မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်
ဇူလိုငျ 19, 2018
By Tachileik News Agency



လက်ရှိ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏  နာယကအဖြစ် ဦးသီဟစောက ထမ်းဆောင်ပြီး (၂၁)ဦး ပါဝင်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် ဦးမြတ်ခိုင်၊ ဒုတိယဥက္ကဋ္ဌ(၁) အဖြစ် ဦးဝင်းငြိမ်း၊ ဒုတိယဥက္ကဋ္ဌ(၂) အဖြစ် ဦးကျော်စွာမင်း၊ ဒုတိယဥက္ကဋ္ဌ(၃) အဖြစ် ဦးရဲမင်းဦး၊ အထွေထွေအတွင်း ရေးမှူးအဖြစ် ဦးသာဇော်တို့က တာဝန်ယူထားကာ ဗဟိုကော်မတီဝင်(၃၇)ဦး၊ အရံဗဟိုကော်မတီဝင် (၄)ဦးတို့ကို ရွေးချယ်ခဲ့ကြောင်းသိရသည်။


မြန်မာနိုင်ငံသတင်းစာ ဆရာအသင်းကို ၂၀၁၂ခုနှစ်၊ သြဂုတ်လ(၁၁)ရက်နေ့တွင် ပြည်တွင်းအသင်း အဖွဲ့ မှတ်ပုံတင်အမှတ် (၁/ပြည်တွင်း ၀၆၀၉)ဖြင့် စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နိုင်ငံလုံးဆိုင်ရာညီလာခံကို သုံးနှစ်တစ်ကြိမ် ကျင်းပ၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုရွေးချယ်နေခြင်းဖြစ်သည်။

သတင်း - ဖီးနစ်
ဓါတ်ပုံ -  MJA



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ကို တတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံက ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၁၈)ရက်နေ့တွင် ရွေးချယ်လိုက်ကြောင်း သိရသည်။

(၃) နှစ်တစ်ကြိမ် ပြန်လည်ရွေးချယ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ၂၀၁၈ ခုနှစ်တွင် တတိယအကြိမ် အဖြစ် ရွေးချယ်ခြင်းဖြစ်ပြီး အသစ်ပြန်လည် ရွေးချယ်ရာတွင် ယခင်ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်ဟောင်းများ၏ သုံးပုံတစ်ပုံမှာ ရွေးချယ်ခံရန် မလိုဘဲ ဖွဲ့စည်းပုံအရ ပြန်လည် ပါဝင်ခြင်းဖြစ်ရာ ကျန်သုံးပုံနှစ်ပုံကို ရွေးချယ်ရခြင်းဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ နာယကအဖြစ် ဦးသီဟစောက ထမ်းဆောင်ပြီး (၂၁)ဦး ပါဝင်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် ဦးမြတ်ခိုင်၊ ဒုတိယဥက္ကဋ္ဌ(၁) အဖြစ် ဦးဝင်းငြိ်မ်း၊ ဒုတိယဥက္ကဋ္ဌ(၂) အဖြစ် ဦးကျော်စွာမင်း၊ ဒုတိယဥက္ကဋ္ဌ(၃) အဖြစ် ဦးရဲမင်းဦး၊ အထွေထွေအတွင်း ရေးမှူးအဖြစ် ဦးသာဇော်တို့က တာဝန်ယူထားကာ ဗဟိုကော်မတီဝင်(၃၇)ဦး၊ အရံဗဟိုကော်မတီဝင် (၄)ဦးတို့ကို ရွေးချယ်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်အဖြစ် ဦးကိုကိုနှင့် ကောင်စီဝင်လောင်းများ အဖြစ် ဦးမြတ်ခိုင်၊ ဦးကျော်စွာမင်းနှင့် ဒေါ်အိအိတင် တို့ကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံသတင်းစာ ဆရာအသင်းကို ၂၀၁၂ခုနှစ်၊ သြဂုတ်လ(၁၁)ရက်နေ့တွင် ပြည်တွင်းအသင်း အဖွဲ့ မှတ်ပုံတင်အမှတ် (၁/ပြည်တွင်း ဝ၆၀၉)ဖြင့် စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နိုင်ငံလုံးဆိုင်ရာညီလာခံကို သုံးနှစ်တစ်ကြိမ် ကျင်းပ၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုရွေးချယ်နခြေင်းဖြစ်သည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - MJA

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~