Update News

သက္ငယ္မုဒိမ္းက်ဴးလြန္သူမ်ားအား ျပစ္ဒဏ္တိုးျမႇင္႔ေရး တတိယအႀကိမ္ ကမ္ပိန္း မေကြးၿမိဳ႕တြင္ ျပဳလုပ္

သက္ငယ္မုဒိမ္းမႈက်ဴးလြန္သူမ်ားအား ႀကီးေလးသည့္ ျပစ္ဒဏ္ခ်မွတ္ႏိုင္ေရးႏွင့္ အမ်ိဳးသမီးမ်ား၊ ကေလးသူငယ္မ်ား အေပၚ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမ်ား ေလ်ာ့က်ေရးအတြက္ လူထုလူတန္းစား ေပါင္းစံုပါဝင္သည့္ တတိယေျမာက္ ကမ္ပိန္းကို မတ္လ(၃၁)ရက္ေန႔ ညေနပိုင္းတြင္ မေကြးၿမိဳ႕ ေအးေစတီဘုရားကြင္း၌ ျပဳလုပ္ေၾကာင္း သိရသည္။

"ရန္ကုန္ အကယ္ဒမီ International School က မန္းေနဂ်င္းဒါရိုက္တာ မရီတာနဲ႔ ခ်ိတ္ဆက္ၿပီး ရန္ကုန္၊ မႏၱေလးတို႔နဲ႔ တစ္ေန႔တည္း လုပ္ဖို႔စီစဥ္ခဲ႔ေပမဲ့ အေျခအေနအရ ဒီေန႔ မတ္လ (၃၁) ရက္ေန႔မွပဲ မေကြးမွာ တတိတယေျမာက္ ကမ္ပိန္းအျဖစ္ ျပဳလုပ္ၾကတာပါ။ တစ္ႏိုင္ငံလံုးမွာ သက္ငယ္မုဒိမ္းမႈေတြက ဆက္တိုက္ဆိုသလိုျဖစ္ေနလို႔ ဒီလိုကမ္ပိန္းမ်ိဳးကို မျဖစ္မေန ျပဳလုပ္ၾကရတာပါ" ဟု ကမ္ပိန္း ဦးေဆာင္အဖဲြ႔တြင္ ပါဝင္သူ ေဒါက္တာရဲထြန္းေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ကမ္ပိန္းတြင္ အုပ္ခ်ဳပ္ေရးက႑မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ခ်ိဳလတ္၊ ဥပေဒက႑မွ တရားလႊတ္ေတာ္ေရွ႕ေန ဦးေအာင္ေက်ာ္စိုး၊ က်န္းမာေရးက႑မွ ေဒါက္တာ ရဲထြန္းေဇာ္တို႔က သက္ငယ္မုဒိမ္းႏွင့္ ပတ္သက္သည့္ အသိပညာေပးေဟာေျပာျခင္း၊ အမ်ိဳးသမီးက႑မွ မလွစံေမက ျပည္သူလူထု ကိုယ္စားျပဳ ခံစားခ်က္မ်ား ရင္ဖြင္႔ေျပာၾကားျခင္း၊ ကာတြန္း ေအေကက ကေလးမ်ားနွင့္ အတူ "လိင္အၾကမ္းဖက္မႈပေပ်ာက္ေရး ႀကီးေလးျပစ္ဒဏ္ခ်မွတ္ေပး" သရုပ္ေဖာ္ တင္ဆက္ျခင္း၊ ကာ တြန္းသရုပ္ေဖာ္ပညာေပးျခင္း၊ လက္ကမ္းစာေစာင္ႏွင္႔ တီရွပ္မ်ားျဖန္႔ေဝျခင္းတို႔ပါရိွၿပီး ေဒသအတြင္း သက္ငယ္ မုဒိမ္းျဖစ္ရပ္ႏွင္႔ ကိုယ္တိုင္ႀကံဳေတြ႔ခံစားခဲ႔ရသည့္ ကေလးမိဘမ်ား၏ ရင္တြင္းစကားသံ ဗီြဒီယို မွတ္တမ္းျပ သျခင္းမ်ား ပါဝင္ေၾကာင္း သိရသည္။

"သက္ငယ္မုဒိမ္းမႈေတြမွာ လက္ရိွျပစ္ဒဏ္ေတြက ေလ်ာ႔ရဲေနတယ္။ ကၽြန္ေတာ္တို႔က ေသဒဏ္ဆိုတဲ႔ အေနအထားအထိ သြားမွာမဟုတ္ေပမဲ့ တိက်ျပင္းထန္ၿပီး ႀကီးေလးတဲ႔၊ ေလွ်ာ႔ရက္မရိွ၊ ႏွစ္ရွည္ေထာင္ ဒဏ္က်ခံေစႏိုင္ေအာင္ ေတာင္းဆိုမႈ လက္မွတ္ေရးထိုးၾကမယ္႔ အစီအစဥ္လည္း ပါပါတယ္"ဟု ဦးေဆာင္ အဖဲြ႔တြင္ပါဝင္သူ BOOK CLUB အသင္းမွ ဦးေဌးလင္းက ေျပာသည္။

