တာချီလိတ်ရှိ ရွှေတြိဂံ ပါရာဒိုက်ဟိုတယ်တွင် ကျပျောက်သည့် ဖုန်းနှင့်ရွှေအား ပြန်ပေးသည့် သန့်ရှင်းရေးဝန်ထမ်းကို ဂုဏ်ပြု

တာချီလိတ်ရှိ ရွှေတြိဂံ ပါရာဒိုက်ဟိုတယ်တွင် ကျပျောက်သည့် ဖုန်းနှင့်ရွှေအား ပြန်ပေးသည့် သန့်ရှင်းရေးဝန်ထမ်းကို ဂုဏ်ပြု
မတျ 30, 2018
By Tachileik News Agency

တာချီလိတ်မြို့ ရွှေတြိဂံပါရာဒိုက်ဟိုတယ်တွင် ၂၀၁၈ခုနှစ် မတ်လ (၁၅)ရက်နေ့က ကျင်းပသည့် ပွဲကာလ အတွင်း လက်ကိုင်ဖုန်းကျပျောက်ခဲ့သည်ကို တွေ့ရသည့် အဆိုပါ ဟိုတယ်၏ သန့်ရှင်းရေး ဝန်ထမ်းက ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့သဖြင့် အဆိုပါ ဟိုတယ်က အသိမှတ်ပြု ဂုဏ်ပြုပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။



မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ရွှေတြိဂံ ပါရာဒိုက်ဟိုတယ်တွင် မတ်လ (၁၅) ရက်နေ့က ကျင်းပသည့် ပွဲတစ်ခုတွင်  Vivo Y 51 အမျိုးအစား လက်ကိုင်ဖုန်း ကျပျောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လက်ကိုင်ဖုန်းအား တွေ့ရှိသည့် သန့်ရှင်းရေးဝန်ထမ်းက ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကောက်ရသည့် ပစ္စည်းများအား ပိုင်ရှင်ထံ ရိုးသားစွာဖြင့် ပြန်လည်အပ်နှံလေ့ရှိသည့် ၎င်း၏ လုပ်ရပ်အား အခြားဝန်ထမ်းများမှလည်း အတုယူနိုင်ရန် နှင့် ရိုးသားကြိုးစား၍ အသိအမှတ်ပြုသည့်အနေဖြင့် Win & Win Club, Golden Triangle Paradise Resort Hotel မန်နေဂျာ ဦးကျော်ကျော်စိုး နှင့် ဇနီးဒေါ်ချိုတို့မှ ဂုဏ်ပြုပွဲ ပြုလုပ်ပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။

သတင်း - ဝေယံလင်း


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ရွှတြေိဂံပါရာဒိုက်ဟိုတယ်တွင် ၂၀၁၈ခုနှစ် မတ်လ (၁၅)ရက်နေ့က ကျင်းပသည့် ပွဲကာလ အတွင်း လက်ကိုင်ဖုန်းကျပျောက်ခဲ့သည်ကို တွေ့ရသည့် အဆိုပါ ဟိုတယ်၏ သန့်ရှင်းရေး ဝန်ထမ်းက ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့သဖြင့် အဆိုပါ ဟိုတယ်က အသိမှတ်ပြု ဂုဏ်ပြုပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။

Win & Win Club, Golden Triangle Paradise Resort Hotel မှ အသက် (၁၉)နှစ်အရွယ် ဟိုတယ် သန့်ရှင်းရေးဝန်ထမ်း မပိုပိုထွေးသည် ဟိုတယ်တွင် ၂၀၁၇ ခုနှစ်က စတင် အလုပ်ဝင်ခဲ့ခြင်းဖြစ်ပြီး ယခင်ကလည်း ဧည့်သည်တစ်ဦး၏ လက်စွပ်တစ်ကွင်း ကောက်ရသည်ကို ပြန်လည်ပေးအပ်ခဲ့ဖူးကြောင်း သိရသည်။

မပိုပိုထွေးသည် မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ကုန်းတောင်းတောင်ကျေးရွာမှ အလုပ်လာရောက် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ရွှတြေိဂံ ပါရာဒိုက်ဟိုတယ်တွင် မတ်လ (၁၅) ရက်နေ့က ကျင်းပသည့် ပွဲတစ်ခုတွင် Vivo Y 51 အမျိုးအစား လက်ကိုင်ဖုန်း ကျပျောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လက်ကိုင်ဖုန်းအား တွေ့ရှိသည့် သန့်ရှင်းရေးဝန်ထမ်းက ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကောက်ရသည့် ပစ္စည်းများအား ပိုင်ရှင်ထံ ရိုးသားစွာဖြင့် ပြန်လည်အပ်နှံလေ့ရှိသည့်၎င်း၏ လုပ်ရပ်အား အခြားဝန်ထမ်းများမှလည်း အတုယူနိုင်ရန် နှင့် ရိုးသားကြိုးစား၍ အသိအမှတ်ပြုသည့်အနဖြေင့် Win & Win Club, Golden Triangle Paradise Resort Hotel မန်နေဂျာ ဦးကျော်ကျော်စိုး နှင့် ဇနီးဒေါ်ချိုတို့မှ ဂုဏ်ပြုပွဲ ပြုလုပ်ပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။

သတင်း -ေဝယံလင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~