ကျိုင်းတုံ ဝမ်လောက်ရွာတွင် အမျိုးသားတစ်ဦးကို စိတ်ကြွဆေးပြား (၃၈၅)ပြားဖြင့် ဖမ်းမိ

ကျိုင်းတုံ ဝမ်လောက်ရွာတွင် အမျိုးသားတစ်ဦးကို စိတ်ကြွဆေးပြား (၃၈၅)ပြားဖြင့် ဖမ်းမိ
ဇူလိုငျ 16, 2018
By Tachileik News Agency




ဓါတ်ပုံ - ရဲတပ်ဖွဲ့



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ လွယ်လုံကျေးရွာအုပ်စု၊ ဝမ်လောက်ရွာတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့ ညနေ (၃)နာရီခွဲအချိန်တွင် အမျိုးသားတစ်ဦးကို စိတ်ကြွဆေးပြား (၃၈၅)ပြားနှင့် အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ ဝမ်လောက်ရွာထိပ်တွင် စောင့်ဆိုင်းနေစဉ် ဝမ်ပျဲန်ရွာဘက်မှ ဝမ်လောက်ရွာဘက်သို့ ဆိုင်ကယ် မောင်းနှင်လာသည့် လီကာ ဆိုသူအား ရှာဖွေရာ စိတ်ကြွဆေးပြား (၃၈၅)ပြားကို စစ်ဆေး တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် လီကာအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၂၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~