(၁၁)ဦးနှင့် နည်းပြတို့က ကယ်ဆယ်ရေးအတွင်း သေဆုံးခဲ့ရသည့် ဆာမန်ခူနန် အပါအဝင် ကယ်ဆယ်ရေးတွင်ပါဝင်သူများအတွက် ကောင်းမှုကုသိုလ်ရစေရန် သင်္ကန်းဝတ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေး(၁၂)ဦးက မယ်ဆိုင်မြို့ လွယ်ဝေါင်းဘုန်းတော်ကြီးကျောင်းတွင် သင်္ကန်းဝတ်ကြမည်ဖြစ်ပြီး ကယ်ဆယ်ရေးအတွင်း သေဆုံးခဲ့သည့် ရေတပ်အဖွဲ့ဝင်ဟောင်း ဆာမန်ခူနန်အား ရည်စူး၍ စစ်သား(၉)ဦးကလည်း အဆိုပါ ဘုန်းကြီးကျောင်းတွင် သင်္ကန်းဝတ်ခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~