ျမန္မာႏုိင္ငံမႈခင္းသတင္းေထာက္မ်ားအသင္း(MCRA)ႏွင့္ ဥကၠဌအား သတင္းမီဒီယာဥပေဒ၊ နည္းဥပေဒ၊ က်င့္ဝတ္ႏွင့္ စည္းကမ္းမ်ားကို ေလးစားလုိက္နာျခင္းမရိွသည့္အဖြဲ႕အျဖစ္ ေၾကညာခ်က္ထုတ္ျပန္

ျမန္မာႏုိင္ငံမႈခင္းသတင္းေထာက္မ်ားအသင္း(MCRA)ႏွင့္ ဥကၠဌအား သတင္းမီဒီယာဥပေဒ၊ နည္းဥပေဒ၊ က်င့္ဝတ္ႏွင့္ စည္းကမ္းမ်ားကို ေလးစားလုိက္နာျခင္းမရိွသည့္အဖြဲ႕အျဖစ္ ေၾကညာခ်က္ထုတ္ျပန္
ဇွန် 4, 2018
By Tachileik News Agency

ျမန္မာႏုိင္ငံမႈခင္းသတင္းေထာက္မ်ားအသင္း (MCRA)ႏွင့္ ၎အသင္း၏ ဥကၠဌ ဦးသက္ႏုိင္ဦးတို႔အား သတင္းမီဒီယာဥပေဒ၊ နည္းဥပေဒ၊ က်င့္ဝတ္ႏွင့္စည္းကမ္းမ်ားကို ေလးစားလိုက္နာျခင္းမရွိေသာ အသင္းအဖြဲ႔ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီက ၂၀၁၈ ခုႏွစ္ ဇြန္လ (၄)ရက္ေန႔တြင္ ေၾကညာခ်က္ ထုတ္ျပန္လိုက္သည္။

သတင္းမီဒီယာလုပ္ငန္း လုပ္ကိုင္သူကိုေသာ္ လည္းေကာင္း၊ သတင္းမီဒီယာအဖြဲ႕အစည္းကို လည္းေကာင္း ယင္းကဲ့သို႔ ထုတ္ျပန္ရျခင္းမွာ ပထမဆံုး အႀကိမ္ျဖစ္ၿပီး ဦးသက္ႏုိင္ဦးအား ၎တုိင္ၾကားထားမႈႏွင့္ ပတ္သက္၍ ဇြန္လ (၇)ရက္ေန႔တြင္ လာေရာက္ရန္ ဇြန္လ(၄)ရက္ေန႔တြင္ ထပ္မံဆင့္ေခၚထားေၾကာင္း သိရသည္။

“ကြ်န္ေတာ္တုိ႔ မီဒီယာေကာင္စီ သက္တမ္းထဲမွာေတာ့ ဒီလိုထုတ္ျပန္ရတာ ဒါပထမဆံုးအႀကိမ္ပါပဲ။ သူက ကိုယ္စားလွယ္ လႊတ္ေပးလုိက္ေပမဲ့ သူတိုင္ၾကားထားတဲ့ ကိစၥနဲ႔ပတ္သက္လို႔ သူ႔ကိုယ္စားလွယ္အေနနဲ႔ မေျဖရွင္းႏုိင္တာေတြရိွတယ္။ ဥပမာအားျဖင့္ ဒီမီဒီယာေကာင္စီဆိုတာက သတင္းမီဒီယာဥပေဒအရ ေပၚေပါက္လာၿပီးေတာ့ သမၼတကေန လက္မွတ္ထိုး ထုတ္ျပန္ထားတဲ့ ျပန္တမ္းဝင္ အဖြဲ႔အစည္းျဖစ္တယ္။ ဆိုေတာ့ ဒီမီဒီယာအဖြဲ႔အစည္းက သူ႔ရဲ႕မီဒီယာဥပေဒ ပုဒ္မ ၂၇ မွာေရးထားတာလည္းပါ ပါတယ္။ ေကာင္စီဝင္မ်ားသည္ ဤဥပေဒအရ ေပးအပ္ထားေသာ တာဝန္မ်ား ထမ္းေဆာင္ခ်ိန္တြင္ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၂၁ အရ ျပည္သူ႔ဝန္ထမ္းျဖစ္သည္ဟု မွတ္ယူရမည္ဆိုတာ ပါပါတယ္။ အဲဒီေတာ့ ဦးသက္ႏုိင္ဦးရဲ႕ ေရးသားမႈေတြက ျပည္သူ႔ဝန္ထမ္း အဖြဲ႔အစည္းကို ထိခိုက္တယ္။ အဲဒီေတာ့ သူေတာင္းပန္ပါ ဆိုၿပီး ေျပာဆိုတာရိွေတာ့ အဲဒီေန႔က သူ႔ရဲ႕ကိုယ္စားလွယ္က အဲဒါကိုေတာ့ ကၽြန္ေတာ္ ဆံုးျဖတ္လို႔ မရပါဘူးဗ်ာလို႔ ေျပာတယ္။ အဲဒီေတာ့ ကြ်န္ေတာ္တုိ႔က ဆံုးျဖတ္ခ်က္ခ်လို႔ မရဘူးေပါ့ေနာ္။ ေကာင္စီကို