က်ဳိင္းတံု - မုိင္းခတ္လမ္းတြင္ ဆိုင္ကယ္ျဖင့္ မူးယစ္ေဆးသယ္လာသူ တစ္ဦး ဆိုင္ကယ္ႏွင့္မူးယစ္ေဆးထားခဲ့ကာ ထြက္ေျပးလြတ္ေျမာက္

က်ဳိင္းတံု - မုိင္းခတ္လမ္းတြင္ ဆိုင္ကယ္ျဖင့္ မူးယစ္ေဆးသယ္လာသူ တစ္ဦး ဆိုင္ကယ္ႏွင့္မူးယစ္ေဆးထားခဲ့ကာ ထြက္ေျပးလြတ္ေျမာက္
ဇွန် 7, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုၿမိဳ႕ရွိ က်ဳိင္းတံု - မိုင္းခတ္သြားလမ္းေပၚ ေတာင္သံုးလံုးေက်းရြာ အနီးတြင္ မသကၤာဖြယ္ ဆိုင္ကယ္တစ္စီးအား နယ္ေျမခံတပ္မွ ရပ္တန္႔ စစ္ေဆးရွာေဖြရန္ ျပဳလုပ္စဥ္ ဆိုင္ကယ္ေမာင္းလာသူမွာ ဆိုင္ကယ္အား ထားခဲ့ၿပီး ထြက္ေျပးသြားေၾကာင္းႏွင့္ မူးယစ္ေဆး၀ါးမ်ားအား ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိေၾကာင္း သိရသည္။

 ၂၀၁၈ ခုႏွစ္ ဇြန္လ (၆)ရက္ေန႔ ေန႔လယ္ (၁၁)နာရီဝန္းက်င္ အခ်ိန္က ေတာင္သံုးလံုးေက်းရြာအနီးတြင္ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္ လူတစ္ဦးအား မသကၤာဖြယ္ေတြ႕ရွိ၍ နယ္ေျမခံတပ္မွ စစ္ေဆးရန္ သြားေရာက္စဥ္ ဆိုင္ကယ္အားလွဲခ်ၿပီး ေတာင္ကုန္းေပၚသို႔ ေျပးတက္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ တပ္မေတာ္က အေၾကာင္းၾကားမႈေၾကာင့္ မူးယစ္တပ္ဖြဲ႕စု(၂၈)က်ဳိင္းတံုႏွင့္ မိုင္းခတ္ရဲတပ္ဖြဲ႕တုိ႔က သက္ေသမ်ားႏွင့္အတူ အဆိုပါေနရာသို႔ သြားေရာက္ၿပီး လဲက်ေနသည့္ ဆိုင္ကယ္အား စစ္ေဆးရာ ဆိုင္ကယ္၏ခြၾကား၌ ေတြ႔ရသည့္ ဆာလာအိတ္ အထုပ္အား ဖြင့္ေဖါက္ စစ္ေဆးရာမွ အိုက္စ္ (၁၉) ကီလိုကို သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးသိမ္းဆည္းရမိသည့္ မူးယစ္ေဆးဝါးမ်ားအား ရဲတပ္ဖြဲ႔ထံ လႊဲေျပာင္းေပးၿပီး   မိုင္းခတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၆/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း ႏွင့္ ထြက္ေျပးလြတ္ေျမာက္သြားသူအား ဖမ္းဆီးရမိေရးအတြက္ ႀကိဳးပမ္းေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႔



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံ - မိုင်းခတ်သွားလမ်းပေါ် တောင်သုံးလုံးကျေးရွာ အနီးတွင် မသင်္ကာဖွယ် ဆိုင်ကယ်တစ်စီးအား နယ်မြေခံတပ်မှ ရပ်တန့် စစ်ဆေးရှာဖွေရန် ပြုလုပ်စဉ် ဆိုင်ကယ်မောင်းလာသူမှာ ဆိုင်ကယ်အား ထားခဲ့ပြီး ထွက်ပြေးသွားကြောင်းနှင့် မူးယစ်ဆေးဝါးများအား ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိကြောင်း သိရသည်။

 ၂၀၁၈ ခုနှစ် ဇွန်လ (၆)ရက်နေ့ နေ့လယ် (၁၁)နာရီဝန်းကျင် အချိန်က တောင်သုံးလုံးကျေးရွာအနီးတွင် မော်တော်ဆိုင်ကယ်နှင့် လူတစ်ဦးအား မသင်္ကာဖွယ်တွေ့ရှိ၍ နယ်မြေခံတပ်မှ စစ်ဆေးရန် သွားရောက်စဉ် ဆိုင်ကယ်အားလှဲချပြီး တောင်ကုန်းပေါ်သို့ ပြေးတက်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က အကြောင်းကြားမှုကြောင့် မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံနှင့် မိုင်းခတ်ရဲတပ်ဖွဲ့တို့က သက်သေများနှင့်အတူ အဆိုပါနေရာသို့ သွားရောက်ပြီး လဲကျနေသည့် ဆိုင်ကယ်အား စစ်ဆေးရာ ဆိုင်ကယ်၏ခွကြား၌ တွေ့ရသည့် ဆာလာအိတ် အထုပ်အား ဖွင့်ဖောက် စစ်ဆေးရာမှ အိုက်စ် (၁၉) ကီလိုကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးသိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများအား ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးပြီး မိုင်းခတ်မြို့မရဲစခန်းတွင် မယ(ပ)၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း နှင့် ထွက်ပြေးလွတ်မြောက်သွားသူအား ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~