ေတာဝက္ေဘာလံုးအသင္းမွ လူငယ္ (၁၁)ဦး သကၤန္းဝတ္မည့္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕မွ နဂါးႏွစ္ေကာင္ဆရာေတာ္ ၾကြေရာက္မည္

ေတာဝက္ေဘာလံုးအသင္းမွ လူငယ္ (၁၁)ဦး သကၤန္းဝတ္မည့္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕မွ နဂါးႏွစ္ေကာင္ဆရာေတာ္ ၾကြေရာက္မည္
ဇူလိုင် 21, 2018
By Tachileik News Agency

မယ္ဆုိင္ဂူအတြင္းမွ ကယ္ဆယ္ခဲ့ရသည့္ ေတာဝက္ေဘာလံုးအသင္းမွ ကေလး(၁၂)ဦးႏွင့္ နည္းျပတို႔ အနက္ ကေလး(၁၀)ဦးႏွင့္ နည္းျပတို႔က ကယ္ဆယ္ေရး အတြင္း ေသဆံုးခဲ့ရသည့္ ဆာမန္ခူနန္ အပါအဝင္ ကယ္ဆယ္ေရးတြင္ ပါဝင္သူမ်ား အတြက္ သကၤန္းဝတ္မည့္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၂၄)ရက္ေန႔၌ တာခ်ီလိတ္ၿမိဳ႕မွ နဂါးႏွစ္ေကာင္ဆရာေတာ္ၾကြေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံ၏ ဗုဒၶဘာသာဝင္မ်ား ဓေလ့ထံုးစံအရ သကၤန္းမစည္းမီ တစ္ရက္ႀကိဳ၍ ဝတ္ျဖဴစင္ၾကယ္ ဝတ္ဆင္ကာ ဆံခ်ျခင္း ျပဳလုပ္မည္ျဖစ္ရာ ဇူလုိင္လ(၂၄)ရက္ေန႔ နံနက္ (၈)နာရီ (၉)မိနစ္တြင္ မယ္ဆုိင္ၿမိဳ႕ လြယ္ေ၀ါင္းဘုန္းႀကီးေက်ာင္း၌ ဆံခ်ျခင္းကို တာခ်ီလိတ္ၿမိဳ႕မွ နဂါးႏွစ္ေကာင္ဆရာေတာ္က ၾကြေရာက္ ဆံခ်ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ဇူလုိင္လ(၂၅)ရက္ေန႔ နံနက္ (၇)နာရီအခ်ိန္တြင္ လိြဳင္တုန္းရိွ ေတာရေက်ာင္း၌ သကၤန္း သြားဝတ္ၾကမည္ျဖစ္ၿပီး လြယ္ေဝါင္းဘုန္းႀကီးေက်ာင္းတြင္ သီတင္းသံုးၾကမည္ျဖစ္ေၾကာင္း သိရသည္။

ေတာဝက္အသင္းမွ ကေလး(၁၂)ဦးအနက္ အစၥလာမ္ႏွင့္ ခရစ္ယာန္ဘာသာဝင္ ကေလး(၂)ဦးမွလြဲ၍ က်န္(၁၀)ဦးက (၉)ရက္ၾကာ သကၤန္းဝတ္မည္ျဖစ္ၿပီး နည္းျပက တစ္ႏွစ္ၾကာ သကၤန္းဝတ္မည္ျဖစ္ေၾကာင္း သိရသည္။

၎တို႔အား ေဆးရံုမွဆင္းခြင့္ေပးလုိက္သည့္ ဇူလုိင္လ (၁၉)ရက္ေန႔ကလည္း မိသားစု၊ ေဆြမ်ိဳးသားခ်င္းမ်ားႏွင့္ အတူ လြယ္ေဝါင္းဘုန္းေတာ္ႀကီးေက်ာင္းတြင္ ဆုေတာင္းကန္ေတာ့ျခင္းမ်ား လုပ္ေဆာင္ခဲ့ၾကျခင္းျဖစ္သည္။

