၂၀၁၆ - ၂၀၁၇ အခြန္စည္းၾကပ္ႏွစ္အတြင္း ျမန္မာတစ္ႏိုင္ငံလံုး အေယာက္(၁၀၀၀) ႏွင့္ ရွမ္းျပည္နယ္အတြင္း အေယာက္(၅၀)တြင္ တာခ်ီလိတ္ၿမိဳ႕မွ စံလင္းၿဖိဳးကုမၸဏီပိုင္ရွင္ ဦးလွေအးႏွင့္ ေဒၚခင္ခင္ေထြးတို႔ ပါ၀င္

၂၀၁၆ - ၂၀၁၇ အခြန္စည္းၾကပ္ႏွစ္အတြင္း ျမန္မာတစ္ႏိုင္ငံလံုး အေယာက္(၁၀၀၀) ႏွင့္ ရွမ္းျပည္နယ္အတြင္း အေယာက္(၅၀)တြင္ တာခ်ီလိတ္ၿမိဳ႕မွ စံလင္းၿဖိဳးကုမၸဏီပိုင္ရွင္ ဦးလွေအးႏွင့္ ေဒၚခင္ခင္ေထြးတို႔ ပါ၀င္
မတ် 28, 2018
By Tachileik News Agency

၂၀၁၆ - ၂၀၁၇ စည္းၾကပ္ႏွစ္အတြင္း ျမန္မာတစ္ႏိုင္ငံလံုးတြင္ ၀င္ေငြခြန္ အမ်ားဆံုး ထမ္းေဆာင္သည့္ အေယာက္(၁၀၀၀)တြင္ အဆင့္(၉၅၄)၊ ရွမ္းျပည္နယ္အတြင္း အေယာက္ (၅၀)တြင္ အဆင့္(၄၉)တြင္ရိွသည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕မွ စံလင္းၿဖိဳးကုမၸဏီပိုင္ရွင္ ဦးလွေအးႏွင့္ ေဒၚခင္ခင္ေထြးတို႔အား ျပည္နယ္အစိုးရအဖြဲ႔က ဂုဏ္ျပဳမွတ္တမ္းလႊာ ေပးအပ္ခ်ီးျမႇင့္ေၾကာင္း သိရသည္။

၂၀၁၆ -၂၀၁၇ ခုႏွစ္ စည္းၾကပ္ႏွစ္တြင္ ရွမ္းျပည္နယ္အတြင္း အခြန္ထမ္းသူမ်ားအနက္ ကုန္သြယ္ခြန္ ႏွင့္ ၀င္ေငြခြန္ အမ်ားဆံုး ထမ္းေဆာင္ႏိုင္ခဲ့ၾကသူ (၁၀၀)ဦးအား ၂၀၁၈ခုႏွစ္ မတ္လ(၂၇)ရက္ေန႔ နံနက္ပိုင္းက ေတာင္ႀကီးၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ျပည္တြင္းအခြန္မ်ားဦးစီးဌာနတို႔က ဂုဏ္ျပဳ မွတ္တမ္းလႊာ ခ်ီးျမႇင့္ျခင္းျဖစ္သည္။

ျပည္နယ္တြင္း အခြန္အမ်ားဆံုး ထမ္းေဆာင္ခဲ့သူ (၁၀၀)ဦးတြင္ ကုန္သြယ္လုပ္ငန္းခြန္ အမ်ားဆံုး ထမ္းေဆာင္ခဲ့သူ (၅၀)ဦး ႏွင့္ ၀င္ေငြခြန္အမ်ားဆံုး ထမ္းေဆာင္ခဲ့သူ(၅၀)ဦးတို႔ ပါဝင္ေၾကာင္း သိရသည္။

"၂၀၁၆ - ၂၀၁၇ စည္းၾကပ္ႏွစ္ အပါအ၀င္ ႏွစ္အဆက္ဆက္ စည္းၾကပ္ေကာက္ခံတဲ့ အခြန္ေငြမ်ား အားလံုးကို အခြန္ေၾကြးက်န္မရွိ အေျပအေက် ေပးေဆာင္ခဲ့ျခင္း စတဲ့ အခ်က္အလက္မ်ားနဲ႔ စိစစ္ ေရြးခ်ယ္ခဲ့ရာမွာ ရွမ္းျပည္နယ္ အတြင္းရွိ အခြန္ထမ္းေဆာင္သူမ်ားအနက္ အခြန္အမ်ားဆံုး ထမ္းေဆာင္ခဲ့သည့္ ကုန္သြယ္လုပ္ငန္းခြန္ အခြန္ထမ္း(၅၀)ဦး နဲ႔ ၀င္ေငြခြန္အခြန္ထမ္း (၅၀)ဦးတို႔ကို စိစစ္ ေရြးခ်ယ္ခဲ့ပါတယ္။ အခြန္ထမ္း လုပ္ငန္းရွင္မ်ားကို ႏို္င္ငံပိုင္သတင္းစာမွာလည္း ထုတ္ျပန္ေၾကညာခဲ့ၿပီး ရွမ္းျပည္နယ္ အစိုးရအဖြဲ႔အေနနဲ႔လည္း ထပ္မံၿပီး အခုလို ဂုဏ္ျပဳခ်ီးျမႇင့္ေပးရျခင္း ျဖစ္ပါတယ္"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံုက အခမ္းအနားတြင္ ရွင္းလင္း ေျပာၾကားသည္။

