ေက်ာက္မဲႏွင့္ သီေပါၾကား ျပည္ေထာင္စုလမ္းမႀကီးတြင္္ ေသနတ္ဒဏ္ရာျဖင့္ ေသဆံုးေနသည့္ အမ်ိဳးသားအေလာင္းေတြ႔ရိွ

ေက်ာက္မဲႏွင့္ သီေပါၾကား ျပည္ေထာင္စုလမ္းမႀကီးတြင္္ ေသနတ္ဒဏ္ရာျဖင့္ ေသဆံုးေနသည့္ အမ်ိဳးသားအေလာင္းေတြ႔ရိွ
ဧပြီ 10, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ခဲမြန္ေက်းရြာႏွင့္ ခိုတင့္ေက်းရြာလမ္းတြင္ ေသနတ္မွန္ ေသဆံုးေနသည့္ အသက္ (၅၀) ႏွစ္ခန္႔အရြယ္ အမ်ိဳးသားအေလာင္းတစ္ေလာင္းအား ဧၿပီလ (၁၀) ရက္ ေန႔နံနက္က ေတြ႔ရွိခဲ့၍ ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔က စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ လမ္းေဘးမွာေတြ႔တဲ့ အေလာင္းရဲ့ မလွမ္းမကမ္းမွာ က်ည္ဆံအခြံတစ္ခုေတြ႔တယ္။ ရဲတပ္ဖြ႔ဲက အေၾကာင္း ၾကားလာတာနဲ႔ မနက္ (၇) နာရီ (၁၅)မိနစ္ေလာက္မွာ သြားသယ္ခဲ့ၿပီး ေက်ာက္မဲျပည္သူ႔ေဆးရံု ရင္ခြဲရံုဌာနကို ပို႔ေဆာင္ ေပးထားပါတယ္” ဟု ဇီဝိတ လူမႈကူညီေရးအသင္း မွ ကိုေစာမင္းၾကဴက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အခင္းျဖစ္ေနရာအား ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ၿပီးေနာက္ အေလာင္းအား ေက်ာက္မဲၿမိဳ႕မွ လူမႈကူညီေရးအသင္းျဖစ္သည့္ ဇီဝိတလူမႈကူညီေရးအသင္းအကူအညီျဖင့္  ေက်ာက္မဲျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ စစ္ေဆးထားေၾကာင္း သိရသည္။

ေသဆံုးသူမွာ ခဲမြန္ေက်းရြာေန ဦးထြန္းဆိုသူျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က အတည္ျပဳထားၿပီး ဧၿပီလ (၉) ရက္ေန႔ ညပိုင္းက အခင္းျဖစ္ေနရာဝန္းက်င္ရိွ ခဲမြန္ရြာ၊ ခိုတင့္ရြာႏွင့္ ဗူးခါးရြာမ်ားမွ ေဒသခံမ်ားက အဆိုပါအခင္းျဖစ္ေနရာမွ ေသနတ္သံတစ္ခ်က္ၾကားရသည္ဟု အတည္ျပဳေၾကာင္း သိရသည္။

အဆိုပါေသဆံုးမႈအား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ စံုစမ္းစစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ေစာမင္းၾကဴ(ဇီဝိတ လူမႈကူညီေရးအသင္း)

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲနှင့် သီပေါကြား ပြည်ထောင်စုလမ်းမကြီးတွင်် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ခဲမွန်ကျေးရွာနှင့် ခိုတင့်ကျေးရွာလမ်းတွင် သေနတ်မှန် သေဆုံးနေသည့် အသက် (၅၀) နှစ်ခန့်အရွယ် အမျိုးသားအလောင်းတစ်လောင်းအား ဧပြီလ (၁၀) ရက် နေ့နံနက်က တွေ့ရှိခဲ့၍ ကျောက်မဲမြို့မရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“ လမ်းဘေးမှာတွေ့တဲ့ အလောင်းရဲ့ မလှမ်းမကမ်းမှာ ကျည်ဆံအခွံတစ်ခုတွေ့တယ်။ ရဲတပ်ဖွဲ့က အကြောင်း ကြားလာတာနဲ့ မနက် (၇) နာရီ (၁၅)မိနစ်လောက်မှာ သွားသယ်ခဲ့ပြီး ကျောက်မဲပြည်သူ့ဆေးရုံ ရင်ခွဲရုံဌာနကို ပို့ဆောင် ပေးထားပါတယ်” ဟု ဇီဝိတ လူမှုကူညီရေးအသင်း မှ ကိုစောမင်းကြူက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အခင်းဖြစ်နေရာအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် အလောင်းအား ကျောက်မဲမြို့မှ လူမှုကူညီရေးအသင်းဖြစ်သည့် ဇီဝိတလူမှုကူညီရေးအသင်းအကူအညီဖြင့်  ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင် စစ်ဆေးထားကြောင်း သိရသည်။

သေဆုံးသူမှာ ခဲမွန်ကျေးရွာနေ ဦးထွန်းဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားပြီး ဧပြီလ (၉) ရက်နေ့ ညပိုင်းက အခင်းဖြစ်နေရာဝန်းကျင်ရှိ ခဲမွန်ရွာ၊ ခိုတင့်ရွာနှင့် ဗူးခါးရွာများမှ ဒေသခံများက အဆိုပါအခင်းဖြစ်နေရာမှ သေနတ်သံတစ်ချက်ကြားရသည်ဟု အတည်ပြုကြောင်း သိရသည်။

အဆိုပါသေဆုံးမှုအား ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #စောမင်းကြူ(ဇီဝိတ လူမှုကူညီရေးအသင်း)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~