အသေရပ်က္ေအာင္ ေစာ္ကားတဲ့ ပံုစံမ်ိဳးျဖစ္လို႔ ဥပေဒအရ ဖြဲ႔စည္းထားတဲ့ အဖြဲ႔အစည္းကို ထိပါးသလို ျဖစ္ေနေတာ့ ကိုယ္စားလွယ္အေနနဲ႔က မဆံုးျဖတ္ႏုိင္ဘူးျဖစ္တယ္။ ဒါေၾကာင့္ သူကိုယ္တုိင္လာဖို႔ ကၽြန္ေတာ္တုိ႔ ေျပာလုိက္ေပမဲ့ ဒီေန႔အထိ မလာဘူးေပါ့ေနာ္။ ဒါေၾကာင့္ ဒီေန႔လည္း ထပ္ၿပီး ဆင့္ေခၚထားပါတယ္”ဟု ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီဝင္ ဦးေဇယ်ာလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဦးသက္ႏုိင္ဦး ဥကၠ႒အျဖစ္ တာဝန္ယူထားသည့္ ျမန္မာႏုိင္ငံမႈခင္းသတင္းေထာက္မ်ားအသင္း (MCRA) သည္ သတင္းမီဒီယာဥပေဒ ၉(စ်) တြင္ ျပ႒ာန္းထားသည့္ ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီ က်င့္ဝတ္ႏွင့္ စည္းကမ္းအခ်က္မ်ားျဖစ္သည့္ ၈-၁ ၊ ၂၁-၁၊ ၂၁-၂ တုိ႔ကို လုိက္နာျခင္း မရွိေၾကာင္း ျမန္မာႏုိင္ငံ သတင္းမီဒီယာေကာင္စီ၏ အျငင္းပြားမႈႏွင့္တုိင္ၾကားမႈမ်ား ညိႇႏိႈင္းေျဖရွင္းေရးေကာ္မတီက စစ္ေဆး ဆံုးျဖတ္ခဲ့ၿပီး ဇြန္လ (၄)ရက္ေန႔တြင္ သတင္းမီဒီယာ နည္းဥပေဒ ၃၈ (ဆ)၊ ၄၀ တု႔ိအရ ျမန္မာႏုိင္ငံသတင္း မီဒီယာေကာင္စီ၏ သေဘာထား ထုတ္ျပန္ခ်က္ ၂/၂၀၁၈ ကို ထုတ္ျပန္လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

‘ရႈေထာင့္’ မႈခင္းႏွင့္သတင္းဂ်ာနယ္၏ အယ္ဒီတာခ်ဳပ္၊ MCRA ဗဟို၏ ဥကၠ႒လည္း ျဖစ္သူ ဦးသက္ႏုိင္ဦးက ၂၀၁၈ ခုႏွစ္ ေမလ (၂၂)ရက္ေန႔ ေန႔စြဲျဖင့္ ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီ ဥကၠ႒ထံသို႔ လိပ္မူၿပီး တုိင္ၾကားစာေပးပို႔ခဲ့ရာ ယင္းစာႏွင့္ပတ္သက္ၿပီး တုိင္ၾကားသူ ဦးသက္ႏုိင္္ဦး အေနျဖင့္ ေမလ(၃၁)ရက္ေန႔တြင္ ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီသို႔ လာေရာက္ရန္ ေမလ(၂၈) ရက္ေန႔က စာထုတ္၍ ဆင့္ေခၚခ်ိန္းဆိုခဲ့ေသာ္လည္း ကိုယ္တုိင္မလာေရာက္ဘဲ ကိုယ္စားလွယ္တစ္ဦးကိုသာ ေစလႊတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“သူ႔ရဲ႕တုိုင္ၾကားစာကလည္း မရွင္းလင္းဘူးျဖစ္ေနတယ္။ ကၽြန္ေတာ္က မီဒီယာေကာင္စီဝင္တစ္ေယာက္ အေနနဲ႔ မီဒီယာေကာင္စီရံုးခန္းမွာ မီဒီယာေကာင္စီအလုပ္ေတြ လုပ္တာ။ ကၽြန္ေတာ့္ပုဂၢိဳလ္ေရးကို လုပ္ေဆာင္ေနတာ မဟုတ္ဘူးဆိုတာကိုလည္း မီဒီယာေကာင္စီက ရွင္းလင္းထားၿပီးျဖစ္တယ္။ ဦးသက္ႏုိင္ဦးရဲ႕ တုိင္ၾကားစာနဲ႔ပတ္သက္လို႔ ရွင္းလင္းဖို႔ လာပါဆိုေတာ့လည္း သူက