လက္ရိွအေျခအေနတြင္ တစ္ႏိုင္ငံလံုးအတိုင္းအတာျဖင္႔ ၂၀၁၇ ခုႏွစ္ စာရင္းအရ သက္ငယ္မုဒိမ္းမႈမွာ တစ္ရက္လွ်င္ (၂) မႈႏွဳန္းခန္႔ ျဖစ္ပြားလွ်က္ရိွေနေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဖီးနစ္






~~~~~~~~⊰❂ unicode ~~~~~~~~


သက်ငယ်မုဒိမ်းမှုကျူးလွန်သူများအား ကြီးလေးသည့် ပြစ်ဒဏ်ချမှတ်နိုင်ရေးနှင့် အမျိုးသမီးများ၊ ကလေးသူငယ်များ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ လျော့ကျရေးအတွက် လူထုလူတန်းစား ပေါင်းစုံပါဝင်သည့် တတိယမြောက် ကမ်ပိန်းကို မတ်လ(၃၁)ရက်နေ့ ညနေပိုင်းတွင် မကွေးမြို့ အေးစေတီဘုရားကွင်း၌ ပြုလုပ်ကြောင်း သိရသည်။

"ရန်ကုန် အကယ်ဒမီ International School က မန်းနေဂျင်းဒါရိုက်တာ မရီတာနဲ့ ချိတ်ဆက်ပြီး ရန်ကုန်၊ မန္တလေးတို့နဲ့ တစ်နေ့တည်း လုပ်ဖို့စီစဉ်ခဲ့ပေမဲ့ အခြေအနေအရ ဒီနေ့ မတ်လ (၃၁) ရက်နေ့မှပဲ မကွေးမှာ တတိတယမြောက် ကမ်ပိန်းအဖြစ် ပြုလုပ်ကြတာပါ။ တစ်နိုင်ငံလုံးမှာ သက်ငယ်မုဒိမ်းမှုတွေက ဆက်တိုက်ဆိုသလိုဖြစ်နေလို့ ဒီလိုကမ်ပိန်းမျိုးကို မဖြစ်မနေ ပြုလုပ်ကြရတာပါ" ဟု ကမ်ပိန်း ဦးဆောင်အဖွဲ့တွင်ပါဝင်သူ ဒေါက်တာရဲထွန်းဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကမ်ပိန်းတွင် အုပ်ချုပ်ရေးကဏ္ဍမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ ဥပဒေကဏ္ဍမှ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိုး၊ ကျန်းမာရေးကဏ္ဍမှ ဒေါက်တာ ရဲထွန်းဇော်တို့က သက်ငယ်မုဒိမ်းနှင့် ပတ်သက်သည့် အသိပညာပေးဟောပြောခြင်း၊ အမျိုးသမီးကဏ္ဍမှ မလှစံမေက ပြည်သူလူထု ကိုယ်စားပြု ခံစားချက်များ ရင်ဖွင့်ပြောကြားခြင်း၊ ကာတွန်း အေကေက ကလေးများနှင့် အတူ "လိင်အကြမ်းဖက်မှုပပျောက်ရေး ကြီးလေးပြစ်ဒဏ်ချမှတ်ပေး" သရုပ်ဖော် တင်ဆက်ခြင်း၊ ကာ တွန်းသရုပ်ဖော်ပညာပေးခြင်း၊ လက်ကမ်းစာစောင်နှင့် တီရှပ်များဖြန့်ဝခြေင်းတို့ပါရှိပြီး ဒေသအတွင်း သက်ငယ် မုဒိမ်းဖြစ်ရပ်နှင့် ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသည့် ကလေးမိဘများ၏ ရင်တွင်းစကားသံ ဗွီဒီယို မှတ်တမ်းပြ သခြင်းများ ပါဝင်ကြောင်း သိရသည်။

"သက်ငယ်မုဒိမ်းမှုတွေမှာ လက်ရှိပြစ်ဒဏ်တွေက လျော့ရဲနေတယ်။ ကျွန်တော်တို့က သေဒဏ်ဆိုတဲ့ အနေအထားအထိ သွားမှာမဟုတ်ပေမဲ့ တိကျပြင်းထန်ပြီး ကြီးလေးတဲ့၊ လျှော့ရက်မရှိ၊ နှစ်ရှည်ထောင် ဒဏ်ကျခံစေနိုင်အောင် တောင်းဆိုမှု လက်မှတ်ရေးထိုးကြမယ့် အစီအစဉ်လည်း ပါပါတယ်"ဟု ဦးဆောင် အဖွဲ့တွင်ပါဝင်သူ BOOK CLUB အသင်းမှ ဦးဌေးလင်းက ပြောသည်။

လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၇ ခုနှစ် စာရင်းအရ သက်ငယ်မုဒိမ်းမှုမှာ တစ်ရက်လျှင် (၂) မှုနှုန်းခန့် ဖြစ်ပွားလျှက်ရှိနေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::