တာချီလိတ်မြို့ လွယ်ယွန်းခမ်းရှေးဟောင်း စေတီတော် ထီးတော်တင်လှူ

တာချီလိတ်မြို့ လွယ်ယွန်းခမ်းရှေးဟောင်း စေတီတော် ထီးတော်တင်လှူ
ဇှနျ 27, 2018
By Tachileik News Agency


အဆိုပါ စေတီတော်မှာ ၂၀၁၁ ခုနှစ်၊ မတ်လ(၂၄)ရက်နေ့ ည (၈)နာရီ (၂၅)မိနစ်တွင် လှုပ်ခတ်ခဲ့သော တာလေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့်အတွက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် စေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ရေးအကျိုးတော်ဆောင်အဖွဲ့ဖြင့် မူလစေတီအားငုံ၍ ဥာဏ်တော် (၁၀၈)ပေစေတီတော် အဖြစ် ပြန်လည် မွမ်းမံပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


စေတီတော်ပြုပြင်မွမ်းမံခြင်းနှင့်အတူ စေတီတော်တည်ရှိရာ လွယ်ဆမ်ထုံတောင်ကုန်းတွင် သစ်ပင်ပေါင်း (၂၀၀၀၀)ကျော်ကိုလည်း စိုက်ပျိုးနေပြီး စေတီတော်ပရဝဏ်တွင် တရားထိုင်ကျောင်း ဆောင်များ၊ ဓမ္မာရုံ၊ အခန်းပေါင်း (၃၀)ပါဝင်မည့်ကျောင်းဆောင်၊ ဆွမ်းစားဆောင်တို့ကို ဆက်လက် တည်ဆောက်ရန် လျာထား လုပ်ဆောင်နေပြီး လက်ရှိအချိန်ထိ တည်ဆောက်ပြုပြင်မှုမှာ ကျပ်သိန်းပေါင်း (၁၂၀၀၀)ကျော် ကုန်ကျပြီးဖြစ်ကြောင်း သိရသည်။

စေတီတော် ထီးတော်တင်လှူပွဲ အထူးတရားပွဲများကိုလည်း အဆိုပါ စေတီတော်ရင်ပြင်၌ ဇွန်လ(၂၅)ရက်နေ့မှစ၍ ကျင်းပခဲ့ပြီး  နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်မှ အဘိဓဇ မဟာရဌဂုရု ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်းမော်ဆရာတော် ဘုရားကြီး)၊ အဂ္ဂမဟာ ကမ္မဌာနစရိယ ဘဒ္ဒန္တသုခမိန္ဒ (စဝ်ဆုခမ်း)က နှင့် အဂ္ဂမဟာ ကမ္မဌာနစရိယ မိုင်းဖုန်းဆရာတော်ကြီး ဘဒ္ဒန္တ ဥာဏသံဝရတို့က တရားဟောကြားတော်မူခဲ့ကြခြင်း ဖြစ်သည်။

ဓါတ်ပုံ - UTS ၊ Tiger Wan


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာတောင်ပေါ်ရှိ လွယ်ယွန်းခမ်း ရှေးဟောင်းစေတီတော်ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့၌ မိုင်းဖုန်းဆရာတော် ဦးဆောင်၍ ထီးတော်တင်လှူကြောင်း သိရသည်။

အဆိုပါ စေတီတော်မှာ ၂၀၁၁ ခုနှစ်၊ မတ်လ(၂၄)ရက်နေ့ ည (၈)နာရီ (၂၅)မိနစ်တွင် လှုပ်ခတ်ခဲ့သော တာလေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့်အတွက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် စေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ရေးအကျိုးတော်ဆောင်အဖွဲ့ဖြင့် မူလစေတီအားငုံ၍ ဉါဏ်တော် (၁၀၈)ပေစေတီတော် အဖြစ် ပြန်လည် မွမ်းမံပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စေတီတော် မွမ်းမံတည်ဆောက်မှုတွင် ရပ်ဝေးရပ်နီးမှ အလှူရှင်များ၊ လုပ်ငန်းရှင်များ၊ ဒေသတွင်းမှ ဌာနဆိုင်ရာ အဖွဲ့အစည်းများက လုပ်အား၊ ငွေကြေးအလှူဒါနများဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စေတီတော်ပြုပြင်မွမ်းမံခြင်းနှင့်အတူ စေတီတော်တည်ရှိရာ လွယ်ဆမ်ထုံတောင်ကုန်းတွင် သစ်ပင်ပေါင်း (၂၀၀၀၀)ကျော်ကိုလည်း စိုက်ပျိုးနပြေီး စေတီတော်ပရဝဏ်တွင် တရားထိုင်ကျောင်း ဆောင်များ၊ ဓမ္မာရုံ၊ အခန်းပေါင်း (၃၀)ပါဝင်မည့်ကျောင်းဆောင်၊ ဆွမ်းစားဆောင်တို့ကို ဆက်လက် တည်ဆောက်ရန် လျာထား လုပ်ဆောင်နပြေီး လက်ရှိအချိန်ထိ တည်ဆောက်ပြုပြင်မှုမှာ ကျပ်သိန်းပေါင်း (၁၂၀၀၀)ကျော် ကုန်ကျပြီးဖြစ်ကြောင်း သိရသည်။

စေတီတော် ထီးတော်တင်လှူပွဲ အထူးတရားပွဲများကိုလည်း အဆိုပါ စေတီတော်ရင်ပြင်၌ ဇွန်လ(၂၅)ရက်နေ့မှစ၍ ကျင်းပခဲ့ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်မှ အဘိဓဇ မဟာရဌဂုရု ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်းမော်ဆရာတော် ဘုရားကြီး)၊ အဂ္ဂမဟာ ကမ္မဌာနစရိယ ဘဒ္ဒန္တသုခမိန္ဒ (စဝ်ဆုခမ်း)က နှင့် အဂ္ဂမဟာ ကမ္မဌာနစရိယ မိုင်းဖုန်းဆရာတော်ကြီး ဘဒ္ဒန္တ ဉာဏသံဝရတို့က တရားဟောကြားတော်မူခဲ့ကြခြင်း ဖြစ်သည်။

ဓာတ်ပုံ - UTS၊ Tiger Wan

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~