တာချီလိတ်မြို့ ၀မ်မိုင်ဘုန်းကြီးကျောင်းသွားလမ်းတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

တာချီလိတ်မြို့ ၀မ်မိုင်ဘုန်းကြီးကျောင်းသွားလမ်းတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိ
ဇူလိုငျ 21, 2018
By Tachileik News Agency




Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ဘုန်းကြီးကျောင်းသွားလမ်းတွင် ၂၀၁၈ ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့ နေ့လယ် (၁၂)နာရီ (၄၅)မိနစ်ဝန်းကျင်က အိုက်စ်အလေးချိန် (၉၀)ဂရမ်ခန့်နှင့်အတူ လူငယ်တစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ တာဝန်ရှိသူများသည် သက်သေများနှင့်အတူ ဝမ်မိုင်ဘုန်းကြီးကျောင်း သွားလမ်းတွင် အိုက်ကျောက်ဆိုသူအား တွေ့ရသဖြင့် စစ်ဆေးရှာဖွေရာ အိုက်စ်(၉၀)ဂရမ်ခန့်နှင့်အတူ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အိုက်ကျောက်အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၆၁/၂၀၁၈၊ မူး/စိတ် ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~