က်ဳိင္းတုံၿမို႕လယ္ရွိ လြတ္လပ္ေရးေက်ာက္တိုင္တြင္ အာဇာနည္ေန႔ အထိမ္းအမွတ္ အခမ္းအနား က်င္းပ

က်ဳိင္းတုံၿမို႕လယ္ရွိ လြတ္လပ္ေရးေက်ာက္တိုင္တြင္ အာဇာနည္ေန႔ အထိမ္းအမွတ္ အခမ္းအနား က်င္းပ
ဇူလိုင် 19, 2018
By Tachileik News Agency

(၇၁)ႏွစ္ျပည့္ အာဇာနည္ေန႔ အခမ္းအနားကို ရွမ္းျပည္နယ္ (အေရွ ႔ပိုင္း) က်ဳိင္းတုံၿမို႕လယ္ရွိ လြတ္လပ္ေရးေက်ာက္တိုင္၌ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၁၉)ရက္ေန႔ နံနက္က  က်င္းပရာ ဌာနဆိုင္ရာမ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ အေျခခံပညာေက်ာင္းမ်ားမွ ေက်ာင္းသား၊ေက်ာင္းသူမ်ား တက္ေရာက္ ဂါရ၀ျပဳၾကေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ တက္ေရာက္ရန္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ပါတီမွ ပါတီဝင္မ်ားက ၎တို႔၏ ရုံးမွ လည္းေကာင္း၊ ကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢႏွင္႔ နည္းပညာတကၠသိုလ္တို႔မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားက ေစ်းေရွ ႔မွ လည္းေကာင္း၊ က်ိဳင္းတံုၿမိဳ႕ရိွ အေျခခံပညာေက်ာင္းမ်ားမွ ေက်ာင္းသား၊ေက်ာင္းသူမ်ားက ၿမိဳ႕မေဘာလုံးကြင္းမွ လည္းေကာင္း အသီးသီးစုေဝး၍ လြတ္လပ္ေရး ေက်ာက္တိုင္သို႔ ခ်ီတက္ခဲ႔ၾကျခင္းျဖစ္သည္။

အခမ္းအနားတြင္ တက္ေရာက္လာၾကသည့္ ဌာနဆိုင္ရာမ်ားႏွင္႔ အသင္းအဖြဲ႕မ်ား၊ ေဒသခံျပည္သူမ်ားက လြမ္းသူ႔ပန္းေခြခ်ကာ အာဇာနည္ေခါင္းေဆာင္မ်ား က်ဆံုးသည့္ အခ်ိန္ နံနက္ (၁၀)နာရီ (၃၇)မိနစ္တြင္ ဂါရ၀ျပဳခဲ့ၾကျခင္း ျဖစ္သည္။

အာဇာနည္ေန႔ အခမ္းအနားသို႔ လာေရာက္ ဂါရ၀ျပဳသူမ်ားကို ကြန္ပ်ဴတာတကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢက ပဲျပဳတ္ႏွင့္နံျပား၊ နည္းပညာတကၠသိုလ္က ေရႏွင္႔ေပါင္မုန္႔မ်ား၊ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ပါတီက အေအးႏွင့္ေရသန္႔တုိ႔ ေကၽြးေမြးသည့္အျပင္ Miss Universe Kengtung ၿပိဳင္ပြဲဝင္ အလွမယ္မ်ား ကလည္း လာေရာက္ပူးေပါင္း ပါ၀င္ၾကေၾကာင္း သိ္ရသည္။

သာသနာ႔ဗိမာန္တြင္လည္း က်ိဳင္းတုံၿမိဳ ့ရိွ ဌာနဆိုင္ရာမ်ားမွ စုေပါင္း၍ ၀ါဆိုသကၤန္းဆက္ကပ္လွဴဒါန္းပြဲႏွင့္ အာဇာနည္ေန ့ အထိမ္းအမွတ္ ဆြမ္းဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု ဇြဲျမတ္



~~~~~~~~⊰❂ unicode ~~~~~~~~


(၇၁)နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့လယ်ရှိ လွတ်လပ်ရေးကျောက်တိုင်၌ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့ နံနက်က ကျင်းပရာ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ တက်ရောက် ဂါရဝပြုကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပါတီဝင်များက၎င်းတို့၏ ရုံးမှ လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် နည်းပညာတက္ကသိုလ်တို့မှ ကျောင်းသား၊ ကျောင်းသူများက ဈေးရှေ့မှ လည်းကောင်း၊ ကျိုင်းတုံမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက မြို့မဘောလုံးကွင်းမှ လည်းကောင်း အသီးသီးစုဝေး၍ လွတ်လပ်ရေး ကျောက်တိုင်သို့ ချီတက်ခဲ့ကြခြင်းဖြစ်သည်။

အခမ်းအနားတွင် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက လွမ်းသူ့ပန်းခွေချကာ အာဇာနည်ခေါင်းဆောင်များ ကျဆုံးသည့် အချိန် နံနက် (၁၀)နာရီ (၃၇)မိနစ်တွင် ဂါရဝပြုခဲ့ကြခြင်း ဖြစ်သည်။

အာဇာနည်နေ့ အခမ်းအနားသို့ လာရောက် ဂါရဝပြုသူများကို ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ပဲပြုတ်နှင့်နံပြား၊ နည်းပညာတက္ကသိုလ်က ရေနှင့်ပေါင်မုန့်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက အအေးနှင့်ရေသန့်တို့ ကျွေးမွေးသည့်အပြင် Miss Universe Kengtung ပြိုင်ပွဲဝင် အလှမယ်များ ကလည်း လာရောက်ပူးပေါင်း ပါဝင်ကြကြောင်း သိ်ရသည်။

သာသနာ့ဗိမာန်တွင်လည်း ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာများမှ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~