ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်းမှ စက်ဘီးစီးအဖွဲ့ မိုင်းဖုန်းသို့ သွားရောက်ပြီး နေရပ်ပြန်

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်းမှ စက်ဘီးစီးအဖွဲ့ မိုင်းဖုန်းသို့ သွားရောက်ပြီး နေရပ်ပြန်
မတျ 4, 2018
By Tachileik News Agency

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်းမှ စက်ဘီးစီးအဖွဲ့ (၁၀)ဖွဲ့ ပါဝင်သည့် စက်ဘီးစီးသမား စုစုပေါင်း (၈၅)ဦး ကျော်က မတ်လ(၄)ရက်နေ့ နံနက်(၇း၂၀)နာရီအချိန်က စ၍ တာချီလိတ်မြို့တွင်းမှ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ မိုင်းဖုန်းဆရာတော်၏ ကျောင်းတိုက်သို့ သွားရောက်ကြပြီးနောက် နေ့လည်ပိုင်းတွင် တာချီလိတ်မြို့တွင်းသို့ ပြန်လည်ရောက်ရှိလာကာ နေ့လည်(၂)နာရီ ၀န်းကျင်အချိန်က ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း ချင်းရိုင်း နှင့် မယ်ဆိုင်မြို့တို့မှ စက်ဘီးစီးအဖွဲ့(၁၀)ဖွဲ့မှ စက်ဘီးစီးသမား (၈၀)ဦး ကျော် နှင့် တာချီလိတ်မှ စက်ဘီးစီးသမားများ အပါအ၀င် (၈၅)ဦး ကျော် တို့က အပျော်စီးခရီး အနေဖြင့် လာရောက်ကာ မိုင်းဖုန်းဆရာတော်ကျောင်းတိုက်အထိ သွားရောက်ကာ စုပေါင်းငွေ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပြီးနောက် အပြန်တွင် ဇွဲသာယာကမ်းခြေသို့ ၀င်ခဲ့ကြကြောင်း အဆိုပါ ခရီးစဉ်အား ဦးဆောင်သူ မြန်မာဘက်မှ စက်ဘီးစီးသမား ကိုစိုင်းလုံတစ်ထံက သိရသည်။

တာချီလိတ်မြို့တွင် ကျင်းပပြုလုပ်သည့် အထိမ်းအမှတ် စက်ဘီးစီးပွဲများ နှင့် စက်ဘီးစီးပြိုင်ပွဲများတွင် ချင်းရိုင်းခရိုင်အတွင်းရှိ စက်ဘီးစီးအဖွဲ့များက လာရောက်၍ ဆင်နွှဲလေ့ရှိကြပြီး၊ ယခုလို စက်ဘီးစီးမှုသည့် တနင်္ဂနွေရုံးပိတ်ရက်နှင့်အညီ အများသူငှာ အားလပ်ရက်ဖြစ်သည့်အတွက် စုပေါင်းကာ အပျော်စီး ခရီးစဉ်အဖြစ် စက်ဘီးစီးနင်းကြခြင်း ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ - เที่ยรี่ น้อย


~~~~~~~~⊰❂ unicode ~~~~~~~~


ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်းမှ စက်ဘီးစီးအဖွဲ့ (၁၀)ဖွဲ့ ပါဝင်သည့် စက်ဘီးစီးသမား စုစုပေါင်း (၈၅)ဦး ကျော်က မတ်လ(၄)ရက်နေ့ နံနက်(ရး၂၀)နာရီအချိန်က စ၍ တာချီလိတ်မြို့တွင်းမှ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ မိုင်းဖုန်းဆရာတော်၏ ကျောင်းတိုက်သို့ သွားရောက်ကြပြီးနောက် နေ့လည်ပိုင်းတွင် တာချီလိတ်မြို့တွင်းသို့ ပြန်လည်ရောက်ရှိလာကာ နေ့လည်(၂)နာရီ ဝန်းကျင်အချိန်က ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း ချင်းရိုင်း နှင့် မယ်ဆိုင်မြို့တို့မှ စက်ဘီးစီးအဖွဲ့(၁၀)ဖွဲ့မှ စက်ဘီးစီးသမား (၈၀)ဦး ကျော် နှင့် တာချီလိတ်မှ စက်ဘီးစီးသမားများ အပါအဝင် (၈၅)ဦး ကျော် တို့က အပျော်စီးခရီး အနဖြေင့် လာရောက်ကာ မိုင်းဖုန်းဆရာတော်ကျောင်းတိုက်အထိ သွားရောက်ကာ စုပေါင်းငွေ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပြီးနောက် အပြန်တွင် ဇွဲသာယာကမ်းခြေသို့ ဝင်ခဲ့ကြကြောင်း အဆိုပါ ခရီးစဉ်အား ဦးဆောင်သူ မြန်မာဘက်မှ စက်ဘီးစီးသမား ကိုစိုင်းလုံတစ်ထံက သိရသည်။

တာချီလိတ်မြို့တွင် ကျင်းပပြုလုပ်သည့် အထိမ်းအမှတ် စက်ဘီးစီးပွဲများ နှင့် စက်ဘီးစီးပြိုင်ပွဲများတွင် ချင်းရိုင်းခရို်င်အတွင်းရှိ စက်ဘီးစီးအဖွဲ့များက လာရောက်၍ ဆင်နွှဲလေ့ရှိကြပြီး၊ ယခုလို စက်ဘီးစီးမှုသည့် တနင်္ဂေနွရုံးပိတ်ရက်နှင့်အညီ အများသူငှါ အားလပ်ရက်ဖြစ်သည့်အတွက် စုပေါင်းကာ အပျော်စီး ခရီးစဉ်အဖြစ် စက်ဘီးစီးနင်းကြခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - เที่ยรี่ น้อย

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~