မန်းဂနိစ်ဒိုင်အောက်ဆိုဒ်သတ္တုကုမ္ပဏီ(၈)ခု၏ ပံ့ပိုးမှုဖြင့် တာချီလိတ်မြို့နယ် အတွင်းရှိ မာမိုတာ(၁)ကျေးရွာ လျှပ်စစ်မီး ရရှိ

မန်းဂနိစ်ဒိုင်အောက်ဆိုဒ်သတ္တုကုမ္ပဏီ(၈)ခု၏ ပံ့ပိုးမှုဖြင့် တာချီလိတ်မြို့နယ် အတွင်းရှိ မာမိုတာ(၁)ကျေးရွာ လျှပ်စစ်မီး ရရှိ
မေ 18, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ မာမိုတာ(၁)ကျေးရွာအား  ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ မန်းဂနိစ်ဒိုင်အောက်ဆိုဒ်သတ္တုကုမ္ပဏီ(၈)ခု၏ ပံ့ပိုးကူညီမှုဖြင့် လျှပ်စစ်မီးအား သွယ်တန်းပေးနိုင်ခဲ့၍ လျှပ်စစ်မီးစတင် အသုံးပြုခြင်းအား ဖွင့်ပွဲအနေဖြင့်  ၂၀၁၈ခုနှစ် မေလ(၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ရွာတွင် လျှပ်စစ်မီးစတင် အသုံးပြုခြင်းအနေဖြင့် ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့မီးလင်းရေးကော်မတီ ဥက္ကဌ ဦးတင်ဝင်းရွှေ နှင့် မီးလင်းရေးမှ တာဝန်ရှိသူများ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးပေါ်ထွန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတ္တုလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်ဦး(မုတ်ဆိတ်)၊ စိုင်းလောင်ဟိန်း သတ္တုထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးတင်နွယ်၊ မိုင်းကိုးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းပင်း နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။



လျှပ်စစ်မီးမရရှိသေးသည့် ကြားရွာများ အနေဖြင့်လည်း လျှပ်စစ်မီး အလွယ်တကူသွယ်တန်းလိုပါက အဆိုပါ လိုင်းမှတဆင့် သွယ်နိုင်မည်ဖြစ်ပြီး ထိုသို့ သွယ်တန်းလိုပါက ၎င်းတို့အား အသိပေးစေလိုကြောင်းလည်း သိရှိရသည်။

ဓါတ်ပုံ - SKM


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ မာမိုတာ(၁)ကျေးရွာအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ မန်းဂနိစ်ဒိုင်အောက်ဆိုဒ်သတ္တုကုမ္ပဏီ(၈)ခု၏ ပံ့ပိုးကူညီမှုဖြင့် လျှပ်စစ်မီးအား သွယ်တန်းပေးနိုင်ခဲ့၍ လျှပ်စစ်မီးစတင် အသုံးပြုခြင်းအား ဖွင့်ပွဲအနဖြေင့် ၂၀၁၈ခုနှစ် မေလ(၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ရွာတွင် လျှပ်စစ်မီးစတင် အသုံးပြုခြင်းအနဖြေင့် ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့မီးလင်းရေးကော်မတီ ဥက္ကဌ ဦးတင်ဝင်းရွှေ နှင့် မီးလင်းရေးမှ တာဝန်ရှိသူများ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးပေါ်ထွန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတ္တုလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်ဦး(မုတ်ဆိတ်)၊ စိုင်းလောင်ဟိန်း သတ္တုထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးတင်နွယ်၊ မိုင်းကိုးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းပင်း နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုင်းကိုးကျေးရွာအုပ်စု၊ မာမိုတာ(၁)ကျေးရွာတွင် အိမ်ခြေ(၄၀)ရှိပြီး လျှပ်စစ်မီးလိုအပ်နေသည့်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ မန်းဂနိစ်ဒိုင်အောက်ဆိုဒ်သတ္တုကုမ္ပဏီ(၈)ခုက စုပေါင်းကာ ထိုင်းဘတ်ငွေ(၄၆၇,ဝဝဝ)ဘတ် အကုန်အကျခံကာ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကျေးရွာသို့ လျှပ်စစ်မီး အလွယ်တကူ သွယ်တန်းနိုင်ရန်အတွက် ဦးဝီဆင်လ်မိုး၏ သစ်လွင်မိုးကုမ္ပဏီက ထိုင်းဘတ်ငွေ သိန်း(၄၀)ကျော် အကုန်အကျခံကာ မိုင်းကိုးကျေးရွာအုပ်စု မောတွီကျေးရွာအဝင် ကားလမ်းမမှ တဆင့် မာမိုတာ(၁)ကျေးရွာအကျော်အထိ ဓာတ်တိုင်များ စိုက်ထူကာ လျှပ်စစ်မီးကြိုးများသွယ်ထားခြင်းဖြစ်ပြီး မာမိုတာ(၁)ရွာတွင် န်းဂနိစ်ဒိုင်အောက်ဆိုဒ်သတ္တုကုမ္ပဏီ(၈)ခု၏ ပံ့ပိုးကူညီမှုဖြင့် လျှပ်စစ်မီး ယူရန်အတွက်၎င်းတို့၏ လိုင်းမှ ယူနိုင်ရန် ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း သိရသည်။

လျှပ်စစ်မီးမရရှိသေးသည့် ကြားရွာများ အနဖြေင့်လည်း လျှပ်စစ်မီး အလွယ်တကူသွယ်တန်းလိုပါက အဆိုပါ လိုင်းမှတဆင့် သွယ်နိုင်မည်ဖြစ်ပြီး ထိုသို့ သွယ်တန်းလိုပါက၎င်းတို့အား အသိပေးစေလိုကြောင်းလည်း သိရှိရသည်။

ဓာတ်ပုံ - SKM

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~