မလာဘူး။ ေနာက္တစ္ခုက သူ႔ပို႔စ္မွာ ေရးထားတာက ေခၚတဲ့ပုဂၢိဳလ္က ဝန္ႀကီးလား၊ အရာရိွလား၊ လာခ်င္မွ လာမွာေပါ့။ အားမွ လာမွာေပါ့ဆိုတဲ့ အေရးအသားေတြရိွတယ္။ သေဘာက မလာခ်င္လို႔ မလာဘူးဆိုတဲ့ သေဘာေပါ့ေနာ္”ဟု တုိင္ၾကားစာႏွင့္ပတ္သက္၍ ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီဝင္ ဦးေဇယ်ာလိႈင္က ေျပာသည္။

ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီက ဦးသက္ႏုိင္ဦးအား လူကိုယ္တုိင္္ လာေရာက္ရန္ ၎၏ ကိုယ္စားလွယ္မွ တစ္ဆင့္ ထပ္မံဆင့္ေခၚခဲ့ရာ ဇြန္လ (၄)ရက္ေန႔အထိ လာေရာက္ခဲ့ျခင္းမရိွသျဖင့္ သတင္းမီဒီယာ နည္းဥပေဒ ၃၈ (ဆ)တြင္ ျပဌာန္းခ်က္ျဖစ္သည့္ နည္းဥပေဒ(ခ)အရ ဆင့္ဆိုခ်က္ အတည္ျဖစ္ပါလ်က္ သတ္မွတ္သည့္ ေန႔ရက္အခ်ိန္တြင္ ခိုင္လံုေသာ အေၾကာင္းမရိွဘဲ တုိင္ၾကားသူ သို႔မဟုတ္ ၎က တာဝန္ေပးျခင္းခံရသူ မလာေရာက္လွ်င္ေသာ္ လည္းေကာင္း၊ တုိင္ၾကားျခင္းခံရသူ သို႔မဟုတ္ ၎၏ တာဝန္ေပးျခင္းခံရသူ မလာေရာက္လွ်င္ေသာ္လည္းေကာင္း ေကာင္စီ၏ ဆံုးျဖတ္ခ်က္ကို ထုတ္ျပန္ေၾကညာႏုိင္သည္ဟု လည္းေကာင္း သတင္းမီဒီယာ နည္းဥပေဒ ၄၀ တြင္ျပဌာန္းခ်က္အရ ေကာင္စီသည္ အျငင္းပြားမႈ ေျဖရွင္းျခင္းႏွင့္ စပ္လ်ဥ္းသည့္ မိမိဆံုးျဖတ္ခ်က္ႏွင့္ သေဘာထားမ်ားကို သတင္းထုတ္ျပန္ႏုိင္သည္ဟု ျပဌာန္းထားခ်က္မ်ားအရ လည္းေကာင္း ျမန္မာႏုိင္ငံသတင္းမီဒီယာ ေကာင္စီက ထုတ္ျပန္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္းမီဒီယာလုပ္ငန္းလုပ္ကိုင္သူမ်ားသည္ သတင္းမီဒီယာဥပေဒ ၉(စ်)အရ ျမန္မာႏုိင္ငံသတင္းမီဒီယာ ေကာင္စီက ထုတ္ျပန္သည့္ က်င့္ဝတ္ႏွင့္ စည္းကမ္းမ်ားကို လုိက္နာရမည္ျဖစ္သည္။

သတင္းမီဒီယာမ်ား လုိက္နာရသည့္ မီဒီယာ အစီအစဥ္မ်ားဆုိင္ရာ က်င့္ဝတ္ (၂၇)ခ်က္အနက္ သတင္းမီဒီယာက်င့္ဝတ္ ၈-၁ တြင္  ” သတင္းအခ်က္အလက္မ်ားကို ရရိွရန္အတြက္ မိမိမည္သူမည္ဝါ ဆိုသည္ႏွင့္ မည္သည့္အဖြဲ႕အစည္းကို ကိုယ္စားျပဳေၾကာင္း ရွင္းလင္းစြာေဖၚျပၿပီး ရိုးေျဖာင့္စြာ ေဆာင္ရြက္ရမည္။ အမ်ားျပည္သူ အက်ိဳးစီးပြားျဖစ္ေၾကာင္း အခိုင္အမာ သက္ေသျပႏုိင္ၿပီး အျခား နည္းလမ္းမ်ားျဖင့္ သတင္းရရိွႏုိင္ျခင္း မရိွေသာ အေျခအေနမ်ိဳးမွအပ အမည္နာမ လွီးလႊဲေျပာဆိုျခင္းႏွင့္ အျခား မရိုးေျဖာင့္ေသာ နည္းလမ္းမ်ား အသံုးမျပဳရ” ဟု လည္းေကာင္း၊ သတင္းမီဒီယာက်င့္ဝတ္ ၂၁-၁ တြင္ “မီဒီယာလုပ္ငန္းလုပ္ကိုင္သူမ်ားသည္ ရဲတပ္ဖြဲ႕ႏွင့္ အျခားအာဏာပိုင္အဖြဲ႕အစည္းမ်ား၏ သတင္းေပး အျဖစ္ ေဆာင္ရြက္ျခင္း မျပဳရပါ။ အဘယ္ေၾကာင့္ဆိုေသာ္ အယ္ဒီတာမ်ား၏ သီးျခားလြတ္လပ္မႈႏွင့္ မီဒီယာ တာဝန္ထမ္းေဆာင္ေနသူမ်ား အတြက္ အႏၱရာယ္က်ေရာက္ႏုိင္ေျခရိွေသာေၾကာင့္ ျဖစ္သည္။”ဟု လည္းေကာင္း၊ သတင္းမီဒီယာက်င့္ဝတ္ ၂၁-၂ တြင္ “တရားရံုးအမိန္႔အရ ေဆာင္ရြက္ရေသာ အေျခအေနမ်ိဳးမွ လြဲ၍ ပံုႏွိပ္ေဖၚျပျခင္း သို႔မဟုတ္ ထုတ္လႊင့္ထားျခင္း မရိွေသာ အေၾကာင္းအရာမ်ားကို လံုၿခံဳေရးအာဏာပိုင္မ်ားထံသို႔ လႊဲေျပာင္းေပးျခင္း မျပဳရ။”ဟု ျပဌာန္းထားျခင္းျဖစ္သည္။

လက္ရိွ ျမန္မာႏုိင္ငံသတင္းမီဒီယာမ်ား လုိက္နာက်င့္သံုးေနသည့္ သတင္းမီဒီယာက်င့္ဝတ္ဖြံ႕ၿဖိဳးေရးကို ၂၀၁၄ ခုႏွစ္ ႏွစ္ဆန္းပိုင္းမွစတင္၍ ျမန္မာႏုိင္ငံ စာနယ္ဇင္းေကာင္စီ(ယာယီ)ႏွင့္ ႏုိင္ငံတကာ မီဒီယာပံ့ပိုးေရး အဖြဲ႕တို႔ ပူးေပါင္းအေကာင္အထည္ေဖၚခဲ့ျခင္းျဖစ္ၿပီး အဆိုပါ က်င့္ဝတ္မူၾကမ္းအား ျမန္မာႏုိင္ငံ အႏွံ႔အျပားမွ စာနယ္ဇင္းသမားမ်ား၊ သတင္းစာဆရာမ်ားျဖင့္ အလုပ္ရံုေဆြးေႏြးပြဲ (၈)ႀကိမ္ျဖင့္ အမ်ိဳးသားအဆင့္ ဘံုသေဘာတူညီခ်က္ရယူကာ အႀကံျပဳခ်က္မ်ား၊ သံုးသပ္ခ်က္မ်ားအရ ျပင္ဆင္ တည္းျဖတ္ ခ်မွတ္ထားျခင္းျဖစ္သည္။

 သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း (MCRA)နှင့်၎င်းအသင်း၏ ဥက္ကဌ ဦးသက်နိုင်ဦးတို့အား သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နှင့်စည်းကမ်းများကို လေးစားလိုက်နာခြင်းမရှိသော အသင်းအဖွဲ့ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ၂၀၁၈ ခုနှစ် ဇွန်လ (၄)ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူကိုသော် လည်းကောင်း၊ သတင်းမီဒီယာအဖွဲ့အစည်းကို လည်းကောင်း ယင်းကဲ့သို့ ထုတ်ပြန်ရခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ဦးသက်နိုင်ဦးအား၎င်းတိုင်ကြားထားမှုနှင့် ပတ်သက်၍ ဇွန်လ (၇)ရက်နေ့တွင် လာရောက်ရန် ဇွန်လ(၄)ရက်နေ့တွင် ထပ်မံဆင့်ခေါ်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ မီဒီယာကောင်စီ သက်တမ်းထဲမှာတော့ ဒီလိုထုတ်ပြန်ရတာ ဒါပထမဆုံးအကြိမ်ပါပဲ။ သူက ကိုယ်စားလှယ် လွှတ်ပေးလိုက်ပေမဲ့ သူတိုင်ကြားထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ သူ့ကိုယ်စားလှယ်အနေနဲ့ မဖြေရှင်းနိုင်တာတွေရှိတယ်။ ဥပမာအားဖြင့် ဒီမီဒီယာကောင်စီဆိုတာက သတင်းမီဒီယာဥပဒေအရ ပေါ်ပေါက်လာပြီးတော့ သမ္မတကနေ လက်မှတ်ထိုး ထုတ်ပြန်ထားတဲ့ ပြန်တမ်းဝင် အဖွဲ့အစည်းဖြစ်တယ်။ ဆိုတော့ ဒီမီဒီယာအဖွဲ့အစည်းက သူ့ရဲ့မီဒီယာဥပဒေ ပုဒ်မ ၂၇ မှာရေးထားတာလည်းပါ ပါတယ်။ ကောင်စီဝင်များသည် ဤဥပဒေအရ ပေးအပ်ထားသော တာဝန်များ ထမ်းဆောင်ချိန်တွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်ဆိုတာ ပါပါတယ်။ အဲဒီတော့ ဦးသက်နိုင်ဦးရဲ့ ရေးသားမှုတွေက ပြည်သူ့ဝန်ထမ်း အဖွဲ့အစည်းကို ထိခိုက်တယ်။ အဲဒီတော့ သူတောင်းပန်ပါ ဆိုပြီး ပြောဆိုတာရှိတော့ အဲဒီနေ့က သူ့ရဲ့ကိုယ်စားလှယ်က အဲဒါကိုတော့ ကျွန်တော် ဆုံးဖြတ်လို့ မရပါဘူးဗျာလို့ ပြောတယ်။ အဲဒီတော့ ကျွန်တော်တို့က ဆုံးဖြတ်ချက်ချလို့ မရဘူးပေါ့နော်။ ကောင်စီကို အသရေပျက်အောင် စော်ကားတဲ့ ပုံစံမျိုးဖြစ်လို့ ဥပဒေအရ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကို ထိပါးသလို ဖြစ်နေတော့ ကိုယ်စားလှယ်အနေနဲ့က မဆုံးဖြတ်နိုင်ဘူးဖြစ်တယ်။ ဒါကြောင့် သူကိုယ်တိုင်လာဖို့ ကျွန်တော်တို့ ပြောလိုက်ပေမဲ့ ဒီနေ့အထိ မလာဘူးပေါ့နော်။ ဒါကြောင့် ဒီနေ့လည်း ထပ်ပြီး ဆင့်ခေါ်ထားပါတယ်”ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဦးဇေယျာလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဦးသက်နိုင်ဦး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း (MCRA) သည် သတင်းမီဒီယာဥပဒေ ၉(ဈ) တွင် ပြဋ္ဌာန်းထားသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ကျင့်ဝတ်နှင့် စည်းကမ်းအချက်များဖြစ်သည့် ၈-၁၊ ၂၁-၁၊ ၂၁-၂ တို့ကို လိုက်နာခြင်း မရှိကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ အငြင်းပွားမှုနှင့်တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေးကော်မတီက စစ်ဆေး ဆုံးဖြတ်ခဲ့ပြီး ဇွန်လ (၄)ရက်နေ့တွင် သတင်းမီဒီယာ နည်းဥပဒေ ၃၈ (ဆ)၊ ၄၀ တို့အရ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ၏ သဘောထား ထုတ်ပြန်ချက် ၂/၂၀၁၈ ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

