ေျခာက္ေသြ႔ရာသီ၌ ေရရွားပါးေလ့ရိွသည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ရွိ ရပ္ကြက္မ်ားအား နယ္ေျမအလုိက္ ရဲတပ္ဖြဲ႕မ်ားက ရပ္ကြက္အတြင္း ေသာက္သံုးေရ ျဖန္႔ေဝလွဴဒါန္းမႈမ်ား လုပ္ေဆာင္ ေပးေနေၾကာင္း သိရသည္။
ရွမ္းျပည္နယ္ ဒုတိယရဲတပ္ဖြဲ႔(လားရိႈး)ႏွင့္ ခရိုင္၊ ၿမိဳ႕နယ္၊ ၿမိဳ႕မရဲတပ္ဖြဲ႔တို႔ ပူးေပါင္း၍ တပ္ဖြဲ႔ဝင္အင္အား (၆၅)ဦးျဖင့္ လားရိႈးၿမိဳ႕ အမွတ္(၁) ရပ္ကြက္၊ ေက်ာက္ေတာင္ရပ္ရွိ လူေနအိမ္ေျခ (၃၅၀) အတြက္ ေသာက္သံုးေရကို ဧၿပီလ (၁၁) ရက္ေန႔က လွဴဒါန္းေပးေၾကာင္း သိရသည္။
"ဒီရပ္ကြက္က ေတာင္ေတြေပါတဲ့ အတြက္ ေရရွားပါးလို႔ ရဲတပ္ဖြဲ႔ေတြ စုေပါင္းၿပီး ေသာက္ေရနဲ႔ သံုးေရ လွဴဒါန္းတာ ျဖစ္ပါတယ္။ မေန႔ကလည္း အမွတ္ (၂) ရဲစခန္းက သူတို႔ အပိုင္ထဲမွာ လုပ္ပါတယ္။ ေနာက္ပိုင္းမွာလည္း ေရအခက္အခဲရွိတဲ့ရပ္ကြက္ေတြကို လွဴေပးဖို႔ရွိပါတယ္” ဟု လားရိႈးၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးေက်ာ္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
လားရႈိးခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုတိယရဲမွဴးႀကီးဝင္းေရႊ ဦးစီး၍ လားရႈိးၿမိဳ႕နယ္ရဲတပ္ဖြဲ႔ အမွတ္(၂)ရဲစခန္းမွ ရဲတပ္ဖြဲ႔ဝင္မ်ား ပါဝင္စုေပါင္းကာ လားရိႈးၿမိဳ႕အတြင္း ေရရွားပါးသည့္ ရပ္ကြက္မ်ားတြင္ ေရလွဴဒါန္းေနရာ ဧၿပီလ (၁၀) ရက္ေန႔တြင္လည္း လားရႈိးၿမိဳ႕ ရပ္ကြက္ (၁၂) နယ္ေျမ (၂၁) ရွိ ေအာင္ခ်မ္းသာရပ္ကြက္(ကြက္သစ္)တြင္ ေရလွဴဒါန္းေပးထားေၾကာင္း သိရသည္။
လားရိႈးၿမိဳ႕တြင္ ရပ္ကြက္ (၁၂)ခုရိွသည့္အနက္ ရပ္ကြက္ (၁)၊ ရပ္ကြက္(၄)၊ ရပ္ကြက္ (၅)၊ ရပ္ကြက္(၆)၊ ရပ္ကြက္ (၇)၊ ရပ္ကြက္ (၉)ႏွင့္ ရပ္ကြက္(၁၀)တို႔တြင္ ႏွစ္စဥ္ ေျခာက္ေသြ႔ရာသီတုိင္း ေရရွားပါးမႈႏွင့္ ႀကံဳေနရျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႔
ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့(လားရှိုး)နှင့် ခရိုင်၊ မြို့နယ်၊ မြို့မရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ တပ်ဖွဲ့ဝင်အင်အား (၆၅)ဦးဖြင့် လားရှိုးမြို့ အမှတ်(၁) ရပ်ကွက်၊ ကျောက်တောင်ရပ်ရှိ လူနေအိမ်ခြေ (၃၅၀) အတွက် သောက်သုံးရေကို ဧပြီလ (၁၁) ရက်နေ့က လှူဒါန်းပေးကြောင်း သိရသည်။
"ဒီရပ်ကွက်က တောင်တွေပေါတဲ့ အတွက် ရေရှားပါးလို့ ရဲတပ်ဖွဲ့တွေ စုပေါင်းပြီး သောက်ရေနဲ့ သုံးရေ လှူဒါန်းတာ ဖြစ်ပါတယ်။ မနေ့ကလည်း အမှတ် (၂) ရဲစခန်းက သူတို့ အပိုင်ထဲမှာ လုပ်ပါတယ်။ နောက်ပိုင်းမှာလည်း ရေအခက်အခဲရှိတဲ့ရပ်ကွက်တွေကို လှူပေးဖို့ရှိပါတယ်” ဟု လားရှိုးမြို့ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းရွှေ ဦးစီး၍ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့ အမှတ်(၂)ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်စုပေါင်းကာ လားရှိုးမြို့အတွင်း ရေရှားပါးသည့် ရပ်ကွက်များတွင် ရေလှူဒါန်းနေရာ ဧပြီလ (၁၀) ရက်နေ့တွင်လည်း လားရှိုးမြို့ ရပ်ကွက် (၁၂) နယ်မြေ (၂၁) ရှိ အောင်ချမ်းသာရပ်ကွက်(ကွက်သစ်)တွင် ရေလှူဒါန်းပေးထားကြောင်း သိရသည်။
လားရှိုးမြို့တွင် ရပ်ကွက် (၁၂)ခုရှိသည့်အနက် ရပ်ကွက် (၁)၊ ရပ်ကွက်(၄)၊ ရပ်ကွက် (၅)၊ ရပ်ကွက်(၆)၊ ရပ်ကွက် (၇)၊ ရပ်ကွက် (၉)နှင့် ရပ်ကွက်(၁၀)တို့တွင် နှစ်စဉ် ခြောက်သွေ့ရာသီတိုင်း ရေရှားပါးမှုနှင့် ကြုံနေရခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့