က်ိဳင္းတံုၿမိဳ႕နယ္တြင္ မူးယစ္ေဆးသံုးစြဲ ေရာင္းဝယ္သည့္ ေနရာအား ရွာေဖြဖမ္းဆီးရာ အမ်ိဳးသားတစ္ဦးအား စိတ္ၾကြေဆးျပားအခ်ိဳ႕ႏွင့္ ဖမ္းမိ

က်ိဳင္းတံုၿမိဳ႕နယ္တြင္ မူးယစ္ေဆးသံုးစြဲ ေရာင္းဝယ္သည့္ ေနရာအား ရွာေဖြဖမ္းဆီးရာ အမ်ိဳးသားတစ္ဦးအား စိတ္ၾကြေဆးျပားအခ်ိဳ႕ႏွင့္ ဖမ္းမိ
ဇွန် 5, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္၊ မုိင္းေနာ/ဖာတအုပ္စု၊ မူးယစ္ေဆးဝါးေရာင္းဝယ္သံုးစြဲေၾကာင္း သတင္းရသည့္ ေနရာအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕က ၂၀၁၈ ခုႏွစ္ ဇြန္လ(၅)ရက္ေန႔တြင္ သြားေရာက္ ဖမ္းဆီးရာ စိတ္ၾကြေဆးျပားသံုးစြဲသူတစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က သက္ေသမ်ားႏွင့္အတူ  နမ့္လပ္ေရအားလွ်ပ္စစ္အနီး ေခ်ာင္းဝန္းက်င္တြင္ ရွာေဖြဖမ္းဆီးရာ ေခ်ာင္းအနီးတြင္ အားရို႕ဆိုသူအား WY ေဆးျပား (၈၁)ျပားႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရၿပီး ၎သည္ လြန္ခဲ့သည့္ ႏွစ္ႏွစ္ခန္႔မွစ၍ စိတ္ၾကြေဆးျပား စတင္သံုးစြဲျခင္းႏွင့္ ေရာင္းခ်ျခင္းအား လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း စစ္ေဆးသိရိွရသည္ဟု သိရသည္။

အားရို႕အား မူးယစ္ေဆး သံုးစြဲထားျခင္းရိွ၊ မရိွ စစ္ေဆးထားရာ ဇြန္လ (၁၉)ရက္ေန႔အထိ ခ်ဳပ္ရက္ရီမန္ရယူကာ က်ိဳင္းတံုအက်ဥ္းေထာင္တြင္ ခ်ဳပ္ေႏွာင္ထားေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းနော/ဖာတအုပ်စု၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲကြောင်း သတင်းရသည့် နေရာအား ကျိုင်းတုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့က ၂၀၁၈ ခုနှစ် ဇွန်လ(၅)ရက်နေ့တွင် သွားရောက် ဖမ်းဆီးရာ စိတ်ကြွဆေးပြားသုံးစွဲသူတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သက်သေများနှင့်အတူ နမ့်လပ်ရေအားလျှပ်စစ်အနီး ချောင်းဝန်းကျင်တွင် ရှာဖွေဖမ်းဆီးရာ ချောင်းအနီးတွင် အားရို့ဆိုသူအား WY ဆေးပြား (၈၁)ပြားနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရပြီး၎င်းသည် လွန်ခဲ့သည့် နှစ်နှစ်ခန့်မှစ၍ စိတ်ကြွဆေးပြား စတင်သုံးစွဲခြင်းနှင့် ရောင်းချခြင်းအား လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးသိရှိရသည်ဟု သိရသည်။

အားရို့အား မူးယစ်ဆေး သုံးစွဲထားခြင်းရှိ၊ မရှိ စစ်ဆေးထားရာ ဇွန်လ (၁၉)ရက်နေ့အထိ ချုပ်ရက်ရီမန်ရယူကာ ကျိုင်းတုံအကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~