‘ရှုထောင့်’ မှုခင်းနှင့်သတင်းဂျာနယ်၏ အယ်ဒီတာချုပ်၊ MCRA ဗဟို၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးသက်နိုင်ဦးက ၂၀၁၈ ခုနှစ် မေလ (၂၂)ရက်နေ့ နေ့စွဲဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌထံသို့ လိပ်မူပြီး တိုင်ကြားစာပေးပို့ခဲ့ရာ ယင်းစာနှင့်ပတ်သက်ပြီး တိုင်ကြားသူ ဦးသက်နိုင်ဦး အနဖြေင့် မေလ(၃၁)ရက်နေ့တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ လာရောက်ရန် မေလ(၂၈) ရက်နေ့က စာထုတ်၍ ဆင့်ခေါ်ချိန်းဆိုခဲ့သော်လည်း ကိုယ်တိုင်မလာရောက်ဘဲ ကိုယ်စားလှယ်တစ်ဦးကိုသာ စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သူ့ရဲ့တိုင်ကြားစာကလည်း မရှင်းလင်းဘူးဖြစ်နေတယ်။ ကျွန်တော်က မီဒီယာကောင်စီဝင်တစ်ယောက် အနေနဲ့ မီဒီယာကောင်စီရုံးခန်းမှာ မီဒီယာကောင်စီအလုပ်တွေ လုပ်တာ။ ကျွန်တော့်ပုဂ္ဂိုလ်ရေးကို လုပ်ဆောင်နေတာ မဟုတ်ဘူးဆိုတာကိုလည်း မီဒီယာကောင်စီက ရှင်းလင်းထားပြီးဖြစ်တယ်။ ဦးသက်နိုင်ဦးရဲ့ တိုင်ကြားစာနဲ့ပတ်သက်လို့ ရှင်းလင်းဖို့ လာပါဆိုတော့လည်း သူက မလာဘူး။ နောက်တစ်ခုက သူ့ပို့စ်မှာ ရေးထားတာက ခေါ်တဲ့ပုဂ္ဂိုလ်က ဝန်ကြီးလား၊ အရာရှိလား၊ လာချင်မှ လာမှာပေါ့။ အားမှ လာမှာပေါ့ဆိုတဲ့ အရေးအသားတွေရှိတယ်။ သဘောက မလာချင်လို့ မလာဘူးဆိုတဲ့ သဘောပေါ့နော်”ဟု တိုင်ကြားစာနှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဦးဇေယျာလှိုင်က ပြောသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဦးသက်နိုင်ဦးအား လူကိုယ်တိုင် လာရောက်ရန်၎င်း၏ ကိုယ်စားလှယ်မှ တစ်ဆင့် ထပ်မံဆင့်ခေါ်ခဲ့ရာ ဇွန်လ (၄)ရက်နေ့အထိ လာရောက်ခဲ့ခြင်းမရှိသဖြင့် သတင်းမီဒီယာ နည်းဥပဒေ ၃၈ (ဆ)တွင် ပြဌာန်းချက်ဖြစ်သည့် နည်းဥပဒေ(ခ)အရ ဆင့်ဆိုချက် အတည်ဖြစ်ပါလျက် သတ်မှတ်သည့် နေ့ရက်အချိန်တွင် ခိုင်လုံသော အကြောင်းမရှိဘဲ တိုင်ကြားသူ သို့မဟုတ်၎င်းက တာဝန်ပေးခြင်းခံရသူ မလာရောက်လျှင်သော် လည်းကောင်း၊ တိုင်ကြားခြင်းခံရသူ သို့မဟုတ်၎င်း၏ တာဝန်ပေးခြင်းခံရသူ မလာရောက်လျှင်သော်လည်းကောင်း ကောင်စီ၏ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာနိုင်သည်ဟု လည်းကောင်း သတင်းမီဒီယာ နည်းဥပဒေ ၄၀ တွင်ပြဌာန်းချက်အရ ကောင်စီသည် အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် စပ်လျဉ်းသည့် မိမိဆုံးဖြတ်ချက်နှင့် သဘောထားများကို သတင်းထုတ်ပြန်နိုင်သည်ဟု ပြဌာန်းထားချက်များအရ လည်းကောင်း မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီက ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်သူများသည် သတင်းမီဒီယာဥပဒေ ၉(ဈ)အရ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီက ထုတ်ပြန်သည့် ကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။

