မုိင္းေယာင္းၿမိဳ႕နယ္ ေရွခင္ေက်းရြာရိွ နမ့္ေယာင္းေခ်ာင္းကူးတံတား ေရတုိက္စား၍ ေမ်ာပါ

မုိင္းေယာင္းၿမိဳ႕နယ္ ေရွခင္ေက်းရြာရိွ နမ့္ေယာင္းေခ်ာင္းကူးတံတား ေရတုိက္စား၍ ေမ်ာပါ
ဇွန် 27, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မုိင္းေယာင္းၿမိဳ႕နယ္အတြင္း မိုးအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၇)ရက္ေန႔ ေန႔လယ္ပိုင္းက  မုန္းလုိက္ေက်းရြာအုပ္စု၊ ေရွခင္ေက်းရြာရိွ နမ့္ေယာင္းေခ်ာင္းကူးတံတား ေရတုိက္စားကာ ေမ်ာပါသြားေၾကာင္း သိရသည္။

အဆိုပါ တံတားမွာ ကြန္ကရစ္တုိင္၊ သံမဏိခင္းတံတား အမ်ိဳးအစားျဖစ္ၿပီး ဇြန္လ (၂၇)ရက္ေန႔ ေန႔လယ္ (၁၂)နာရီ (၄၅)မိနစ္တြင္ ေရတုိက္စားေမ်ာပါသြားသျဖင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ ေက်းလက္လမ္းဦးစီးဌာန၊ နယ္စပ္ေဒသႏွင့္ တိုင္းရင္းသားလူမ်ဳိးမ်ား ဖြံ႔ၿဖဳိးတိုးတက္ေရးဦးစီးဌာန၊ ေက်းလက္ေဒသဖြံ႕ၿဖိဳးတုိးတက္ေရး ဦးစီးဌာနတို႔က ကြင္းဆင္းစစ္ေဆးၿပီး ေဒသတြင္း ဆက္သြယ္ေရးမျပတ္ေတာက္ေစရန္ စတီးတပ္ႀကိဳးဆြဲ ဝါးေဖါင္ျပဳလုပ္ရန္ စီစဥ္ေပးခဲ့ေၾကာင္း သိရသည္။

ေမ်ာပါသြားသည့္ တံတားၾကမ္းခင္း သံမဏိျပားကိုလည္း မိုးရာသီေက်ာ္၍ ေခ်ာင္းေရနည္းခ်ိန္တြင္ ျပန္လည္ ဆယ္ယူၿပီး ျပဳျပင္ရန္လည္း စီမံေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆုိပါ ေခ်ာင္းကူး တံတားမွာ ကိုယ္ထူကိုယ္ထ တည္ေဆာက္ထားျခင္းျဖစ္ၿပီး ၂၀၁၅ ခုႏွစ္ ၾသဂုတ္လတြင္ တစ္ႀကိမ္၊ ၂၀၁၆ ခုႏွစ္ ႏိုဝင္ဘာလတြင္ တစ္ႀကိမ္ႏွင့္ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလတြင္ တစ္ႀကိမ္ ေရတိုက္စားေမ်ာပါခဲ့သျဖင့္ ျပန္လည္ျပဳျပင္သံုးစြဲခဲ့ရေၾကာင္း သိရသည္။

ဓါတ္ပံု - မိုင္းေယာင္း ေထြ/အုပ္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့ နေ့လယ်ပိုင်းက မုန်းလိုက်ကျေးရွာအုပ်စု၊ ရှေခင်ကျေးရွာရှိ နမ့်ယောင်းချောင်းကူးတံတား ရေတိုက်စားကာ မျောပါသွားကြောင်း သိရသည်။

အဆိုပါ တံတားမှာ ကွန်ကရစ်တိုင်၊ သံမဏိခင်းတံတား အမျိုးအစားဖြစ်ပြီး ဇွန်လ (၂၇)ရက်နေ့ နေ့လယ် (၁၂)နာရီ (၄၅)မိနစ်တွင် ရေတိုက်စားမျောပါသွားသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးလက်လမ်းဦးစီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့က ကွင်းဆင်းစစ်ဆေးပြီး ဒေသတွင်း ဆက်သွယ်ရေးမပြတ်တောက်စေရန် စတီးတပ်ကြိုးဆွဲ ဝါးဖောင်ပြုလုပ်ရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။

မျောပါသွားသည့် တံတားကြမ်းခင်း သံမဏိပြားကိုလည်း မိုးရာသီကျော်၍ ချောင်းရေနည်းချိန်တွင် ပြန်လည် ဆယ်ယူပြီး ပြုပြင်ရန်လည်း စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ချောင်းကူး တံတားမှာ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် သြဂုတ်လတွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် တစ်ကြိမ်နှင့် ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် တစ်ကြိမ် ရေတိုက်စားမျောပါခဲ့သဖြင့် ပြန်လည်ပြုပြင်သုံးစွဲခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ - မိုင်းယောင်း ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~