ေတာဝက္ေဘာလံုး အသင္းဝင္(၁၃)ဦးကို မယ္ဆိုင္ရိွ ထမ့္လြမ္ဂူတြင္းမွ (၁၈)ရက္ၾကာ ကယ္ဆယ္ေရး လုပ္ေဆာင္ခဲ့စဥ္က ေရတပ္အထူးအဖြဲ႕ဝင္ေဟာင္း ဆာမန္ခူနန္မွာ ဂူအတြင္း ေအာက္ဆီဂ်င္ဗူးမ်ား သယ္ေပးစဥ္ ေသဆံုးသြားခဲ့ရျခင္းျဖစ္သည္။

Tachileik News Agency
AP Photo/Sakchai Lalit



~~~~~~~~⊰❂ unicode ~~~~~~~~


မယ်ဆိုင်ဂူအတွင်းမှ ကယ်ဆယ်ခဲ့ရသည့် တောဝက်ဘောလုံးအသင်းမှ ကလေး(၁၂)ဦးနှင့် နည်းပြတို့ အနက် ကလေး(၁၀)ဦးနှင့် နည်းပြတို့က ကယ်ဆယ်ရေး အတွင်း သေဆုံးခဲ့ရသည့် ဆာမန်ခူနန် အပါအဝင် ကယ်ဆယ်ရေးတွင် ပါဝင်သူများ အတွက် သင်္ကန်းဝတ်မည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့၌ တာချီလိတ်မြို့မှ နဂါးနှစ်ကောင်ဆရာတော်ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ ဗုဒ္ဓဘာသာဝင်များ ဓလေ့ထုံးစံအရ သင်္ကန်းမစည်းမီ တစ်ရက်ကြို၍ ဝတ်ဖြူစင်ကြယ် ဝတ်ဆင်ကာ ဆံချခြင်း ပြုလုပ်မည်ဖြစ်ရာ ဇူလိုင်လ(၂၄)ရက်နေ့ နံနက် (၈)နာရီ (၉)မိနစ်တွင် မယ်ဆိုင်မြို့ လွယေ်ဝါင်းဘုန်းကြီးကျောင်း၌ ဆံချခြင်းကို တာချီလိတ်မြို့မှ နဂါးနှစ်ကောင်ဆရာတော်က ကြွရောက် ဆံချပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဇူလိုင်လ(၂၅)ရက်နေ့ နံနက် (၇)နာရီအချိန်တွင် လွိုင်တုန်းရှိ တောရကျောင်း၌ သင်္ကန်း သွားဝတ်ကြမည်ဖြစ်ပြီး လွယ်ဝေါင်းဘုန်းကြီးကျောင်းတွင် သီတင်းသုံးကြမည်ဖြစ်ကြောင်း သိရသည်။

တောဝက်အသင်းမှ ကလေး(၁၂)ဦးအနက် အစ္စလာမ်နှင့် ခရစ်ယာန်ဘာသာဝင် ကလေး(၂)ဦးမှလွဲ၍ ကျန်(၁၀)ဦးက (၉)ရက်ကြာ သင်္ကန်းဝတ်မည်ဖြစ်ပြီး နည်းပြက တစ်နှစ်ကြာ သင်္ကန်းဝတ်မည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့အား ဆေးရုံမှဆင်းခွင့်ပေးလိုက်သည့် ဇူလိုင်လ (၁၉)ရက်နေ့ကလည်း မိသားစု၊ ဆွေမျိုးသားချင်းများနှင့် အတူ လွယ်ဝေါင်းဘုန်းတော်ကြီးကျောင်းတွင် ဆုတောင်းကန်တော့ခြင်းများ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

တောဝက်ဘောလုံး အသင်းဝင်(၁၃)ဦးကို မယ်ဆိုင်ရှိ ထမ့်လွမ်ဂူတွင်းမှ (၁၈)ရက်ကြာ ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့စဉ်က ရေတပ်အထူးအဖွဲ့ဝင်ဟောင်း ဆာမန်ခူနန်မှာ ဂူအတွင်း အောက်ဆီဂျင်ဗူးများ သယ်ပေးစဉ် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency
AP Photo/Sakchai Lalit

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~