တာချီလိတ်မြို့ရှိ တာလော့ကျောင်းအတွင် ချုံနွယ်များအား မေလ(၂၀)ရက်နေ့တွင် စုပေါင်းရှင်းလင်းမည်ဖြစ်၍ မည်သူမဆို လာရောက်၍ ပူးပေါင်း ဆောင်ရွက်နိုင်

တာချီလိတ်မြို့ရှိ တာလော့ကျောင်းအတွင် ချုံနွယ်များအား မေလ(၂၀)ရက်နေ့တွင် စုပေါင်းရှင်းလင်းမည်ဖြစ်၍ မည်သူမဆို လာရောက်၍ ပူးပေါင်း ဆောင်ရွက်နိုင်
မေ 19, 2018
By Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ တာလော့ရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ(တာလော့)အတွင်းမှ ချုံနွယ်များအား ဌာနဆိုင်ရာအချို့ နှင့် လူမှုကူညီရေးအသင်းများမှ စုပေါင်းခုတ်ထွင်ရှင်းလင်းမှုကို ၂၀၁၈ခုနှစ် မေလ(၂၀)ရက်နေ့ နံနက်(၇)နာရီအချိန်တွင် ဆောင်ရွက်ကြမည် ဖြစ်သည့်အတွက် မည်သူမဆို လာရောက်၍ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဌာန၊ မီးသတ်တပ်ဖွဲ့ နှင့် လူမှုကူညီရေး အသင်းများမှ စုပေါင်း၍ ရှင်းလင်းကြမည်ဖြစ်ကြောင်း နှင့် နောက်အပတ်များတွင်လည်း စာသင်ကျောင်းများ၌ အလှည့်ကျ ဆောင်ရွက်သွားရန်လည်း စီစဉ်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~