ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင်းရှိ နှစ်နိုင်ငံနယ်စပ် မယ်ခေါင်မြစ်ကမ်းဘေးရှိ ဇွဲသာယာကမ်းခြေအဖြစ် တည်ဆောက်ထားသည့် ဆိုင်ခန်းများကို သင်္ကြန်ကာလပြီးသည့် ဧပြီလ (၁၈)ရက်နေ့၌ စတင်ဖျက်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် သင်္ကြန်ကာလအတွက် ဆိုင်ခန်းများစတင်ဆောက်လုပ်ထားသည့် ဇွဲသာယာကမ်းခြေနေရာမှာ လက်ရှိတွင် လယ်ယာမြေ အမျိုးအစားဖြစ်နေသည့်အပြင် လာအိုနိုင်ငံနှင့် နှစ်နိုင်ငံနယ်နမိတ်ဖြစ်သည့် မဲခေါင်မြစ်ဘေးတွင် ဖြစ်သဖြင့် ဥပဒေနှင့်အညီ ခွင့်ပြုချက်တင်ပြရန် လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #UZ
“ဒီသင်္ကြန်ကာလအတွင်းမှာ လာလည်တဲ့သူတွေလည်း အတော်များပါတယ်။ ကား၊ဆိုင်ကယ် တိုက်တာတွေ၊ ရန်ဖြစ်တာတို့ ရေနစ်တာတို့ တစ်ခုမှ မဖြစ်ပါဘူး။ အေးအေးချမး်ချမ်းပဲ သင်္ကြန်က ပြီးသွားပါတယ်။ ဒီနေရာမှာ မြေညှိပြီး အုန်းပင်လေးတွေ မြက်ခင်းလေးတွေနဲ့ လှလှပပလေး ဖြစ်အောင်တော့ လုပ်ထားမှာပါ။ ဒီနေရာကို အခြားမြေအဖြစ် အသုံးပြုခွင့်က တင်ထားတာ နှစ် နှစ်လောက်ရှိနပြေီ။ ခွင့်ပြုချက်မရသေးတာ”ဟု ဇွဲသာယာကမ်းခြေ လုပ်ဆောင်သည့် ဦးဇွဲက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ နေရာတွင် ခွင့်ပြုချက်မရှိဘဲ ဈေးဆိုင်များ အခိုင်အမာ တည်ဆောက် လုပ်ဆောင်ခွင့် မရှိသဖြင့် ဈေးသည်များက သင်္ကြန်ကာလပြီးဆုံးသည့် ဧပြီလ(၁၇)ရက်နေ့အထိသာ ရောင်းချပြီးနောက် ဈေးဆိုင်ခန်းများ ပိတ်သိမ်းသွားကြပြီဖြစ်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် သင်္ကြန်ကာလအတွက် ဆိုင်ခန်းများစတင်ဆောက်လုပ်ထားသည့် ဇွဲသာယာကမ်းခြေနေရာမှာ လက်ရှိတွင် လယ်ယာမြေ အမျိုးအစားဖြစ်နေသည့်အပြင် လာအိုနိုင်ငံနှင့် နှစ်နိုင်ငံနယ်နမိတ်ဖြစ်သည့် မဲခေါင်မြစ်ဘေးတွင် ဖြစ်သဖြင့် ဥပဒေနှင့်အညီ ခွင့်ပြုချက်တင်ပြရန် လိုအပ်နခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း #ချယ်ရီထိုက်
ဓာတ်ပုံ #UZ