ျမန္မာေရြ႕ေျပာင္းလုပ္သားအား ေသနတ္ျဖင ့္ပစ္သတ္ထြက္ေျပးသူ ထိုင္းအလုပ္ၾကပ္အား ဖမ္းဆီးရမိထား

ျမန္မာေရြ႕ေျပာင္းလုပ္သားအား ေသနတ္ျဖင ့္ပစ္သတ္ထြက္ေျပးသူ ထိုင္းအလုပ္ၾကပ္အား ဖမ္းဆီးရမိထား
ဇွန် 2, 2018
By Tachileik News Agency

ထိုင္းႏိုင္ငံေတာင္ပိုင္း ကဘီခ႐ိုင္၊ ပါနန္းရပ္ကြက္ရွိ ကဘီျပည္သူ႔ေဆးရံု ေဆာက္လုပ္ေရးဆိုဒ္အတြင္း ျမန္မာလုပ္သားအား ေသနတ္ျဖင့္ ပစ္ခတ္တိမ္းေရွာင္ေနသည့္ ထုိင္းႏုိင္ငံသား အလုပ္ၾကပ္အား ၂၀၁၈ ခုႏွစ္ ေမလ (၃၁)ရက္ေန႔တြင္ ထုိင္းရဲတပ္ဖြဲ႕က ဖမ္းဆီးရမိၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေဆာက္လုပ္ေရးဆုိဒ္တြင္ ျမန္မာေ႐ႊ႔ေျပာင္းလုပ္သား ေမာင္ေက်ာ္လင္းသည္ ထုိင္းႏုိင္ငံသား အလုပ္ၾကပ္ျဖစ္သူ ႏိုင္အာႏုကြန္( A-NooKul Hanthanyakam) ၂၀၁၈ ခုႏွစ္ ေမလ (၂၆) ရက္ေန႔က ေဆာက္လုပ္ေရး တန္းလ်ားတြင္ ဗူး ဂဏန္း ငါး ေလာင္းကစားျခင္း ကို အတူျပဳလုပ္ေနစဥ္ အေလ်ာ္ အစား ကိစၥ ျငင္းခုန္ၾကရာမွ ခိုက္ရန္ျဖစ္ပြားၿပီး ႏုိင္အာႏုကြန္က ေသနတ္ျဖင့္ပစ္သျဖင့္ ေမာင္ေက်ာ္လင္းမွာ ေနရာတြင္ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ေမာင္ေက်ာ္လင္းသည္ ထိုင္းႏိုင္ငံသို႔ MOU စနစ္ျဖင့္ ၂၀၁၇ ခုႏွစ္တြင္ ကဘီေဆာက္လုပ္ေရးဆိုဒ္သို႔ လာေရာက္အလုပ္လုပ္ကိုင္ေနသူျဖစ္ေၾကာင္း သိရသည္။

ေသနတ္ျဖင့္ ပစ္ခတ္သူ ႏုိင္အႏုကြန္ ဟန္ထာယကန္အား ကဘီၿမိဳ႕မရဲစခန္းမွ ဒုရဲမွႈး ဆန္ယာကဲအိုႏြဲ႕က အမႈစစ္ျပဳလုပ္ၿပီး သက္ဆိုင္ရာ တရားလိုမွ ထိုင္းရာဇဝတ္မႈ (၄) မႈျဖင့္ တရားစြဲဆိုခဲ့ကာ ကဘီခရိုင္တရား႐ံုးက ဖမ္းဝရမ္းအား ေမလ (၂၇) ရက္ေန႔က ထုတ္ေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အလုပ္ၾကပ္ျဖစ္သူ ႏုိင္အႏုကြန္ ဟန္ထာယကန္တြင္ တရားမဝင္ လက္နက္ လက္ဝယ္ရွိေနေၾကာင္း ကို လံုးဝ မသိရွိပါေၾကာင္း အလုပ္ရွင္က အစစ္ေဆးခံထားေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ေဖၚ ေျပာၾကားထားေၾကာင္း သိရသည္။

ထို္င္းဘုရင့္ေတာ္ဝင္ရဲတပ္ဖြဲ႕ႏွင့္ တာဝန္ရွိသူမ်ားက သက္ေသမ်ားႏွင့္အတူ ရွာေဖြဖမ္းဆီးမႈလုပ္ေဆာင္ရာ ေမလ (၃၁)ရက္ေန႔တြင္ ထိုင္းႏိုင္ငံ အလယ္ပိုင္း အူထိုင္းဌာနီ ခရိုင္၊ အမွတ္(၂) ေက်းရြာအုပ္စု ၊ ၿမိိဳ႕မ ပိုင္း အူထိုင္းဌာနီ ခရိုင္ရွိ ေရခဲစက္အတြင္း အလုပ္သမားတန္းလ်ားတြင္ ပုန္းေအာင္းေနသူ တရားခံေျပးအား ဝင္ေရာက္ဖမ္းဆီးႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎အား တရားစြဲဆိုအေရးယူႏုိင္ေရးအတြက္ ကဘီရဲစခန္းသို႔ လႊဲေျပာင္းေပးသြားမည္ျဖစ္ေၾကာင္း သိရၿပီး ေသဆံုးသူ အသက္ (၃၂)ႏွစ္အရြယ္ ေမာင္ေက်ာ္လင္းအား ဇြန္လ (၁)ရက္ေန႔တြင္ ကဘီၿမိဳ႕၌ ဗုဒၶဘာသာ ထံုးတမ္းစဥ္လာအတိုင္း သၿဂိဳလ္ခဲ့ရာ သက္ဆိုင္ရာ ျမန္မာေအဂ်င္စီက နာေရးကိစၥအဝဝကို အျပည့္အဝ တာဝန္ယူ ကူညီေဆာင္ရြက္လ်က္႐ွိေၾကာင္း သိရသည္။