သတင်းမီဒီယာများ လိုက်နာရသည့် မီဒီယာ အစီအစဉ်များဆိုင်ရာ ကျင့်ဝတ် (၂၇)ချက်အနက် သတင်းမီဒီယာကျင့်ဝတ် ၈-၁ တွင် ” သတင်းအချက်အလက်များကို ရရှိရန်အတွက် မိမိမည်သူမည်ဝါ ဆိုသည်နှင့် မည်သည့်အဖွဲ့အစည်းကို ကိုယ်စားပြုကြောင်း ရှင်းလင်းစွာဖော်ပြပြီး ရိုးဖြောင့်စွာ ဆောင်ရွက်ရမည်။ အများပြည်သူ အကျိုးစီးပွားဖြစ်ကြောင်း အခိုင်အမာ သက်သပြေနိုင်ပြီး အခြား နည်းလမ်းများဖြင့် သတင်းရရှိနိုင်ခြင်း မရှိသော အခြေအနေမျိုးမှအပ အမည်နာမ လှီးလွှဲပြောဆိုခြင်းနှင့် အခြား မရိုးဖြောင့်သော နည်းလမ်းများ အသုံးမပြုရ” ဟု လည်းကောင်း၊ သတင်းမီဒီယာကျင့်ဝတ် ၂၁-၁ တွင် “မီဒီယာလုပ်ငန်းလုပ်ကိုင်သူများသည် ရဲတပ်ဖွဲ့နှင့် အခြားအာဏာပိုင်အဖွဲ့အစည်းများ၏ သတင်းပေး အဖြစ် ဆောင်ရွက်ခြင်း မပြုရပါ။ အဘယ်ကြောင့်ဆိုသော် အယ်ဒီတာများ၏ သီးခြားလွတ်လပ်မှုနှင့် မီဒီယာ တာဝန်ထမ်းဆောင်နေသူများ အတွက် အန္တရာယ်ကျရောက်နိုင်ခြေရှိသောကြောင့် ဖြစ်သည်။”ဟု လည်းကောင်း၊ သတင်းမီဒီယာကျင့်ဝတ် ၂၁-၂ တွင် “တရားရုံးအမိန့်အရ ဆောင်ရွက်ရသော အခြေအနေမျိုးမှ လွဲ၍ ပုံနှိပ်ဖော်ပြခြင်း သို့မဟုတ် ထုတ်လွှင့်ထားခြင်း မရှိသော အကြောင်းအရာများကို လုံခြုံရေးအာဏာပိုင်များထံသို့ လွှဲပြောင်းပေးခြင်း မပြုရ။”ဟု ပြဌာန်းထားခြင်းဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံသတင်းမီဒီယာများ လိုက်နာကျင့်သုံးနေသည့် သတင်းမီဒီယာကျင့်ဝတ်ဖွံ့ဖြိုးရေးကို ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် နိုင်ငံတကာ မီဒီယာပံ့ပိုးရေး အဖွဲ့တို့ ပူးပေါင်းအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကျင့်ဝတ်မူကြမ်းအား မြန်မာနိုင်ငံ အနှံ့အပြားမှ စာနယ်ဇင်းသမားများ၊ သတင်းစာဆရာများဖြင့် အလုပ်ရုံဆွေးနွေးပွဲ (၈)ကြိမ်ဖြင့် အမျိုးသားအဆင့် ဘုံသဘောတူညီချက်ရယူကာ အကြံပြုချက်များ၊ သုံးသပ်ချက်များအရ ပြင်ဆင် တည်းဖြတ် ချမှတ်ထားခြင်းဖြစ်သည်။

 သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~