ဂုဏ္ျပဳ မွတ္တမ္းလႊာ ေပးအပ္ခ်ီးျမႇင့္ျခင္း အခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၀င္ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ ႏွင့္ အစိုးရအဖြဲ႔၀င္ ၀န္ႀကီးမ်ား၊ သက္ဆိုင္ရာဌာနအႀကီးအကဲမ်ားႏွင့္ ရွမ္းျပည္နယ္အတြင္းမွ အမ်ားဆံုး အခြန္ထမ္းခဲ့သူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

"ဖြံ႕ၿဖိဳးတိုးတက္တဲ့ နိုင္ငံေတာ္တစ္ရပ္ ထူေထာင္နိုင္ေရးမွာ ဘ႑ာေငြေၾကးဟာ အဓိက လိုအပ္ခ်က္ တစ္ရပ္ ျဖစ္ပါတယ္။ နိုင္ငံေတာ္ရဲ႕ ၿငိမ္းခ်မ္းေရး၊ လံုျခံဳေရးနဲ႔ ဖြံ႔ၿဖဳိးတိုးတက္ေရး တို႔ဟာ အျပန္အလွန္ အမွီ သဟဲ ျပဳေနတာပဲ ျဖစ္ပါတယ္။ လိုအပ္ခ်က္ေတြကို ပံ့ပိုးေပးနိုင္ဖို႔ ေငြေၾကး လိုအပ္တာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ လုပ္ငန္းရွင္ႀကီးမ်ား အေနနဲ႔ ေနာင္ႏွစ္ မ်ားမွာလည္း စီးပြားေရးလုပ္ငန္းမ်ား ပိုမိုတိုးတက္ၿပီး ေပးေဆာင္သင့္ ေပးေဆာင္ထိုက္တဲ့ အခြန္ေငြမ်ားကို ေပးေဆာင္ၿပီး နိုင္ငံေတာ္အက်ိဳး မိမိအက်ိဳး သယ္ပိုးေဆာင္ရြက္နိုင္ပါေစ"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္ ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဆိုပါ အခမ္းအနားတြင္ ေျပာၾကားသည္။

၂၀၁၆-၂၀၁၇ စည္းၾကပ္ႏွစ္အတြက္ ရွမ္းျပည္နယ္အတြင္းမွ အခြန္အမ်ားဆံုး ထမ္းေဆာင္ခဲ့ၾကသည့္ လုပ္ငန္းရွင္မ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ခ်ီးျမႇင့္ရာတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ရွမ္းျပည္နယ္အတြင္းမွ အဆင့္(၁)ရရွိသူ လုပ္ငန္းရွင္အား ဂုဏ္ျပဳမွတ္တမ္းလႊာ ေပးအပ္ခ်ီးျမႇင့္ေၾကာင္းႏွင့္ ျပည္နယ္အစိုးရအဖြဲ႔၀င္ ၀န္ႀကီးမ်ားမွလည္း သက္ဆိုင္ရာအလိုက္ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားအား ေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဥကၠ႒ ဦးခြန္စံလြင္က ျမန္မာတစ္ႏိုင္ငံလံုးတြင္ ၀င္ေငြခြန္ အမ်ားဆံုးထမ္းေဆာင္သူ အျဖစ္ အဆင့္(၉၅၄) ႏွင့္ ရွမ္းျပည္နယ္အတြင္း အဆင့္(၄၉)သတ္မွတ္ခံရသည့္ တာခ်ီလိတ္မွ စံလင္းၿဖဳိးကုမၸဏီတို႔အား ဂုဏ္ျပဳမွတ္တမ္းလႊာ ေပးအပ္ခ်ီးျမႇင့္ေၾကာင္း သိရသည္။

