လာအိုနိုင်ငံမှ လျှပ်စစ်မီး ကျိုင်းလပ်မှ တဆင့် တာလေမြို့သို့ ဧပြီလ(၆)ရက်နေ့တွင် အစမ်းဖြန့်ဖြူးမည်

လာအိုနိုင်ငံမှ လျှပ်စစ်မီး ကျိုင်းလပ်မှ တဆင့် တာလေမြို့သို့ ဧပြီလ(၆)ရက်နေ့တွင် အစမ်းဖြန့်ဖြူးမည်
ဧပွီ 4, 2018
By Tachileik News Agency

လာအိုနိုင်ငံမှ သွယ်တန်းထားသည့် လျှပ်စစ်မီးအား မြန်မာ - လာအိုနယ်စပ်ဒေသ ကျိုင်းလပ်မြို့မှ တဆင့် တာလေမြို့သို့ သွယ်တန်းရန်အတွက် အဆင်သင့်ဖြစ်နေ၍ ဧပြီလ(၆)ရက်နေ့တွင် လျှပ်စစ်မီး အစမ်း လွတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံမှ 22KV ဓါတ်အားလိုင်း သွယ်တန်းပြီး (၅)မဂ္ဂါဝပ်ဓါတ်အားကို ကျိုင်းလပ်မြို့မှ တဆင့် တာလေမြို့သို့ ဖြန့်ဖြူးပေးရန် လျှပ်စစ်ဓါတ်တိုင်နှင့်ကြိုးများ သွယ်တန်းပြီးစီးနေသည့်အတွက် 22KV/0.4KV လျှပ်စစ်မီးအား ကျိုင်းလပ်မြို့၊ နမ့်ငေါ့ကျေးရွာမှ တာလေမြို့သို့ ၂၀၁၈ခုနှစ် ဧပြီလ(၆)ရက်နေ့တွင် အစမ်းဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ၌ တာလေမြို့တွင် ရေအားလျှပ်စစ်မီး နှင့် ဆိုလာမီးများကိုသာ အဓိက အသုံးပြုနေကြောင်း သိရသည်။

"တာလေမှာ အများပိုင်းကတော့ ရေအားလျှပ်စစ်နဲ့ ဆိုလာမီးတွေကို သုံးနေကြတယ်၊ အခုလာအိုဘက်က လာတဲ့ မီးက (၂၄)နာရီ ရမယ်ဆိုတော့ ကောင်းတာပေါ့၊  (၂၄)နာရီမီးရရင် တော်တော်များများ အဆင်ပြေနိုင်ပါတယ်။"ဟု တာလေမြို့နေ မနန်းအွန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - လာအိုနယ်စပ်၊ ကျိုင်းလပ်မြို့မှ တဆင့် တာလေမြို့အထိ (၂၄)နာရီ လျှပ်စစ်မီး ပေးနိုင်ရန်အတွက် လျှပ်စစ်ဓါတ်တိုင်များနှင့်မီးကြိုးများအား တာလေမြို့အထွက် နားယောင်းကျေးရွာအုပ်စုအထိ သွယ်တန်းထားရှိကြောင်း သိရသည်။

လာအိုနိုင်ငံမှ တဆင့် သွယ်ယူထားသည့် လျှပ်စစ်မီးအား မြန်မာ - လာအို နယ်စပ်ဒေသ၊ ကျိုင်းလပ်မြို့တွင်  ၂၀၁၇ခုနှစ် မတ်လ(၂၆)ရက်နေ့ကစ၍ စတင်အသုံးပြုပြီးနောက် တာလေမြို့တွင် ၂၀၁၈ခုနှစ် ဧပြီလ(၆)ရက်နေ့၌ အစမ်းဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

လာအိုနိုင်ငံမှ သွယ်တန်းထားသည့် လျှပ်စစ်မီးအား မြန်မာ - လာအိုနယ်စပ်ဒေသ ကျိုင်းလပ်မြို့မှ တဆင့် တာလမြေို့သို့ သွယ်တန်းရန်အတွက် အဆင်သင့်ဖြစ်နေ၍ ဧပြီလ(၆)ရက်နေ့တွင် လျှပ်စစ်မီး အစမ်း လွတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံမှ 22KV ဓာတ်အားလိုင်း သွယ်တန်းပြီး (၅)မဂ္ဂါဝပ်ဓာတ်အားကို ကျိုင်းလပ်မြို့မှ တဆင့် တာလမြေို့သို့ ဖြန့်ဖြူးပေးရန် လျှပ်စစ်ဓာတ်တိုင်နှင့်ကြိုးများ သွယ်တန်းပြီးစီးနေသည့်အတွက် 22KV/0.4KV လျှပ်စစ်မီးအား ကျိုင်းလပ်မြို့၊ နမ့်ငေါ့ကျေးရွာမှ တာလမြေို့သို့ ၂၀၁၈ခုနှစ် ဧပြီလ(၆)ရက်နေ့တွင် အစမ်းဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ၌ တာလမြေို့တွင် ရေအားလျှပ်စစ်မီး နှင့် ဆိုလာမီးများကိုသာ အဓိက အသုံးပြုနေကြောင်း သိရသည်။

"တာလေမှာ အများပိုင်းကတော့ ရေအားလျှပ်စစ်နဲ့ ဆိုလာမီးတွေကို သုံးနကြေတယ်၊ အခုလာအိုဘက်က လာတဲ့ မီးက (၂၄)နာရီ ရမယ်ဆိုတော့ ကောင်းတာပေါ့၊ (၂၄)နာရီမီးရရင် တော်တော်များများ အဆင်ပြေနိုင်ပါတယ်။"ဟု တာလမြေို့နေ မနန်းအွန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - လာအိုနယ်စပ်၊ ကျိုင်းလပ်မြို့မှ တဆင့် တာလမြေို့အထိ (၂၄)နာရီ လျှပ်စစ်မီး ပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်တိုင်များနှင့်မီးကြိုးများအား တာလမြေို့အထွက် နားယောင်းကျေးရွာအုပ်စုအထိ သွယ်တန်းထားရှိကြောင်း သိရသည်။

လာအိုနိုင်ငံမှ တဆင့် သွယ်ယူထားသည့် လျှပ်စစ်မီးအား မြန်မာ - လာအို နယ်စပ်ဒေသ၊ ကျိုင်းလပ်မြို့တွင် ၂၀၁၇ခုနှစ် မတ်လ(၂၆)ရက်နေ့ကစ၍ စတင်အသုံးပြုပြီးနောက် တာလမြေို့တွင် ၂၀၁၈ခုနှစ် ဧပြီလ(၆)ရက်နေ့၌ အစမ်းဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~