ကြယ္လြန္သြားသည့္ ျမန္မာလုပ္သား၏ ရသင့္ရထုိက္သည့္ အခြင့္အေရးမ်ား ရရိွေရးအတြက္ သက္ဆုိင္ရာ တာဝန္ရိွသူမ်ားက ဆက္လက္ကူညီေပးေနေၾကာင္း သိရသည္။

သတင္း - ဇာႏွင္း



~~~~~~~~⊰❂ unicode ~~~~~~~~


ထိုင်းနိုင်ငံတောင်ပိုင်း ကဘီခရိုင်၊ ပါနန်းရပ်ကွက်ရှိ ကဘီပြည်သူ့ဆေးရုံ ဆောက်လုပ်ရေးဆိုဒ်အတွင်း မြန်မာလုပ်သားအား သေနတ်ဖြင့် ပစ်ခတ်တိမ်းရှောင်နေသည့် ထိုင်းနိုင်ငံသား အလုပ်ကြပ်အား ၂၀၁၈ ခုနှစ် မေလ (၃၁)ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆောက်လုပ်ရေးဆိုဒ်တွင် မြန်မာရွှေ့ပြောင်းလုပ်သား မောင်ကျော်လင်းသည် ထိုင်းနိုင်ငံသား အလုပ်ကြပ်ဖြစ်သူ နိုင်အာနုကွန်( A-NooKul Hanthanyakam) ၂၀၁၈ ခုနှစ် မေလ (၂၆) ရက်နေ့က ဆောက်လုပ်ရေး တန်းလျားတွင် ဗူး ဂဏန်း ငါး လောင်းကစားခြင်း ကို အတူပြုလုပ်နေစဉ် အလျော် အစား ကိစ္စ ငြင်းခုန်ကြရာမှ ခိုက်ရန်ဖြစ်ပွားပြီး နိုင်အာနုကွန်က သေနတ်ဖြင့်ပစ်သဖြင့် မောင်ကျော်လင်းမှာ နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

မောင်ကျော်လင်းသည် ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ၂၀၁၇ ခုနှစ်တွင် ကဘီဆောက်လုပ်ရေးဆိုဒ်သို့ လာရောက်အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်သူ နိုင်အနုကွန် ဟန်ထာယကန်အား ကဘီမြို့မရဲစခန်းမှ ဒုရဲမှုး ဆန်ယာကဲအိုနွဲ့က အမှုစစ်ပြုလုပ်ပြီး သက်ဆိုင်ရာ တရားလိုမှ ထိုင်းရာဇဝတ်မှု (၄) မှုဖြင့် တရားစွဲဆိုခဲ့ကာ ကဘီခရိုင်တရားရုံးက ဖမ်းဝရမ်းအား မေလ (၂၇) ရက်နေ့က ထုတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်ကြပ်ဖြစ်သူ နိုင်အနုကွန် ဟန်ထာယကန်တွင် တရားမဝင် လက်နက် လက်ဝယ်ရှိနေကြောင်း ကို လုံးဝ မသိရှိပါကြောင်း အလုပ်ရှင်က အစစ်ဆေးခံထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောကြားထားကြောင်း သိရသည်။

ထို်င်းဘုရင့်တော်ဝင်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက သက်သေများနှင့်အတူ ရှာဖွေဖမ်းဆီးမှုလုပ်ဆောင်ရာ မေလ (၃၁)ရက်နေ့တွင် ထိုင်းနိုင်ငံ အလယ်ပိုင်း အူထိုင်းဌာနီ ခရိုင်၊ အမှတ်(၂) ကျေးရွာအုပ်စု၊ မြို့မ ပိုင်း အူထိုင်းဌာနီ ခရိုင်ရှိ ရေခဲစက်အတွင်း အလုပ်သမားတန်းလျားတွင် ပုန်းအောင်းနေသူ တရားခံပြေးအား ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအား တရားစွဲဆိုအရေးယူနိုင်ရေးအတွက် ကဘီရဲစခန်းသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရပြီး သေဆုံးသူ အသက် (၃၂)နှစ်အရွယ် မောင်ကျော်လင်းအား ဇွန်လ (၁)ရက်နေ့တွင် ကဘီမြို့၌ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအတိုင်း သဂြိုလ်ခဲ့ရာ သက်ဆိုင်ရာ မြန်မာအေဂျင်စီက နာရေးကိစ္စအဝဝကို အပြည့်အဝ တာဝန်ယူ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကွယ်လွန်သွားသည့် မြန်မာလုပ်သား၏ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်ကူညီပေးနေကြောင်း သိရသည်။

သတင်း - ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~