ေတာ၀က္ေဘာလံုးအသင္းမွ လူငယ္(၁၂)ဦး သကၤန္းမ၀တ္မီ ထိုင္းဘုရင္မင္းျမတ္ ႏွင့္ မိဘေဆြမ်ဳိးမ်ားအား ဂါရ၀ျပဳ

ေတာ၀က္ေဘာလံုးအသင္းမွ လူငယ္(၁၂)ဦး သကၤန္းမ၀တ္မီ ထိုင္းဘုရင္မင္းျမတ္ ႏွင့္ မိဘေဆြမ်ဳိးမ်ားအား ဂါရ၀ျပဳ
ဇူလိုင် 25, 2018
By Tachileik News Agency

သကၤန္းဝတ္မည့္ ေတာဝက္ေဘာလံုးအသင္းမွ (၁၂)ဦး ရွင္ျပဳမဂၤလာ အခမ္းအနားက်င္းပေနသည့္ မယ္ဆုိင္ၿမိဳ႕ လိြဳင္တံုးေတာင္ရိွ ဓာတ္ေတာ္ေစတီညီေနာင္ရင္ျပင္တြင္  ဇူလိုင္လ(၂၅)ရက္ေန႔ နံနက္(၈း၄၅)နာရီ၀န္းက်င္က ထိုင္းဘုရင္၊ ဘုရင့္မယ္ေတာ္ အပါအ၀င္ ကယ္ဆယ္ေရးအတြင္း ေသဆုံးသြားသည့္ ေရငုပ္အဖြဲ႕မွ ဆာမန္ခူနန္ ႏွင့္ မိဘေဆြမ်ဳိးမ်ား အျပင္ ေက်းဇူးတင္ထုိက္သူတို႔အား ဂါရ၀ျပဳခဲ့ၾကသည္။

သာသနာ့ေဘာင္သို႔ ၀င္ေရာက္ျခင္း အခမ္းအနားကို ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၂၅)ရက္ေန႔တြင္ မယ္ဆုိင္ၿမိဳ႕ လိြဳင္တံုးေတာင္ရိွ ဓာတ္ေတာ္ေစတီ ညီေနာင္ရင္ျပင္တြင္ လာေရာက္ က်င္းပျခင္းျဖစ္ၿပီး ရွင္ျပဳမဂၤလာအခမ္းအနားသို႔ တာခ်ီလိတ္ၿမိဳ႕ နဂါးႏွစ္ေကာင္ ပရိယတၱိစာသင္တုိက္၏ ဦးစီးပဓာန နာယက ဆရာေတာ္၊ ႏုိင္ငံေတာ္ ၾသဝါဒစရိယ၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက၊ အဂၢမဟာပ႑ိတ၊ ဂုဏ္ထူးေဆာင္ ပါရဂူဘြဲ႕ရ နဂါးႏွစ္ေကာင္ ဆရာေတာ္ ဘဒၵႏၱဓမၼသီရိလည္း ၾကြေရာက္လာသည္ကို ေတြ႔ရသည္။

လိြဳင္တံုးတြင္ တစ္ညအိပ္ၿပီးေနာက္ ေတာဝက္ေဘာလံုးအသင္းမွ (၁၂)ဦးသည္ ဇူလိုင္လ(၂၄)ရက္ေန႔က မယ္ဆုိင္ၿမိဳ႕ ဒိြဳင္ေဝါင္းဘုန္းေတာ္ႀကီးေက်ာင္းရိွ ဓာတ္ေတာ္ေစတီတြင္ ထုိင္းဗုဒၶဘာသာထံုးစံအရ ဝတ္ျဖဴစင္ၾကယ္ဝတ္ဆင္ျခင္း၊ ဆံခ်ျခင္းတုိ႔ကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု -  ကိုေဇာင္း



~~~~~~~~⊰❂ unicode ~~~~~~~~

သင်္ကန်းဝတ်မည့် တောဝက်ဘောလုံးအသင်းမှ (၁၂)ဦး ရှင်ပြုမင်္ဂလာ အခမ်းအနားကျင်းပနေသည့် မယ်ဆိုင်မြို့ လွိုင်တုံးတောင်ရှိ ဓာတ်တော်စေတီညီနောင်ရင်ပြင်တွင် ဇူလိုင်လ(၂၅)ရက်နေ့ နံနက်(၈း၄၅)နာရီဝန်းကျင်က ထိုင်းဘုရင်၊ ဘုရင့်မယ်တော် အပါအဝင် ကယ်ဆယ်ရေးအတွင်း သေဆုံးသွားသည့် ရေငုပ်အဖွဲ့မှ ဆာမန်ခူနန် နှင့် မိဘဆွေမျိုးများ အပြင် ကျေးဇူးတင်ထိုက်သူတို့အား ဂါရဝပြုခဲ့ကြသည်။

သာသနာ့ဘောင်သို့ ဝင်ရောက်ခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်နေ့တွင် မယ်ဆိုင်မြို့ လွိုင်တုံးတောင်ရှိ ဓာတ်တော်စေတီ ညီနောင်ရင်ပြင်တွင် လာရောက် ကျင်းပခြင်းဖြစ်ပြီး ရှင်ပြုမင်္ဂလာအခမ်းအနားသို့ တာချီလိတ်မြို့ နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယက ဆရာတော်၊ နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ နဂါးနှစ်ကောင် ဆရာတော် ဘဒ္ဒန္တဓမ္မသီရိလည်း ကြွရောက်လာသည်ကို တွေ့ရသည်။

လွိုင်တုံးတွင် တစ်ညအိပ်ပြီးနောက် တောဝက်ဘောလုံးအသင်းမှ (၁၂)ဦးသည် ဇူလိုင်လ(၂၄)ရက်နေ့က မယ်ဆိုင်မြို့ ဒွိုင်ဝေါင်းဘုန်းတော်ကြီးကျောင်းရှိ ဓာတ်တော်စေတီတွင် ထိုင်းဗုဒ္ဓဘာသာထုံးစံအရ ဝတ်ဖြူစင်ကြယ်ဝတ်ဆင်ခြင်း၊ ဆံချခြင်းတို့ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~