တာချီလိတ်၌ ရွှေတူးဖော်ရာတွင် အသုံးပြုပြီး တရားမ၀င် သယ်ဆောင်လာသည့် ဆိုဒီယမ်ဆိုက်ရာနိုက်များ ဖမ်းဆီးရမိ

တာချီလိတ်၌ ရွှေတူးဖော်ရာတွင် အသုံးပြုပြီး တရားမ၀င် သယ်ဆောင်လာသည့် ဆိုဒီယမ်ဆိုက်ရာနိုက်များ ဖမ်းဆီးရမိ
မတျ 25, 2018
By Tachileik News Agency


မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)၀င်များ၊ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ အဆိုပါ လမ်းတွင် ၂၀၁၈ခုနှစ် မတ်လ(၂၅)ရက်နေ့ နံနက်(၇)နာရီခွဲဝန်းကျင်အချိန်က တာချီလိတ်မှ မယ်ယန်းဘက်သို့ စိုင်းနော်ခမ်း မောင်းနှင်ပြီး အိုက်နွန် လိုက်ပါလာသည့် အီတန်(၆)ဘီးအမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။


ဆိုဒီယမ်ဆိုက်ရာနိုက်( Sodium Cyanide )များ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ အဆိုပါ ပစ္စည်းများအား တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်နေ ဒေါ်စန်းစန်းယဉ်နှင့် ရန်ထွန်းမြင့်တို့က တာလေမြို့၊ နားယောင်းကျေးရွာ အုပ်စုအတွင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်းခွင်သို့ ပို့ဆောင်ခိုင်းခြင်း ဖြစ်ကြောင်း သိရှိရသည့် အတွက် ယာဉ်မောင်း စိုင်းနော်ခမ်း၏ ဖုန်းဖြင့် ၎င်းတို့ နှစ်ဦးအား ဆက်သွယ်ရာ ရန်ထွန်းမြင့် ဆိုသူမှာ အဆိုပါနေ့၏ နံနက်(၇း၄၅)နာရီ ၀န်းကျင်တွင် ဆိုဒီယမ်ဆိုက်ရာနိုက်ဖမ်းဆီးရမိသည့် နေရာသို့ ရောက်ရှိလာခဲ့ပြီး၊ ဒေါ်စန်းစန်းယဉ်မှာ နံနက်(၉)နာရီအချိန်တွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်ရုံးသို့ ရောက်ရှိလာသဖြင့် ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သိရသည်။


သတင်း - စိုင်းဇေယျာ
ဓါတ်ပုံ - ရဲတပ်ဖွဲ့



~~~~~~~~⊰❂ unicode ~~~~~~~~


ရွှေတူးဖော်ရေးလုပ်ငန်းတွင် အသုံးပြုသည့် ဆိုဒီယမ်ဆိုက်ရာနိုက်များအား တာချီလိတ်မြို့ မယ်ဟုတ်ရွာရှိ တာချီလိတ် - ကျိုင်းတုံသွားလမ်း ကားလမ်းတွင် အီတန်(၆)ဘီးယာဉ်ပေါ်မှ ကီလိုပေါင်း(၃၀၀၀)ဝန်းကျင်အား တရားမဝင် သယ်ဆောင်လာသူနှင့်အတူ ပို့ဆောင်ခိုင်းသူ (၄)ဦးတို့အား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ဝင်များ၊ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ အဆိုပါ လမ်းတွင် ၂၀၁၈ခုနှစ် မတ်လ(၂၅)ရက်နေ့ နံနက်(၇)နာရီခွဲဝန်းကျင်အချိန်က တာချီလိတ်မှ မယ်ယန်းဘက်သို့ စိုင်းနော်ခမ်း မောင်းနှင်ပြီး အို်က်နွန် လိုက်ပါလာသည့် အီတန်(၆)ဘီးအမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ ရှာဖွေမှုများ ပြုလုပ်ရာတွင် ယာဉ်နောက်ခန်း၌ မိုးကာဖြင့် အုပ်ထားပြီး အနက်ရောင်သံပုံးများဖြင့် ထည့်ထားသပြီး ဆိုဒီယမ်ဆိုက်ရာနိုက်( Sodium Cyanide )အလေးချိန် (၅၀)ကီလိုစီ ပါသည့် ပုံး(၆၀)တို့အား တွေ့ရှိရာ ကီလို(၃၀၀၀)ဝန်းကျင်ရှိကြောင်း သိရသည်။

ဆိုဒီယမ်ဆိုက်ရာနိုက်( Sodium Cyanide )များ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ အဆိုပါ ပစ္စည်းများအား တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်နေ ဒေါ်စန်းစန်းယဉ်နှင့် ရန်ထွန်းမြင့်တို့က တာလမြေို့၊ နားယောင်းကျေးရွာ အုပ်စုအတွင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်းခွင်သို့ ပို့ဆောင်ခိုင်းခြင်း ဖြစ်ကြောင်း သိရှိရသည့် အတွက် ယာဉ်မောင်း စိုင်းနော်ခမ်း၏ ဖုန်းဖြင့်၎င်းတို့ နှစ်ဦးအား ဆက်သွယ်ရာ ရန်ထွန်းမြင့် ဆိုသူမှာ အဆိုပါနေ့၏ နံနက်(ရး၄၅)နာရီ ဝန်းကျင်တွင် ဆိုဒီယမ်ဆိုက်ရာနိုက်ဖမ်းဆီးရမိသည့် နေရာသို့ ရောက်ရှိလာခဲ့ပြီး၊ ဒေါ်စန်းစန်းယဉ်မှာ နံနက်(၉)နာရီအချိန်တွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်ရုံးသို့ ရောက်ရှိလာသဖြင့် ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သိရသည်။

ဆက်လက်၍ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေအရ ဗဟိုဦးစီးအဖွဲ့က တားမြစ်ပိတ်ပင်ထားသည့် ဆိုဒီယမ်ဆိုက်ရာနိုက်များအား မှတ်ပုံတင်ထားခြင်း မရှိဘဲ တရားမဝင် သယ်ဆောင်သည့်၎င်းတို့ (၄)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၈၅/၂၀၁၈၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၃၇နှင့်၃၈တို့အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း ရဲတပ်ဖွဲ့ထံက သိရှိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~