ေက်ာက္မဲ သဘာဝေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈ ခရိုင္ဦးစီးမွဴးကို အငယ္တန္းစာေရးက ဓါးျဖင့္ထိုး၍ ေသဆံုး

ေက်ာက္မဲ သဘာဝေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈ ခရိုင္ဦးစီးမွဴးကို အငယ္တန္းစာေရးက ဓါးျဖင့္ထိုး၍ ေသဆံုး
ဧပြီ 19, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ အမွတ္ (၁ )ရပ္ကြက္ နယ္ေျမ (၇) ရွိ သဘာဝေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာနရံုးဝန္းအတြင္း ဧၿပီလ (၁၈) ရက္ေန႔ ညပိုင္းက သဘာဝေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာနမွ ခရိုင္ဦးစီးမွဴးအား အငယ္တန္းစာေရးက ဓါးျဖင့္ထိုးသတ္မႈျဖစ္ပြားေၾကာင္း သိရသည္။

ခရိုင္ဦးစီးမွဴးျဖစ္သူ ဦးေအာင္ေက်ာ္မိုးသည္ ဧၿပီလ (၁၈) ရက္ေန႔ ညေနပိုင္းတြင္ အရက္ေသာက္ၿပီး ေနအိမ္ လိုင္းခန္းသို႔ျပန္လာကာ ဇနီးျဖစ္သူႏွင့္စကားမ်ား၍ ျပန္လည္ထြက္ခြာသြားခဲ့ၿပီး ေခတၱအၾကာတြင္ ရံုးဝန္းအတြင္းရွိ အငယ္တန္းစာေရး သိန္းျမင့္ထြန္း၏ ေနအိမ္ေရွ႕တြင္ ပက္လက္လန္လ်က္အေနအထားျဖင့္ အဆိုပါအငယ္တန္းစာေရးမွ ဖိထားလ်က္ရွိေနသည္ကို ျမင္ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

လဲက်ေနသည့္ ဦးေအာင္ေက်ာ္မိုး၏ ဘယ္ဖက္လက္ေကာက္ဝတ္၊ ဝဲလက္ဖ်ံ ဝမ္းဗိုက္ယာဘက္တို႔တြင္ ဓါးျဖင့္ထိုးထားသည့္ ဒဏ္ရာမ်ားရရိွသြားၿပီး ၄င္း၏ ဇနီးျဖစ္သူက ျပည္သူ႔ေဆးရံုသို႔ပို႔ေဆာင္ေပးစဥ္ ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါးျဖင့္ထိုးခဲ့သည့္ အငယ္တန္းစာေရး သိန္းျမင့္ထြန္းအား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ (ပ)၁၈၂/ ၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ခရိုင်ဦးစီးမှူးကို အငယ်တန်းစာရေးက ဓါးဖြင့်ထိုး၍ သေဆုံး
***************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ် (၁ )ရပ်ကွက် နယ်မြေ (၇) ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးဝန်းအတွင်း ဧပြီလ (၁၈) ရက်နေ့ ညပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးအား အငယ်တန်းစာရေးက ဓါးဖြင့်ထိုးသတ်မှုဖြစ်ပွားကြောင်း သိရသည်။

ခရိုင်ဦးစီးမှူးဖြစ်သူ ဦးအောင်ကျော်မိုးသည် ဧပြီလ (၁၈) ရက်နေ့ ညနေပိုင်းတွင် အရက်သောက်ပြီး နေအိမ် လိုင်းခန်းသို့ပြန်လာကာ ဇနီးဖြစ်သူနှင့်စကားများ၍ ပြန်လည်ထွက်ခွာသွားခဲ့ပြီး ခေတ္တအကြာတွင် ရုံးဝန်းအတွင်းရှိ အငယ်တန်းစာရေး သိန်းမြင့်ထွန်း၏ နေအိမ်ရှေ့တွင် ပက်လက်လန်လျက်အနေအထားဖြင့် အဆိုပါအငယ်တန်းစာရေးမှ ဖိထားလျက်ရှိနေသည်ကို မြင်တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

လဲကျနေသည့် ဦးအောင်ကျော်မိုး၏ ဘယ်ဖက်လက်ကောက်ဝတ်၊ ဝဲလက်ဖျံ ဝမ်းဗိုက်ယာဘက်တို့တွင် ဓါးဖြင့်ထိုးထားသည့် ဒဏ်ရာများရရှိသွားပြီး ၄င်း၏ ဇနီးဖြစ်သူက ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓါးဖြင့်ထိုးခဲ့သည့် အငယ်တန်းစာရေး သိန်းမြင့်ထွန်းအား ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၁၈၂/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~