ဓာတ္ပံု - ေမာင္ေမာင္သန္း


~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၆ - ၂၀၁၇ စည်းကြပ်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သည့် အယောက်(၁၀၀၀)တွင် အဆင့်(၉၅၄)၊ ရှမ်းပြည်နယ်အတွင်း အယောက် (၅၀)တွင် အဆင့်(၄၉)တွင်ရှိသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ စံလင်းဖြိုးကုမ္ပဏီပိုင်ရှင် ဦးလှအေးနှင့် ဒေါ်ခင်ခင်ထွေးတို့အား ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

၂၀၁၆ -၂၀၁၇ ခုနှစ် စည်းကြပ်နှစ်တွင် ရှမ်းပြည်နယ်အတွင်း အခွန်ထမ်းသူများအနက် ကုန်သွယ်ခွန် နှင့် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်နိုင်ခဲ့ကြသူ (၁၀၀)ဦးအား ၂၀၁၈ခုနှစ် မတ်လ(၂၇)ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်တွင်းအခွန်များဦးစီးဌာနတို့က ဂုဏ်ပြု မှတ်တမ်းလွှာ ချီးမြှင့်ခြင်းဖြစ်သည်။

ပြည်နယ်တွင်း အခွန်အများဆုံး ထမ်းဆောင်ခဲ့သူ (၁၀၀)ဦးတွင် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ခဲ့သူ (၅၀)ဦး နှင့် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သူ(၅၀)ဦးတို့ ပါဝင်ကြောင်း သိရသည်။

"၂၀၁၆ - ၂၀၁၇ စည်းကြပ်နှစ် အပါအဝင် နှစ်အဆက်ဆက် စည်းကြပ်ကောက်ခံတဲ့ အခွန်ငွေများ အားလုံးကို အခွန်ကြွေးကျန်မရှိ အပြေအကျေ ပေးဆောင်ခဲ့ခြင်း စတဲ့ အချက်အလက်များနဲ့ စိစစ် ရွေးချယ်ခဲ့ရာမှာ ရှမ်းပြည်နယ် အတွင်းရှိ အခွန်ထမ်းဆောင်သူများအနက် အခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန် အခွန်ထမ်း(၅၀)ဦး နဲ့ ဝင်ငွေခွန်အခွန်ထမ်း (၅၀)ဦးတို့ကို စိစစ် ရွေးချယ်ခဲ့ပါတယ်။ အခွန်ထမ်း လုပ်ငန်းရှင်များကို နို်င်ငံပိုင်သတင်းစာမှာလည်း ထုတ်ပြန်ကြေညာခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေနဲ့လည်း ထပ်မံပြီး အခုလို ဂုဏ်ပြုချီးမြှင့်ပေးရခြင်း ဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက အခမ်းအနားတွင် ရှင်းလင်း ပြောကြားသည်။

ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနအကြီးအကဲများနှင့် ရှမ်းပြည်နယ်အတွင်းမှ အများဆုံး အခွန်ထမ်းခဲ့သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

"ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တစ်ရပ် ထူထောင်နိုင်ရေးမှာ ဘဏ္ဍာငွေကြေးဟာ အဓိက လိုအပ်ချက် တစ်ရပ် ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး တို့ဟာ အပြန်အလှန် အမှီ သဟဲ ပြုနေတာပဲ ဖြစ်ပါတယ်။ လိုအပ်ချက်တွေကို ပံ့ပိုးပေးနိုင်ဖို့ ငွေကြေး လိုအပ်တာပဲဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်ကြီးများ အနေနဲ့ နောင်နှစ် များမှာလည်း စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်ပြီး ပေးဆောင်သင့် ပေးဆောင်ထိုက်တဲ့ အခွန်ငွေများကို ပေးဆောင်ပြီး နိုင်ငံတော်အကျိုး မိမိအကျိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေ"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။

၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် ရှမ်းပြည်နယ်အတွင်းမှ အခွန်အများဆုံး ထမ်းဆောင်ခဲ့ကြသည့် လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အတွင်းမှ အဆင့်(၁)ရရှိသူ လုပ်ငန်းရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှလည်း သက်ဆိုင်ရာအလိုက် ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးခွန်စံလွင်က မြန်မာတစ်နိုင်ငံလုံးတွင် ဝင်ငွေခွန် အများဆုံးထမ်းဆောင်သူ အဖြစ် အဆင့်(၉၅၄) နှင့် ရှမ်းပြည်နယ်အတွင်း အဆင့်(၄၉)သတ်မှတ်ခံရသည့် တာချီလိတ်မှ စံလင်းဖြိုးကုမ္ပဏီတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ဓာတ်ပုံ - မောင်မောင်သန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~