မိုင်းဖြတ်မြို့မသုဿာန်အတွင်း ပျက်စီးနေသည့် လမ်းအား စုပေါင်း ပြုပြင်

မိုင်းဖြတ်မြို့မသုဿာန်အတွင်း ပျက်စီးနေသည့် လမ်းအား စုပေါင်း ပြုပြင်
ဇူလိုင် 14, 2018
By Tachileik News Agency




သတင်း/ဓါတ်ပုံ - ကိုသာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ရှိ မြို့မသုဿာန်လမ်း ပျက်စီးနေသဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၄)ရက်နေ့တွင် မီးသတ်တပ်ဖွဲ့နှင့် လူငယ်များစုပေါင်း၍ လမ်းပြုပြင်ကြကြောင်း သိရသည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ စေတနာရှေ့ထားပြီး သွားလာရခက်ခဲနေတဲ့ ချိုင့်တွေ၊ ရေဝပ်ပြီး ပျက်စီးနေတဲ့ နေရာတွေကို ကျွန်တော့် မီးသတ်စခန်းက ဝန်ထမ်းတွေရယ်၊ မြို့နယ် အတွင်းက စေတနာရှင် လူငယ်တွေရယ် စုပေါင်းပြီးတော့ လုပ်ဆောင်ကြတာဖြစ်ပါတယ်” ဟု မိုင်းဖြတ်မြို့နယ် မီးသတ်စခန်းမှူး ဦးထွန်းနေလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လမ်းပြုပြင်ရန်အတွက် ကျောက် သဲ (၁၅)စီးကို မြို့နေလူထုက ထည့်ဝင်ကြခြင်းဖြစ်ပြီး မီးသတ်စခန်း ဝန်ထမ်းများ၊ မြို့နယ်အတွင်းမှ စေတနာရှင်လူငယ်များ စုပေါင်းပြုပြင်ကြခြင်းဖြစ်ကြောင်း မိုင်းဖြတ်မြို့နယ် မီးသတ်စခန်းမှူး ဦးထွန်းနေလှိုင်ထံမှ သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~