တာခ်ီလိတ္ၿမိဳ႕ ပံုလို႔ဘုန္းႀကီးေက်ာင္းဝင္းအတြင္း ဆုိင္ကယ္လဲက်၍ ေသဆံုးေနသူတစ္ဦး ေတြ႔ရိွ

တာခ်ီလိတ္ၿမိဳ႕ ပံုလို႔ဘုန္းႀကီးေက်ာင္းဝင္းအတြင္း ဆုိင္ကယ္လဲက်၍ ေသဆံုးေနသူတစ္ဦး ေတြ႔ရိွ
မတ် 30, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ဝမ္လံုးအုပ္စု၊ ပံုလို႔ဘုန္းေတာ္ႀကီးေက်ာင္းဝင္းအတြင္းရိွ လမ္းဝဲဘက္ျခမ္းတြင္ ဆုိင္ကယ္တစ္စီးတိမ္းေမွာက္ၿပီး ေသဆံုးေနသူတစ္ဦးအား မတ္လ (၃၀)ရက္ေန႔ ေန႔လယ္က ေတြ႔ရိွရသျဖင့္ ေသဆံုးမႈႏွင့္ပတ္သက္၍ ရဲတပ္ဖြဲ႕က စစ္ေဆးေနေၾကာင္း သိရသည္။

ဆိုင္ကယ္တစ္စီး တိမ္းေမွာက္ေနေၾကာင္း ေန႔လယ္ (၃)နာရီဝန္းက်င္တြင္ သတင္းအရ တာခ်ီလိတ္ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ ရဲအုပ္ေနထြဏ္းလင္းႏွင့္အဖြဲ႕က သက္ေသမ်ားျဖင့္ သြားေရာက္ စစ္ေဆးရာ ဘုန္းႀကီးေက်ာင္းဝင္းအတြင္း ကြန္ကရစ္လမ္းကုန္းအဆင္း ကြန္ကရစ္လမ္းႏွင့္ ေျမသားလမ္းအစပ္၊ လမ္းေဘးဝဲဘက္ျခမ္းမွ မယ္စလီပင္အား ဝင္တုိက္မိထားၿပီး လဲက်ေနသည့္ ဆိုင္ကယ္အနီးတြင္ စိုင္းအြန္ဆိုသူမွာ ေသဆံုးေနသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

အေလာင္းအား တာခ်ီလိတ္နာေရးကူညီမႈအသင္းက ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားၿပီး၊  ဆိုင္ကယ္ တိုက္မိျခင္း ဟုတ္မဟုတ္ကို ရဲတပ္ဖြဲ႕က စစ္ေဆးေနေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တုိက္မႈအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္ (ပ) ၁၀/၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၀၄ (က)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝမ်လုံးအုပ်စု၊ ပုံလို့ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ လမ်းဝဲဘက်ခြမ်းတွင် ဆိုင်ကယ်တစ်စီးတိမ်းမှောက်ပြီး သေဆုံးနေသူတစ်ဦးအား မတ်လ (၃၀)ရက်နေ့ နေ့လယ်က တွေ့ရှိရသဖြင့် သေဆုံးမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။

ဆိုင်ကယ်တစ်စီး တိမ်းမှောက်နေကြောင်း နေ့လယ် (၃)နာရီဝန်းကျင်တွင် သတင်းအရ တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်နေထွဏ်းလင်းနှင့်အဖွဲ့က သက်သေများဖြင့် သွားရောက် စစ်ဆေးရာ ဘုန်းကြီးကျောင်းဝင်းအတွင်း ကွန်ကရစ်လမ်းကုန်းအဆင်း ကွန်ကရစ်လမ်းနှင့် မြေသားလမ်းအစပ်၊ လမ်းဘေးဝဲဘက်ခြမ်းမှ မယ်စလီပင်အား ဝင်တိုက်မိထားပြီး လဲကျနေသည့် ဆိုင်ကယ်အနီးတွင် စိုင်းအွန်ဆိုသူမှာ သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းက ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး၊ ဆိုင်ကယ် တိုက်မိခြင်း ဟုတ်မဟုတ်ကို ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုအား တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ် (ပ) ၁၀/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄ (က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~