မယ်ဆိုင်ဂူအတွင်း ပိတ်မိကာ ပျောက်နေသည့် လူငယ်(၁၃)ဦး အန္တရာယ်ကင်းရေးအတွက် တာချီလိတ်မြို့သူ မြို့သားများမှ ဆုတောင်းပွဲ ပြုလုပ်ပေးမည်

မယ်ဆိုင်ဂူအတွင်း ပိတ်မိကာ ပျောက်နေသည့် လူငယ်(၁၃)ဦး အန္တရာယ်ကင်းရေးအတွက် တာချီလိတ်မြို့သူ မြို့သားများမှ ဆုတောင်းပွဲ ပြုလုပ်ပေးမည်
ဇှနျ 28, 2018
By Tachileik News Agency



ဂူအတွင်း ပိတ်မိနေသည့် လူငယ်(၁၃)ဦးတွင် အသက်အငယ်ဆုံးအနေဖြင့် (၁၁)နှစ်အရွယ်မှ အသက်အကြီးဆုံးအဖြစ် (၂၅)နှစ်အရွယ်အထိ ပါဝင်ပြီး ၎င်းတို့သည် အားကစားသမား ကျောင်းသားများ ဖြစ်ပြီး အသက်(၂၅)နှစ်အရွယ်မှာ နည်းပြဆရာဖြစ်ကြောင်း နှင့်  ၎င်းတို့အား ဂူအတွင်း (၅)ညလွန်ပြီး (၆)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့အထိ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများအပြင် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များပါ ပါဝင်ပူးပေါင်းပြီး ရှာဖွေရေးကို လုပ်ဆောင်နေခြင်းဖြစ်ရာ ဇွန်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းအချိန်အထိ ရှာဖွေမတွေ့ရှိရသေးကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ ဒွိုင်းနန်းနွန်းတောင်ခြေအနီးရှိ ထမ့်လွမ် လှိုဏ်ဂူအတွင်း ပိတ်မိနေသည့် လူငယ် (၁၃)ဦး အန္တရာယ်ကင်းစွာ ပြန်လာနိုင်ရေး ဆုတောင်းပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံစေတီရင်ပြင်တွင် ၂၀၁၈ ခုနှစ် ယနေ့ ဇွန်လ (၂၈)ရက်နေ့ ညနေ(၅)နာရီအချိန်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူငယ်များ အန္တရာယ်ကင်းစွာ ပြန်လာနိုင်ရေးအတွက် တာချီလိတ်မြို့ဒေသခံများက ပင့်ဖိတ် သံဃာတော်(၁၃)ပါးဖြင့် တာချီလိတ်ရွှေတိဂုံစေတီရင်ပြင်တွင် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်မည်ဖြစ်ပြီး ဝတ်ရွတ်အသင်းများမှလည်း ရွတ်ဖတ်မည်ဖြစ်ကြောင်း နှင့် ဆုတောင်းပွဲသို့ လာမည့်သူများက ဆီမီးပူဇော်ကာ ဆုတောင်းပေးကြမည် ဖြစ်ကြောင်း သိရသည်။

ဂူအတွင်း ပိတ်မိနေသည့် လူငယ်(၁၃)ဦးတွင် အသက်အငယ်ဆုံးအနဖြေင့် (၁၁)နှစ်အရွယ်မှ အသက်အကြီးဆုံးအဖြစ် (၂၅)နှစ်အရွယ်အထိ ပါဝင်ပြီး၎င်းတို့သည် အားကစားသမား ကျောင်းသားများ ဖြစ်ပြီး အသက်(၂၅)နှစ်အရွယ်မှာ နည်းပြဆရာဖြစ်ကြောင်း နှင့်၎င်းတို့အား ဂူအတွင်း (၅)ညလွန်ပြီး (၆)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့အထိ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများအပြင် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များပါ ပါဝင်ပူးပေါင်းပြီး ရှာဖွေရေးကို လုပ်ဆောင်နခြေင်းဖြစ်ရာ ဇွန်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းအချိန်အထိ ရှာဖွေမတွေ့ရှိရသေးကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~