တာချီလိတ်မြို့နယ် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်းက ကျင်းပသည့် အဋ္ဌမအကြိမ် ရခိုင်ရိုးရာ သင်္ကြန် ဘုရားရေသပ္ပါယ်ပွဲအား ၂၀၁၈ခုနှစ် ဧပြီလ(၁၃)ရက်နေ့ သင်္ကြန်အကြို ညနေက ပြုလုပ်ခဲ့ကြသည်။
ရခိုင်ရိုးရာ သင်္ကြန်ဘုရားရေသပ္ပါယ်ပွဲအဖြစ် တာချီလိတ်မြို့နယ်ဓမ္မာရုံမှ တဆင့် တာချီလိတ်ရွှေတိဂုံ စေတီတော်သို့ စီတန်းလမ်းလျှောက်ကာ သွားရောက်ခဲ့ကြပြီး နံ့သာရည်များဖြင့် ပူဇော်ခဲ့ကြသည်။
တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု နှင့် တာချီလိတ်မြို့နယ် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ နာယက နှင့် ဥက္ကဌ အပါအဝင် အလုပ်အမှုဆောင်အဖွဲ့ဝင်များ ရခိုင်တိုင်းရင်းသားများမှ ပါဝင်၍ ပူဇော်ခဲ့ကြခြင်း ဖြစ်သည်။
တာချီလိတ်မြို့နယ် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်းက သက်ကြီးပူဇော်ပွဲအား ဧပြီလ (၁၃)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ကာ ရခိုင်တိုင်းရင်းသားမိသားစုထဲမှ အသက်(၆၀)အထက် ဘိုးဘွား (၃၂)ဦးအား စုပေါင်းကန်တော့ခဲ့ကြကြောင်း သိရသည်။