တာခ်ီလိတ္တြင္ ႏိုင္ငံေတာ္သမၼတဦး၀င္းျမင့္အား ႀကိဳဆုိသည့္ ဆိုင္းဘုတ္ ဂုဏ္ျပဳစိုက္ထူ

တာခ်ီလိတ္တြင္ ႏိုင္ငံေတာ္သမၼတဦး၀င္းျမင့္အား ႀကိဳဆုိသည့္ ဆိုင္းဘုတ္ ဂုဏ္ျပဳစိုက္ထူ
ဧပြီ 1, 2018
By Tachileik News Agency

ျမန္မာႏုိင္ငံ၏ (၁၀)ဦးေျမာက္ သမၼတ ဦးဝင္းျမင့္အား ေထာက္ခံႀကိဳဆိုျခင္းႏွင့္ ႀကိဳဆိုသည့္ဆိုင္းဘုတ္ စိုက္ထူျခင္း အခမ္းအနားအား ဧၿပီလ (၁)ရက္ေန႔ နံနက္ပိုင္းက  ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ရွမ္း႐ိုးမကြင္းေရွ႕တြင္ က်င္းပျပဳလုပ္ခဲ့ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔က ဂုဏ္ျပဳ ကျပေဖ်ာ္ေျဖခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္အား ေထာက္ခံႀကိဳဆိုျခင္းႏွင့္ ႀကိဳဆိုသည့္ဆိုင္းဘုတ္ စိုက္ထူျခင္း အခမ္းအနားသို႔ ႏိုင္ငံေရးပါတီမ်ားထဲမွ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ ပါတီ၀င္မ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား တက္ေရာက္လာခဲ့ၾကေသာ္လည္း ေဒသအုပ္ခ်ဳပ္ေရးႏွင့္ ဌာနဆိုင္ရာမ်ား တက္ေရာက္လာျခင္း မရွိေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားျဖစ္ေျမာက္ရန္အတြက္ မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြမွ ဦးေဆာင္ခဲ့ၿပီး တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ႏွင့္ တာခ်ီလိတ္ၿမိဳ႕ရွိ လူမႈေရးအသင္းအဖြဲ႔မ်ားမွ ပူးေပါင္းပါ၀င္ခဲ့ေၾကာင္း အျပင္ အခမ္းအနား က်င္းပေရး ကုန္က်စရိတ္အတြက္ ဟိုတယ္တာခ်ီလိတ္ႏွင့္ ဘုရင့္ေနာင္ပုဂၢလိကေစ်းပိုင္ရွင္  ဦးထြန္းေနဦး + ေဒၚခင္ခင္ခ်ဳိ မိသားစုက ထိုင္းဘတ္ေငြ တစ္ေသာင္းႏွစ္ေထာင္ငါးရာ လွဴဒါန္းေပးထားေၾကာင္း သိရသည္။

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္အား ေထာက္ခံႀကိဳဆိုျခင္းႏွင့္ ဆိုင္းဘုတ္စိုက္ထူျခင္းအခမ္းအနား က်င္းပရန္ အတြက္ တာခ်ီလိတ္ၿမိဳ႕နယ္အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ႏွင့္ လူမႈေရးအသင္းအဖြဲ႕တို႔မွ မတ္လ (၂၈)ရက္ေန႔က အစည္းအေ၀းျပဳလုပ္ခဲ့ၾကၿပီးေနာက္ ဧၿပီလ(၁)ရက္ေန႔ နံနက္ပိုင္းတြင္ ယခုအခမ္းအနားအား က်င္းပျပဳလုပ္ျခင္း ျဖစ္သည္။

ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ အနားယူသြားရာ လစ္လပ္ေနသည့္ ႏိုင္ငံေတာ္သမၼတေနရာအတြက္ ၂၀၁၈ ခုႏွစ္ မတ္လ (၂၈)ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္၌ ဒုတိယသမၼတ (၃)ဦးအား မဲခြဲေရြးခ်ယ္ရာ ဦးဝင္းျမင့္က မဲအေရအတြက္ (၄၀၃) မဲ၊ ဦးျမင့္ေဆြက မဲအေရအတြက္ (၂၁၁)မဲႏွင့္ ဦးဟင္နရီဗန္ထီးယူက ( ၁၈ ) မဲ၊ ပယ္မဲ (၄)မဲတို႔ျဖင့္ ႏိုင္ငံေတာ္သမၼတအျဖစ္ ဦးဝင္းျမင့္အား ေရြးခ်ယ္လုိက္ၾကျခင္းျဖစ္သည္။

ဓါတ္ပံု - ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံ၏ (၁၀)ဦးမြောက် သမ္မတ ဦးဝင်းမြင့်အား ထောက်ခံကြိုဆိုခြင်းနှင့် ကြိုဆိုသည့်ဆိုင်းဘုတ် စိုက်ထူခြင်း အခမ်းအနားအား ဧပြီလ (၁)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး တာချီလိတ်မြို့နယ်ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့က ဂုဏ်ပြု ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား ထောက်ခံကြိုဆိုခြင်းနှင့် ကြိုဆိုသည့်ဆိုင်းဘုတ် စိုက်ထူခြင်း အခမ်းအနားသို့ နိုင်ငံရေးပါတီများထဲမှ တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်လာခဲ့ကြသော်လည်း ဒေသအုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာများ တက်ရောက်လာခြင်း မရှိကြောင်း သိရသည်။

အဆိုပါ အခမ်းအနားဖြစ်မြောက်ရန်အတွက် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ ဦးဆောင်ခဲ့ပြီး တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် တာချီလိတ်မြို့ရှိ လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း အပြင် အခမ်းအနား ကျင်းပရေး ကုန်ကျစရိတ်အတွက် ဟိုတယ်တာချီလိတ်နှင့် ဘုရင့်နောင်ပုဂ္ဂလိကဈေးပိုင်ရှင် ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို မိသားစုက ထိုင်းဘတ်ငွေ တစ်သောင်းနှစ်ထောင်ငါးရာ လှူဒါန်းပေးထားကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား ထောက်ခံကြိုဆိုခြင်းနှင့် ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနား ကျင်းပရန် အတွက် တာချီလိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူမှုရေးအသင်းအဖွဲ့တို့မှ မတ်လ (၂၈)ရက်နေ့က အစည်းအေဝးပြုလုပ်ခဲ့ကြပြီးနောက် ဧပြီလ(၁)ရက်နေ့ နံနက်ပိုင်းတွင် ယခုအခမ်းအနားအား ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် အနားယူသွားရာ လစ်လပ်နေသည့် နိုင်ငံတော်သမ္မတနေရာအတွက် ၂၀၁၈ ခုနှစ် မတ်လ (၂၈)ရက်နေ့က ပြည်ထောင်စုလွှတ်တော်၌ ဒုတိယသမ္မတ (၃)ဦးအား မဲခွဲရွေးချယ်ရာ ဦးဝင်းမြင့်က မဲအရေအတွက် (၄၀၃) မဲ၊ ဦးမြင့်ဆွေက မဲအရေအတွက် (၂၁၁)မဲနှင့် ဦးဟင်နရီဗန်ထီးယူက ( ၁၈ ) မဲ၊ ပယ်မဲ (၄)မဲတို့ဖြင့် နိုင်ငံတော်သမ္မတအဖြစ် ဦးဝင်းမြင့်အား ရွေးချယ်လိုက်ကြခြင်းဖြစ်သည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~