ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် အဖွဲ့မှ မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား(၁)သို့ သွားရောက်ကြည့်ရှု

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် အဖွဲ့မှ မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား(၁)သို့ သွားရောက်ကြည့်ရှု
မတျ 16, 2018
By Tachileik News Agency




ဓါတ်ပုံ - #ဇောင်းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားသို့ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် အဖွဲ့သည် ၂၀၁၈ခုနှစ် မတ်လ(၁၆)ရက်နေ့ နံနက်(၉)နာရီခွဲကျော်က သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား တာချီလိတ်သည် အဓိကအားဖြင့် နေ့စဉ် နိုင်ငံခြားခရီးသွားများနှင့် ဒေသတွင်းနေ ပြည်သူများ ဝင်ထွက်သွားလာနေသည့် နယ်စပ်ထွက်ပေါက်တစ်ခုဖြစ်ရာ အဆိုပါ တံတား၏ အခြေအနေများအား နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် အဖွဲ့မှ သွားရောက် ကြည့်ရှုခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် အဖွဲ့၏ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ခရီးစဉ်တစ်လျှောက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ အပါအဝင် တာဝန်ရှိသူများမှ လိုက်ပါလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~